Unicode
နောက်ထပ်မနက်ခင်းတစ်ခုမှာ Baekhyun ပျင်းရိစွာ နိုးထလာရပြန်သည်။ အဖြူရောင် ကောင်းကင်ကြီး အရောင်ပြောင်းသွားမယ့်အချိန်ထိ တစ်နေကုန် လက်လျားလက်လျားလုပ်ရဦးမယ့် နောက်တစ်ရက်ပေါ့။
ကိုယ်လုပ်နေကြ မနက်ခင်း Routine တွေလုပ်ပြီးတာနဲ့ ပြင်သစ်စာသင်တန်းသွားတက်ရန် စတင်ပြင်ဆင်လိုက်သည်။ အဝတ်ဗီရိုနှစ်လုံးစာအပြည့်ဖြစ်နေသော သူ့အကျီအဝတ်အစားတွေထဲမှ တီရှပ်အဖြူလေးတစ်ထည်နဲ့ အပြာရောင်ဂျင်းပန်လေးတစ်ထည်ကို ရွေးချယ်လိုက်၏။ ဘောင်းဘီငုံ့လျိုတိုင်း ပုခုံးသားပေါ်ကနေ ကျကျလာတတ်တဲ့
ဆံနွယ်ရှည်ရှည်လေးတွေကို ထိန်းဖို့ ခေါင်းစည်းကွင်းအပျော့လေးဖြင့် အရင်ချည်နှောင်ထားရသေးသည်။ထို့နောက် အပေါ်ကနေ တစ်ထပ် ထပ်ဝတ်ဖို့ ဂျင်းအနွေးထည်ထူထူ တစ်ထည်ထပ်ထုတ်ကာ ကုတင်ပေါ်ဖြန့်လွှားထားလိုက်ပြီး မှန်တင်ခုံရှေ့ နေရာဝင်ယူလိုက်သည်။ ဆံပင်ကို လျော့လျော့ရဲရဲစီးထားတာကြောင့် နားရွက်နှစ်ဖက်ကို ဖောင်းဖောင်းပွပွလေးအုပ်နေသည့် ဆံပင်များအား နားအနောက်သပ်ထည့်လိုက်ပြီး လိမ်းနေကြပုံစံအတိုင်းလေး လိမ်းခြယ်ဖို့ တစ်ဆင့်ချင်းစတင်လိုက်တော့သည်။
မှန်တင်ခုံဆိုပေမယ့် သူ့မှာ မိန်းကလေးတစ်ယောက်လို အစုံအလင်အပွအထတော့မရှိ။ ယောက်ျားလေးသုံး Roll-on, Spray, Perfume,.. တို့နဲ့ ယောက်ျားလေးတွေလိမ်းတဲ့ Make Up step အတွက်လိုအပ်သည့်အရာများကိုဝယ်တင်ထားတာသာရှိသည်။ ဘေးဖက်အံဆွဲထဲတွင်တော့ လက်ဆောင်ရထားသည့် နှုတ်ခမ်းနီဘူးလေးတွေရှိ၏။ မိန်းကလေးထင်ပြီး ပေးခံထားရတဲ့ နှုတ်ခမ်းနီတွေပဲဆိုပါတော့၊ ဆိုးဖြစ်တယ်ရယ်တော့မဟုတ်ပေမယ့် Baekhyun ပစ်ထားတယ်ရယ်လည်းမဟုတ်ပေ၊ စိတ်ပေါက်လာရင်တော့ မျက်နှာမှာလျှောက်ခြယ်ပစ်လိုက်တာပဲ။
ငါးမိနစ်လောက်နေတော့ မနက်ခင်း အိပ်ချင်မူးတူးပြောင်တောင်တောင်ဖြစ်နေသည့် သူ့မျက်နှာပေါ်ဝယ် လိမ်းထားတာမသိသာဘဲ လှနေသော ပြင်ဆင်မှုများ ပြည့်စုံသွားသည်။
ထို့နောက် တစ်နှစ်တိတိ မညှပ်ဘဲ ပုံသွင်းတာပဲလုပ်ခဲ့သည့် ဆံပင်အရှည်လေးများကို ဖြည်ချလိုက်ပြီး ခေါင်းဖြီးနှင့် သေချာဖြီးသင်လိုက်သည်။ ယောက်ျားလေးတွေ ဆံရှည်ထားတာ ခေတ်စားပေမယ့် သူကတော့ တော်တော်များများလို Rock and Roll style ကြောင့်မဟုတ်ပေ။ မညှပ်ချင်၍သာ အရှည်ထားတာဖြစ်ပြီး ဒီတိုင်းလေးလည်း ကြည့်လို့လှတာကြောင့် ထွေထွေထူးထူးတွေးမနေတော့တာသာ။
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfiction• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23