Unicode
စနေနေ့ညတစ်ညလုံး အိမ်ကပျောက်သွားသည့်အပြင် Sunday အိမ်ထောင်ဖက်တွေ့ရမယ့်အချိန်ကိုပါ နောက်ကျမှရောက်လာတာကြောင့် Park YoungJin တစ်ယောက် သားဖြစ်သူကို အိမ်ဝမှဆီးကြိုကာ ဟောက်တော့သည်။ တစ်မိုးအောက် Park Chanyeol ကို လေသံမာမာနဲ့စီးမိုးပြောလို့ရတာ အဖေလုပ်သူပဲရှိသော်ငြား ခါးကြီးထောက်လျက် မျက်မှောင်တွေကုပ်နေသောအဖေ့ကို Chanyeol ကတော့ရယ်ချင်တာပဲသိ၏။
" တစ်ညလုံးဘယ်တွေသွားနေတာတုန်း အထဲမှာ Soyeon ရောက်နေပြီ "
" ကျွန်တော်မတွေ့ချင်ဘူးလို့ပြောထားပြီးသားပဲအဖေရာ "
" ငါလည်းမင်းတွေ့ချင်ချင်မတွေ့ချင်ချင် ခေါ်မှာပဲလို့ပြောပြီးသားလေ ဟဲ့ရောင် သွားမြန်မြန် "
အဖေကဇွတ်ပြောနေတာမို့ Chanyeol ကျစ်စုတ်ကာ ဧည့်ခန်းထဲဝင်သွားလိုက်ရတော့သည်။
သူဝင်လာတာမြင်တော့ ဆိုဖာဆက်တီပေါ်မှာ ဖုန်းထိုင်သုံးနေတဲ့ Lee Soyeon အမည်ရှိ အမျိုးသမီးငယ်ငယ်လေးက ချက်ချင်းပြုံးပြီး နှုတ်ဆက်လာ၏။
" Chan လာပြီလား "
" အော...နည်းနည်းနောက်ကျသွားတာ တောင်းပန်ပါတယ်နော် "
" အာ ရပါတယ် ခုသွားတော့မလား "
" ကိုယ်ခဏအဝတ်အစားလေးလဲဦးမယ်လေ ရမလား "
" အော် ရပါတယ် သွားလေ ကျွန်မစောင့်နေမယ်နော် "
သေးသွယ်တဲ့မျက်နှာကျနဲ့ လူကောင်သေးလွန်းသော Soyeon က Chanyeol အကြိုက်လုံးဝမဟုတ်ပေ။ စကားပြောချိုသာပြီး ယဥ်ကျေးသိမ်မွေ့တဲ့ ယောက္ခမတွေအကြိုက်ဖြစ်သော်ငြားလည်း ကိုယ့်အကြိုက်တော့ လုံးဝမဟုတ်တာသေချာသည်။ Chanyeol က ကောင်လေးဆို သေးသေးညှက်ညှက် Baby type မျိုးလေးတွေကိုသဘောကျတာပေမယ့် ကောင်မလေးတွေကတော့ ကိုယ်နဲ့မတိမ်းမရိမ်း Lady type မျိုးကိုသာ စိတ်ထဲတွေ့တာဖြစ်၏။ သို့သော် အခုချိန်မှာတော့ လက်ရှိချစ်သူလေးကလွဲရင် ဘယ်သူ့မှသဘောမကျနိုင်သေးပါ။
ကုမ္ပဏီလက်လွှဲတာ ဒီတိုင်းလွှဲလည်းရတာကို အိမ်ထောင်လေးနဲ့မှ CEO ခန့်ခန့်ကြီးဖြစ်မှာဆိုပြီး ဇွတ်မိန်းမယူခိုင်းနေသော အဖေဖြစ်သူကြောင့် Chanyeol လည်း ခေါင်းတွေကိုက်လှပြီဖြစ်သည်။
![](https://img.wattpad.com/cover/346735612-288-k860319.jpg)
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfic• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23