WARNING ‼️
WARNING ‼️
WARNING ‼️
___________Unicode
မျက်နှာပေါ်ကလက်သေးသေးလေးတွေရဲ့အထိတွေ့ကြောင့် Chanyeol နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ တလှုပ်လှုပ်နိုးလာသည်။ ဝမ်းဗိုက်ပေါ်မှာခွထိုင်နေတဲ့ကိုယ်လုံးသေးသေးလေးကိုသတိပြုမိမှပဲ မျက်လုံးကိုလာစူးနေတဲ့နေရောင်ခြည်နွေးနွေးကနေခေါင်းရှောင်ရင်း ကိုယ်ပေါ်ကအကောင်ပေါက်မလေးကို လက်မောင်းအိုးအကြီးကြီးကြားထဲလှဲသိပ်ထည့်ကာ ကလိထိုးပေးလိုက်၏။ Augustine ရဲ့တစ်ခစ်ခစ်အော်ရယ်နေသံက နားထဲထိစူးနေအောင်ပဲ....ဘယ်သူ့သမီးမို့လို့လဲမေးစရာတောင်မလို။
"အားးး!!!!"
"မီးမီး အားးအားးး ဖေ့နားတွေကန်းတော့မှာပဲကွာ"ရုန်းကန်ကော့ထိုးနေတဲ့သမီးက Chanyeol လည်ပင်းကို လက်သေးသေးလေးတွေနဲ့ပြန်သိုင်းဖက်ဆွဲလှဲပြီး ပျော်ရွှင်မြူးတူးအော်နေတော့ နားရွက်နဲ့တည့်တည့်ကျနေတဲ့ပါးစပ်ပေါက်လေးက Chanyeol ကို နိုးနိုးချင်းပင် လိပ်ပြာလွင့်စေမတတ်။ သားယောက်ျားလေး အိမ်မှာမရှိသေးလို့သာတော်တော့သည်။ ဒီသမီးတစ်ယောက်နဲ့တင် လုံးထွေးဆော့ကစားရင် အသက်ရှူပေါက်မနည်းရှာယူနေရ၍။
"Augustine... breakfast on the table~"
"I'm coming papa...အားးးဟားဟားဟားး"
ကလေးအတွက် မုန့်ပွဲလေးပြင်ပေးပြီးနောက် Baekhyun အသံပေါင်းစုံထွက်နေသောအိပ်ခန်းဆီ လျှောက်လာခဲ့သည်။ ပွင့်နေသောအခန်းတံခါးရဲ့နောက် ကုတင်ပေါ်မှာတော့ အိပ်ယာခင်းတွေတွန့်ကြေနေအောင် လုံးထွေးဆော့ကစားနေသောသားအဖကိုတွေ့ရ၏။
"ဆော့မနေကြနဲ့ ခေါင်းအုံးတွေအောက်ပြုတ်ကျရင် လူကြီးရော ကလေးရောရိုက်မယ်နော်"
ပြောရင်း အခန်းထဲရှိ လိုက်ကာတွေအားလုံးကို ကြိုးဆွဲတင်လိုက်တော့ မနက်ခင်းရဲ့အလင်းဓာတ်တွေဟာ အခန်းထဲကိုရာနှုန်းပြည့်ဖြာကျလာသည်။
"အမ်းးအမ်းးး မုန့်စားတော့မယ် မုန့်စားတော့မယ်"
ကုတင်ပေါ်မှာဖက်ဖက်မောအောင်ဆော့ပြီးမှ Hanna ဟာ မြန်မြန်ပြေးဆင်းပြီး ကလိထိုးနေတဲ့ဖေကြီးဆီမှ လွတ်ရာကျွတ်ရာသို့ ပြေးထွက်သွားတော့သည်။ နိုးနိုးချင်း သမီးနဲ့လုံးထွေးဆော့ကစားလိုက်ရ၍ ကုတင်ပေါ်မှာ တစောင်းကြီး ပိုးလို့ပက်လက်ဖြစ်ကျန်ခဲ့တဲ့ Chanyeol ကတော့ အခန်းထဲမှာဟိုလျှောက်ဒီလျှောက်သွားနေတဲ့မက်မွန်ရောင်ဆံပင်နဲ့ လူသားမက်မွန်သီးလေးနောက်သို့ မျက်လုံးတပ်ကြပ်မကွာလိုက်ကြည့်နေရင်း။
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfic• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23