Episode - 11

2.2K 178 31
                                    

Unicode

New York မြို့ကို ပြောင်းရွှေ့နေထိုင်ရတဲ့ အဓိကအကြောင်းပြချက်ကတော့ Baekhyun ကိုယ့်ဘဝကိုယ်စတင်ဖန်တီးလိုက်ဖို့ပဲဖြစ်၏။

American ကို ဆိုက်ရောက်ချင်းချင်း နိုင်ငံခြားသားမိတ်တချို့က ကိုကို့ကို လာကြိုပြီး Baekhyun ကိုပါ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြသည်။ ကိုကိုက Baekhyun ကို သူ့တစ်သက်လုံး ညအိပ်ရာဝင်တိုင်းဆုတောင်းလာခဲ့ရတဲ့ ဆုလာဘ်လေးတစ်ခုလိုမျိုး သူ့မိတ်ဆွေတွေကို ဝမ်းပန်းတသာ ပျော်ပျော်ရွှင်ရွှင်နဲ့ကို မိတ်ဆက်ပေးခဲ့တာ။

Instagram က ဓာတ်ပုံအချို့ကြောင့် Baekhyun တို့ဆက်ဆံရေးကို သိထားပြီးတဲ့ မိတ်ဆွေတွေက ကိုကို့ကို "မင်္ဂလာဆောင်ဖိတ်ဖို့" အကြိမ်ကြိမ်ပြောလျက် စနောက်နေကြပြီး Baekhyun ကိုလည်း မိသားစုဝင်အသစ်တစ်ယောက်လို ကြိုဆိုခဲ့ကြ၏။

မင်္ဂလာဆောင်ဖိတ်ဖို့လို့ပြောလိုက်တော့ အရမ်းအံ့သြသွားကြမလားမသိဘူး။

_________________________________

NewYork ကိုစရောက်တဲ့ ပထမအပတ်အတွင်းမှာတော့ Baekhyun နဲ့အတူ ကိုကိုရော ရှိနေခဲ့ပြီး လုပ်စရာကိစ္စရှိသည့် ဆေးရုံကြီးဆီ အရင်ခရီးမဆိုက်ဘဲ နေရာစုံအောင်လျှောက်လည်ဖြစ်ကြသည်။

ကိုကို့မှာ နိုင်ငံခြားသားမိတ်တွေ အမှန်တကယ်ပေါပြီး NewYork မှာတင် Restaurant တွေအတူလိုက်စားရင်း တွေ့ဆုံခဲ့ရတာ လေး၊ငါး၊ဆယ်ယောက်ပင်။ နိုင်ငံခြားခရီးစဥ်ဆိုရင် အလုပ်ကိစ္စနဲ့ပဲအလာများတဲ့ ကိုကို့ကို အားလုံးက ဝမ်းသာစရာသတင်းတစ်ခုခုများရှိလို့လားဟု မေးကြပြီး သူတို့သူငယ်ချင်းတွေအချင်းချင်းကြားခဲ့တဲ့သတင်းစကားတစ်ခုကို ကိုကို့ဆီမှာ အတည်ပြုဖို့ကြိုးစားကြ၏။

ကိုကိုက စိန်ပွင့်လေးလက်နေတဲ့ လက်တစ်ဖက်ကို လက်ချောင်းချင်းထပ်တူကျအောင် သေချာဆုပ်ကိုင်ကာ လက်ခုံလေးကိုနမ်းပစ်လိုက်ချိန်မှာတော့ သူငယ်ချင်းတွေအားလုံး အဖြေတိုက်တာ မှန်သွား၍ ရှန်ပိန်ခွက်တွေ တချွင်ချွင်မြည်အောင် တိုက်ပေးကြတော့သည်။

ကိုကို့ကို အဖြေပေးလိုက်တဲ့နေ့က November 25 ရက်ဖြစ်ပြီး နှစ်ရက်နေတာနဲ့ အသက် (34) နှစ်ပြည့်ခဲ့တဲ့ ချစ်ရည်းစားရဲ့ မွေးနေ့မှာကတည်းက Baekhyun စကားတစ်ခွန်း လက်ခံခဲ့ရတာဖြစ်၏။

Paradis sur terre「 ChanBaek 」Where stories live. Discover now