EXTRA- THREE

1K 76 5
                                    

Unicode

သမီးငယ် ကျောင်းမှာ မတော်တဆခိုက်မိမှုဖြစ်တယ်ဆိုပြီး နေ့လည်ကတည်းက ဖုန်းရပေမယ့် အလုပ်ထဲကထွက်လာလို့ ဘယ်လိုမှမရတာကြောင့် Chanyeol အိမ်အပြန်လမ်းကိုပဲ စိတ်လောကိုယ်လောဖြင့် တရကြမ်းမောင်းနှင်လာခဲ့ရသည်။ Baekhyun ဆီက ဖုန်းရစဉ် ဖုန်းလှိုင်းထဲကအသံလေးမှာ ဒေါသံမောသံအပြည့်နှင့်မို့ ကျောင်းကိုလိုက်သွားတယ်ဆိုတော့ လက်လွန်မိမှာစိုးသွားရသေး၏။ အိမ်မှာဘာတွေများဖြစ်နေပြီလဲစိုးထိတ်စွာဖြင့် ဆင်ဝင်အောက် ကားမြန်မြန်ထိုးပြီးတာနဲ့ အလုပ်အိတ်တွေသယ်ကာ အိမ်ထဲအလျင်စလိုပြေးဝင်လာခဲ့သည်။

"Hyun... သည်းငယ်"

တိတ်ဆိတ်နေတဲ့အိမ်အောက်ထပ်က ကြိုဆိုသူကင်းမဲ့နေ၍ လည်ပင်းမှာတင်းကြပ်နေတဲ့ နက်ခ်တိုင်ကို ခပ်ကြမ်းကြမ်းဆွဲဖြုတ်ရင်း အိမ်အပေါ်ထပ်ကို ထပ်တက်လာခဲ့တော့မှ ဒုတိယထပ်ဧည့်ခန်းမျက်နှာစာမှာ ခေါင်းငိုက်ထိုင်နေသည့် Baekhyunee ကိုရှာတွေ့တော့၏။ ဒူးနှစ်ချောင်းခွဲထိုင်ကာ ခေါင်းငိုက်စိုက်ကျနေသည့်မျက်နှာလေး တဖြေးဖြေးမော့လာတော့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ နှုတ်ခမ်းပိစိလေးကပါ နီရဲအိတုန်နေရှာသည်။

"သည်းငယ် ဘာလို့ငိုနေတာလဲ"

Chanyeol လက်ထဲကအလုပ်အိတ်ကိုတစ်ခါထဲပစ်ချကာ ကောင်လေးအနား ခပ်သွက်သွက်လျှောက်သွားပြီး ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲထည့်ဖက်ထားလိုက်၏။ ဦးခေါင်းလေးကို တဖွဖွ ပွတ်သပ်ရင်း ကလေးချော့သလိုချော့နေမိတာ ရင်တွေလည်းပူလို့ပါပဲ။ သည်းငယ်က အမြဲတမ်း အစ်ကို့ကလေးလေးပဲမဟုတ်လား...။ သစ္စာကတိတွေအထပ်ထပ်နဲ့ လက်ထပ်ယူပေးဖို့ ကိုယ့်ဘက်ကစတောင်းဆိုခဲ့လို့ Ivy ကဘဝတစ်ခုလုံးပုံပေးထားခဲ့တာ ... သည်းသည်းရဲ့ အရယ်ရော အငိုရော အားလုံးမှာကိုယ်ကပဲတာဝန်ရှိပါတယ်။

"မငိုပါနဲ့ကွာ ပြော ဘာဖြစ်လို့လဲ ကိုကို့ကိုပြောလေသည်းငယ် ကိုကိုဘာလုပ်ပေးရမလဲ၊ သမီးရော... မီးငယ် ဘာဖြစ်သွားသေးလဲ"

"ဟင့်အင်း"

အချော့ခံရတဲ့ကလေး ပိုငိုတယ်ဆိုသလို ကိုကိုချော့လေ Baekhyun ပိုငိုချင်လေဖြစ်ပြီး ကိုကို့လည်တိုင်ကိုသိုင်းဖက်လို့ အတင်းမျက်နှာထိုးဝှက်ရင်း ကလေးတစ်ယောက်လိုသာ တိုးဝေ့ငိုမိတော့သည်။ တကယ်ပဲ စိတ်မကောင်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ၊ မွေးကတည်းက အနာတရမဖြစ်အောင် အရိပ်တကြည့်ကြည့် စောင့်ရှောက်လာတဲ့သမီးဦးလေးပါဆိုမှ သမီးဘဝရဲ့ပထမဆုံးအတွေ့အကြုံတွေစတင်လာချိန်မှာ အနာတရသေးသေးလေးနဲ့တောင် သူ့မှာရင်ကွဲနေရသည်။ ထိုမှတဆင့် ရှေ့လျှောက်ဘာတွေဖြစ်ဦးမလဲမသိနိုင်တဲ့လောကဓံတရားကိုပါတွေးမိရင်း ကိုယ့်ကလေးလေးနှစ်ယောက်အတွက် များစွာစိုးရိမ်ပူပန်ရ၏။

Paradis sur terre「 ChanBaek 」Where stories live. Discover now