Unicode
ညဘက်လိင်ဆက်ဆံပြီးပြီဆိုရင် နောက်နေ့မနက်ကစလို့ တစ်နေကုန် အညောင်းအညာပြေ လန်းဆန်းနေတာလဲ ဘယ်ကစတဲ့သဘာဝဓာတ်ရယ်မသိဘူး၊ အရှက်ကဲတဲ့တစ်ကိုယ်တည်းသမားတွေကို တော်တော်တော့ မခန့်လေးစားလုပ်တဲ့ကျန်းမာရေးထွက်ပေါက်လို့ပြောရမလား တစ်ကြိမ်တစ်ခေါက်ထဲပြီးသွားရင်တောင်နေလို့ထိုင်လို့ကောင်းနေရောပဲ။ အဲ့ဒီကျန်းမာရေးဆောင်းပါးကိုလက်ခံပေမယ့်လည်း ညကနည်းနည်းလွန်သွားလို့ ခါးကိုက်နေတာတော့ Baekhyun အတွက် သိပ်ပျော်စရာမကောင်းချင်တော့ပေ။
အိပ်မှုန်စုံဖွားနိုးလာကတည်းက တဆစ်ဆစ်နဲ့နာလိုက်တဲ့ခါး မနက်စာစားဖို့နွားနို့ရပ်ငှဲ့ရင်းတောင် မှုန်ကုပ်ကုပ်ဖြင့် ကျန်တဲ့လက်နဲ့ဖိနှိပ်နေရသည်။ သူများခါးလေးမှသေးပါတယ်ဆို လက်နှစ်ဖက်နဲ့ ဂျုံဖုတ်သလိုဆွဲဖုတ်ထားတဲ့တရားခံက ဘာမှန်းမသိပေမယ့် စားပွဲမှာ မနက်စာမုန့်ထိုင်စားနေတဲ့သမီးကတော့ သတိထားမိသည်။
"Papa နေမကောင်းဘူးလား"
"ဟမ်"
"ခါးနာလို့လား"
"မဟုတ်ပါဘူး...ကောင်းပါတယ်"
သားသားအတွက် အာဟာရဖျော်ပြီး ကျွေးဖို့ရာ နေရာယူထိုင်လိုက်တော့မှ နိုင်ငံတော်ပိတ်ရက်ကြီးကို နေ့တစ်ပိုင်းရုံးသွားတက်ရမယ့်လူဟာ စကားစလာတော့သည်။
"နာနေတာလား"
မုန့်ပန်းကန်လေးကို ကလေးသုံးဇွန်းလှလှလေးနဲ့မွှေရင်း Baekhyun အရိပ်အကဲမသိတဲ့ကို့ကိုကို မျက်လုံးပြူးအံကိုက်ပြလိုက်သည်။ ထိုအခါမှသာ တရားခံဟာ ချောင်းတဟန့်ဟန့်ဖြင့် သူ့အပြစ်သူသိပြီး စကားပြင်ပြော၏။
"အဟမ်း စားပြီးရင်လိမ်းဆေးလူးပေးမယ်လေ"
"အွန်း"
ကလေးရှေ့မှာ စကားများများမပြောချင်တာကြောင့် Baekhyun သားသားကိုပဲ မုန့်ဆက်ခွံ့နေလိုက်သည်။ ကိုကိုကလည်း တစ်မိနစ်လောက်ထိုင်စားပြီးတာနဲ့ ပြီးစီးသွားဟန် စားပွဲကထသွားပြီး အိမ်ပေါ်ပြန်တက်သွားသည်။ စိတ်ဆိုးတာတော့မဟုတ်ပေမယ့် Baekhyun ကိုကို့နောက်ကျောပြင်ကြီးကို မျက်စောင်းတော့လှမ်းခဲလိုက်၏။ ဟုတ်တယ်လေ၊ သူကတော့ လူပျိုကတည်းက လတိုင်း Gym အဆော့မပြတ်ခဲ့သူမို့ သက်လုံအားကောင်းပြီး ကြံ့ခိုင်ပေမယ့်
အဲ့ဒီလက်အရိုးအဆစ်ကြီးတွေနဲ့ အတင်းညှစ်ကိုင်ခံရတဲ့ ကိုယ့်ခါးကတော့ ဖွတ်ဖွတ်ညက်ညက်ကြေဖို့ကလွဲမရှိ။
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfic• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23