Unicode
အမှတ်တရ Video ရိုက်ဖို့ကိုင်ထားသည့် ကင်မရာလေးကို ကုတင်ပေါ်ဝမ်းယားမှောက်အိပ်နေသော သည်းသည်းလေးဆီချိန်လိုက်ပြီး Chanyeol က "ပြုံးလေ" ဟု ပြောလိုက်သည်။
ကုတင်အသေးလေးပေါ် ဝမ်းယားမှောက်လှဲအိပ်နေသော Baekhyun ၏ အနောက်နားလေးမှာတော့ Tattoo စက်နှင့် ပစ္စည်းပစ္စယမျိုးစုံကို နေရာချနေသော အနောက်တိုင်းလူဖြူယောက်ျားတစ်ယောက်ရှိနေ၏။ Vlog တစ်ခုအဖြစ် အားလုံးကိုခြုံငုံပြီး အကုန်ပါအောင်ရိုက်ကူးနေသော Chanyeol မှာတစ်ဖက်ကနေလည်း Baekhyun ရှေ့ကခုံမှာထိုင်ပြီး လက်ကလေးကိုဆုပ်ကိုင် အားပေးနေသည်။
နှစ်ယောက်သား စတင်ခဲ့တဲ့ ဒီလိုရက်မှာ Baekhyun အလုပ်ချင်ဆုံးက Chanyeol နဲ့သက်ဆိုင်မယ့်အရာလေးတစ်ခုကို ခန္ဓာကိုယ်ပေါ်မှာ Tattoo ထိုးချင်တာပါတဲ့လေ။
ပုခုံးအောက်ဘက် ညာဘက်ကျောထောင့်လေးမှာ " CY's " ဆိုသောစာသားလေးကို မြွေတစ်ကောင်ပတ်နေသကဲ့သို့ပုံစံလေးထိုးမှာဖြစ်ပြီး ဒုတိယမြောက် Tattoo ဖြစ်တာကြောင့် Baekhyun အရမ်းစိတ်လှုပ်ရှားနေသည်။ သူ့ရဲ့ ပထမဆုံး Tattoo က တင်ပါးနဲ့နီးတဲ့ တင်ခါးစပ်နေရာမှာ လိပ်ပြာကလေးတွေ ညာဘက်သို့ ဦးတည်ပျံသန်းနေကြသည့်ပုံဖြစ်ကာ ထိုနေရာမှာ လိပ်ပြာအလတ်စားလေး ခြောက်ကောင်တောင်ရှိ၏။ သာမန်မမြင်ရနိုင်တဲ့နေရာဖြစ်ပေမယ့် ဂျင်းဘောင်းဘီခပ်လျှောလျှောနဲ့ ခါးတိုအင်္ကျီတွေဝတ်ရင်တော့ Baekhyun ခါးစပ်လေးနားက လိပ်ပြာလေးတစ်ကောင်၊ နှစ်ကောင်ကို လူတွေ ဖမ်းမိနိုင်လိမ့်မည်။
အပ်နဲ့ဖောက်ထွင်းမည့်အရေးကို ပထမအခေါက်က နည်းနည်းရင်တုန်ခဲ့ပေမယ့် အခုတော့ ချစ်သူက လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားပေးတာမို့ ကြောက်ရမှာထက် ပျော်တာကပိုနေသည်။
Baekhyun ရဲ့ ဒီဆန္ဒလေးအတွက် အပ်သန့်တဲ့ Tattoo ဆရာကိုရှာဖွေပေးခဲ့တာ Chanyeol ဖြစ်ပြီး ကုန်ကျစရိတ်ကလည်း Chanyeol အပိုင်းပဲဖြစ်သည်။ နိုင်ငံခြားမှာ Tattoo ထိုးစရိတ်ဘယ်လောက်ရှိမလဲ Baekhyun သိစရာမလို၊ ထိုးချင်လား မထိုးချင်ဘူးလားဆိုသည့် ဆုံးဖြတ်ချက်တစ်ခုသာ ချပေးရုံပင်။ သူဘာပြောပြော အကောင်းဆုံးဖန်တီးပေးမည့်လူတစ်ယောက်လုံးရှိသည်။
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfic• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23