Unicode
"come on, Ivy ... မင်းတကယ်စိတ်မဆိုးဘူးဆိုတာ ကိုယ်သိပါတယ်"
"ဘယ်လိုသိတာလဲ!!"
အပြင်ကပြန်လာအပြီး Baekhyun ကိုကို့ကိုအော်ပစ်လိုက်ကာ အပေါ်ဝတ် သိုးမွှေးကုတ်ကို ခပ်မြန်မြန်ချွတ်ချပြီး ဆိုဖာပေါ်ပစ်တင်လိုက်သည်။ အိမ်သော့တွေကိုသိမ်းသည့်စင်ကြီးနားသွားလိုက်၊ ဟိုနေရာ ဒီနေရာသွားပြီး လုပ်စရာရှိတာလုပ်လိုက်နဲ့ တစ်ယောက်ထဲနေဖို့လမ်းရှာနေတဲ့သူ့ကို ကိုကိုကတော့ ဇွဲမလျှော့ဘဲ သွားလေရာနောက် တစ်ကောက်ကောက်လိုက်နေ၏။
"ကိုကိုနဲ့သူက လမ်းခွဲပြီးကတည်းက အခင်မင်မပြတ်ခဲ့ရုံပါ သူအိမ်ထောင်ကွဲသွားလို့စိတ်မကောင်းဘူးလို့ ဟေး ဟေး ဖြေးဖြေးလျှောက်စမ်း ဘီဘီ, ဗိုက်ထဲက ခေါင်းအုံးမဟုတ်ဘူးနော်"
ရှိတဲ့ယောက်ျားကို စိတ်ကောက်နေတာကြောင့် မမြင်ချင်တဲ့မျက်နှာကိုရှောင်ဖို့ စူပုတ်ပုတ်နဲ့ တစ်တိုက်လုံးကို ကော့ပတ်ပတ်လျှောက်သွားနေတဲ့ Baekhyun တစ်ယောက် Chanyeol ပြောစကားကြောင့် သတင်းသစ်တစ်ခုကိုကြားလိုက်ရတဲ့လူတစ်ယောက်လို အံ့ဩမှုပေါင်းများစွာနဲ့မျက်နှာလုပ်ကာ...
"အိုမို အိုမို ဟုတ်သားပဲ ဒါခေါင်းအုံးမှမဟုတ်တာ ဒါဘာကြီးပါလိမ့် အိမ်ထောင်ကွဲတဲ့ရည်းစားဟောင်းတွေကို ကိုယ်ဖိရင်ဖိနှစ်သိမ့်ပေးတတ်တဲ့သူတစ်ယောက်ထည့်ထားတဲ့ လူသေးသေးလေးလေ!!"
အော်ချင်သလိုအော်ပြီးနောက် နီရဲတွတ်နေတဲ့စတော်ဘယ်ရီလုံးလေးဟာ Chanyeol အနားကနေ အိမ်ပေါ်ကို လိမ့်သွားပြန်သည်။
ပုံမှန်ဆို ဒီလိုလူမဟုတ်ပေမယ့် သားသားကြောင့်ရယ်လား၊ ဒီနေ့ကိစ္စကပဲ နည်းနည်းလွန်သွားလို့ရယ်လား Baekhyun ဟာ Chanyeol ကို စိတ်ဆိုးမာန်ဆိုးနဲ့ သောင်းကျန်းမပြီးဖြစ်နေသည်။Kylie က သူတို့တွဲတုန်းက တကယ်ကောင်းခဲ့တဲ့မိန်းကလေးဖြစ်သလို ဒီနှစ်အတောအတွင်းမှာလည်း အဆက်သွယ်မပြတ်ခဲ့တာမျိုးတော့မဟုတ်ပေမယ့် နေရာတကာသွားလာပေါင်းသင်းနေခဲ့တာမျိုးလည်းမဟုတ်ပေ။ ကိုယ်စီအိမ်ထောင်ကျပြီးကြပြီမို့ အတိတ်ကဘာမှမဟုတ်တော့ပေမယ့် ဒီနေ့ လမ်းမှာ အမှတ်မထင်တွေ့ဆုံကြတော့ Kylie ဟာ မနေ့ကမှ ပူပူနွေးနွေး အိမ်ထောင်ကွဲထားပြီး ကလေးနှစ်ယောက်နဲ့ အခက်ခဲတွေရင်ဆိုင်နေရကြောင်းပြောပြလာ၏။ California ကနေ ပြောင်းရွှေ့နေထိုင်ဖို့စဉ်းစားထားပြီး လက်တလော NewYork မှာတိုက်ခန်းငှားနေတယ်ဆိုတော့ စကားလက်စုံကျကြရင်း Chanyeol ဘက်ကလည်း ကူညီနိုင်တဲ့အဆက်စပ်တွေရှိတာမို့ Apartment ဝယ်ဖို့နဲ့ အလုပ်ရှာဖို့ကိစ္စတွေအတွက် ကူညီပေးမယ်လို့ပြောခဲ့သည်။ တစ်ခုလပ်အမျိူးသမီးတစ်ယောက်ရဲ့ အိမ်ထောင်ကွဲခါစအခြေအနေဟာ ဘယ်သူ့ကိုမဆို မှီခိုအားကိုးရာတစ်ခုအဖြစ် ဆွဲကိုင်ထားချင်တာဟာ အပြစ်မဟုတ်။ Chanyeol လိုလူမျိုးရှေ့မှာတော့ သူမအနေနဲ့ ယုံယုံကြည်ကြည်ပြိုလဲလို့ရတယ်ဟုခံစားရစေမှာပင်။ စားရင်းသောက်ရင်း သူမ ကြုံဆုံရတာတွေကို နားထောင်ပေးတဲ့လူတစ်ယောက်အဖြစ် ထိုင်နေခဲ့တာဟာ Baekhyun နဲ့ Yoga သင်တန်းတူတဲ့မိန်းမတစ်ယောက် မမြင်သွားခင်အထိပဲအဆင်ပြေခဲ့တယ်ဟုပြောရမည်။
![](https://img.wattpad.com/cover/346735612-288-k860319.jpg)
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfiction• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23