Unicode
" ကိုယ်အလုပ်ကိစ္စရှိလို့ Italy ကို တစ်ပတ်လောက်သွားရဦးမယ်၊ Sunday ခွင့်ယူဦးမယ်နော် သည်းသည်းလေး "
Message Text လေးကို ကြည့်ရင်း Baekhyun နှုတ်ခမ်းလေးကို လိန်ပိန်နေအောင် စူပစ်မိသည်။
အလုပ်များများစားစားမရှိတဲ့ကောင်လေးတွေတုန်းက အရမ်းအားသလောက် အလုပ်ရှိတဲ့ဘဲနဲ့တွဲတော့ကျလည်း အချိန်ကိုလုတောင်နေရသည်။
ကိုကိုလူတတ်ကြီးကတော့ "တန်ဖိုးဖြတ်မရတော့ မင်းကိုတင့်တောင်းဖို့ဆို ရှာနိုင်သမျှ တွန်းရှာထားရမယ်လေ" တဲ့၊ လူကို ဘယ်လောက်တောင်ကျရှုံးစေချင်နေတာလဲမသိဘူး။Jacket အဖြူဝတ်ပြီး စက်ဘီးတစ်စီးနဲ့ ဟန်မြစ်ဘေး ပတ်ဖို့ ထွက်ခဲ့တော့ ညစာစားချိန် ည (7) နာရီ။ အိမ်မှာဆို အန်တီလေးတို့ချက်တာကို စားတာ ရှားတော့ တစ်နေ့တစ်နေ့ ထမင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဝယ်စားဖြစ်သည်။ ဆွေမျိုးအရင်းချာတွေဖြစ်ပေမယ့် Baekhyun သည် အန်တီလေးသားတွေနဲ့ တစ်စားပွဲထဲထိုင်စားရမည်ကို သိပ်မလုပ်ချင်။
Paris မှာ ရိုက်လာခဲ့တဲ့ ပုံလှလှလေးတွေကို Instagram မှာ Upload ထားတော့ အိမ်ကလည်း Baekhyun ရဲ့ လက်ရှိရည်းစားက အရင်ကကောင်လေးတွေနဲ့ ဘာတွေမတူလဲ သိလောက်ပါသည်။ တွဲပြတ်တွေပဲ ဖြစ်ခဲ့တာကြောင့် လူတွေကတော့ ကိုကို့ကို Baekhyun ရဲ့ Next Mistake လို့ပဲထင်နေကြမှာပါ၊ Instagram မှာအချိန်ပေးထောက်လှမ်းလိုက်တာနဲ့ လူတစ်ယောက်ရဲ့ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတို့ကို Account တွေထဲဝင်ရင်းဝင်ရင်း ဆက်စပ်သိနိုင်တာမို့ Baekhyun ဘယ်လိုပဲမျက်နှာသေချာမပေါ်အောင်ရိုက်တင်ထားထား ရပ်ကွက်ထဲကမိတ်ဆွေသင်္ဂဟာတို့က 'chan' Account ထဲကို ဝင်ချည်ထွက်ချည် လုပ်ပြီးလောက်ပြီ။ ဒါ့ကြောင့်လည်း ပင်မင်းဆိုင်က အဒေါ်ကြီးက စကားလှမ်းလုပ်တာပေါ့ ... "သူဠေးနဲ့ယူပြီး အိမ်ပြောင်းကြတော့မလို့ဆို၊ Yejin ထီပေါက်တာပဲနော်၊ သူဌေးနဲ့ဆို ကောင်းစားတော့မယ် " တဲ့။ သူနဲ့စကားဘယ်နှခွန်းပြောဖူးလို့ လာစနေတာလဲတော့ မမှန်းတတ်ပေမယ့် မျက်လုံးပဲမှေးကြည့်ပေးခဲ့တယ်။
အလေနက်တောရပ်ကွက်မဟုတ်တာတောင် မဟုတ်မဟပ်၊ အပုတ်အပွတွေလျှောက်ပြောတဲ့လူတွေနဲ့ မလွတ်နိုင်ပြန်ဘူး။
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfiction• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23