Episode - 14

1.4K 149 38
                                    

Unicode

"Baekhyunee"

"အန်တီလေးကြောင့် ကျွန်တော်တော့ ဒီရပ်ကွက်ထဲမှာမျက်နှာပြန်လာပြဖို့တောင် အတော်လေးအားယူခဲ့ရတယ် ဟင်းးး"

Baekhyun ဟန်လေးပန်လေးပိုပိုသာသာထည့်ပြီး လက်ထဲက ဈေးကြီးကြီး branded မျက်မှန်အဝိုင်းလေးကိုလှည့်ကစားရင်း ဝမ်းနည်းဟန်ပြောလိုက်သည်။

အန်တီလေးကလည်း မိန်းမလည်ပါ။
သူဘာလုပ်နေတယ်၊ ဘာကိုဦးတည်နေတယ်ဆိုတာကို အကဲခက်နိုင်ပြီးသား။ ဘယ်လိုနေနေ ရွဲ့ချင်စောင်းချင်နေတဲ့ဆက်ဆံရေးမှာ ဆွေမျိုးလေး မဖြစ်စလောက်တော်နေတော့ရော ဘာထူးလို့လဲ။

"မတွေ့တာကြာတော့ ဘယ်လိုများရှိနေလဲလာကြည့်တာရယ်ပါ... နောက်ပြီး လက်ဆောင်လည်းပေးဖို့"

လက်ဆောင်ဆိုတဲ့နေရာမှာတော့ Yejin ရဲ့မျက်နှာက သိသိသာသာလင်းလာပါရဲ့။

"ဘာလက်ဆောင်လဲ"

"အိမ်"

သဘာဝအတိုင်းပန်းရောင်သန်းနေတဲ့ ဖူးဥဥ နှုတ်ခမ်းပါးလေးတွေကြားက တိုးထွက်လာတဲ့ စကားလေးတစ်လုံးက Yejin ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။

"အဟင်း...."

"........"

ရှေ့ကြည့်ကြည့် နောက်ကြည့်ကြည့် အနည်းငယ်စိတ်မသိုးမသန့်ဖြစ်နေတဲ့ဓာတ်ခံကြောင့် စကားသိပ်မပြောနိုင်တဲ့ အဒေါ်ဖြစ်သူကို ခပ်တည်တည်သာ လေးလေးနက်နက်ကြည့်နေသော Baekhyun ရဲ့ ကိုယ်ရောင်ကိုယ်ဝါကတော့ ဘာသာနေနေလျှင်တောင် ကျားတစ်ကောင်ပမာ။

"ဒါကရှေ့ပြေးလေးအရင်လာတွေ့တာပါ နောက်ရက်ကျရင် ရှေ့နေနဲ့တွေ့ပြီး ‌အိမ်ရော မြေပါ အန်တီလေးနာမည်ပေါက်နဲ့အပိုင်ပေးမှာမို့ ..... ဖုန်းနံပတ်"

ခြေချိတ်ထိုင်ပြီး ဒူးပေါ်ထပ်ထားတဲ့ သန်မာတဲ့ လက်တံရှည်တို့က ကြွေလိပ်ပြာဖြူသော့ချိတ်လေးပါတဲ့ ဖုန်းတစ်လုံး ကမ်းပေးလိုက်တော့ Yejin ကလည်း တခဏမျှစောင့်ဆိုင်းမနေဘဲ ဖုန်းနံပတ်ယူရိုက်ပေးလိုက်သည်။

သူတို့နှစ်ယောက်ရဲ့အခြေအနေမှာ အန်တီလေးနဲ့ တူလေးဆိုပြီး ဖက်ယက်နေလို့ပင် မကောင်းချေ။ ဒါကိုနှစ်ယောက်သားလည်း ကောင်းကောင်းသဘောပေါက်ထားချေပြီ။ ပါးစပ်က ခေါ်ပြောနေပေမယ့် လေထုကအေးစက်နေတာတော့ သတိမထားမိဘဲ မနေနိုင်။

Paradis sur terre「 ChanBaek 」Where stories live. Discover now