Unicode
ivy_bb | 61 posts |
56K followers | 0 followingChanyeol, Instagram Account လေးတစ်ခုကို ငြိမ်ကြည့်နေမိတာအတော်ကြာပြီဖြစ်သည်။
ဖရိုဖရဲဝဲကျနေသော ဆံပင်ရှည်တွေကြား လက်ချောင်းတွေထိုးထည့်ရင်း မှုန်ကုပ်ကုပ်ဖြင့် နှုတ်ခမ်းလေးစူပွထားပုံကို တည့်တည့်ရိုက်ထားသည့် Profile Picture လေးအား လက်မလေးဖြင့် အကြိမ်ကြိမ်ပွတ်သပ်ရင်း အနှီကောင်လေးအကြောင်း စဥ်းစားနေမိ၏။
မထင်မှတ်ထားဘဲ သူရှာနေသည့်လူသားလေးက ဒီကောင်လေးဆိုတာ ဘုရားသခင်က အတည်ပြုပေးခဲ့သည်။ ဒီကောင်လေး နောက်ဆုံးတင်ထားသည့် Post ဟာ သူရင်းနှီးခဲ့သည့် အနီရောင် Dress လေးနဲ့ Face Mask အနက်ရောင်လှလှလေးရဲ့ ဓာတ်ပုံတစ်ပုံဖြစ်နေသည်လေ။ " I got my red dress on tonight " ဆိုသည့် caption လေးသည် သူ့ရဲ့ စိတ်လှုပ်ရှားခြင်းတွေခိုအောင်းနေသည့်ဟန်အပြည့်။
Wall ထဲကပိုစ့်တွေကိုဆွဲကြည့်တော့ ကောင်လေးရဲ့ မျက်နှာအစိတ်အပိုင်းလေးတွေကို သေချာမြင်တွေ့ရသည့်၊ Camera ကိုအပေါ်တည့်တည့်ထောင်ရိုက်ထားသောပုံတိုင်းမှာ သူ့ရဲ့ မျက်ဝန်းထောင့်လေးတွေကစ ဖြူဝင်းမွတ်နေသော ပါးပြင်လေးတွေထိ ရှုစားခွင့်ရသည်။
ကောင်လေးက Fashionable ဖြစ်ပြီး ဝတ်စားပုံမှာလည်း ကိုယ်ပိုင်ဟန်ရှိကြောင်း Chanyeol သတိထားမိခဲ့သည်။အပြင်အဆင်၊ကိုယ်လက်လှုပ်ရှားဟန်နှင့် အနေအထိုင်တို့က သိပ်မိန်းမ မဆန်ပေမယ့် ရင်ညွန့်နားလောက်ထိရှည်လျားတဲ့ဆံနွယ်ရှည်ရှည်လေးတွေကတော့ Rocker ကြီးတစ်ယောက်လိုကြမ်းထော်နေတာမျိုးလည်းမဟုတ်၊ မိန်းကလေးတစ်ယောက်လို ပိတုန်းရောင်သန်းပျော့ဆင်းလွန်းနေတာလည်းမဟုတ်ဘဲ ကြည့်ရုံနှင့်ထိကိုင်ချင်စိတ်ဖြစ်ရသည်ထိ ဆွဲဆောင်မှုရှိစွာတစ်မျိုးလေး ကြည့်လှနေပြန်သည်။ ကောင်လေးရဲ့ မျက်နှာဓာတ်ပုံတစ်ခုမှာ မျက်နှာတစ်ဝက်ကို Chanyeol လက်ဖဝါးလေးဖြင့်အုပ်ကာရင်း ကျန်မျက်နှာတစ်ပိုင်းလေးကိုကြည့်ကြည့်လိုက်တော့ သူအနီးကပ်မြင်တွေ့ခဲ့ရသည့် အစိတ်အပိုင်းလေးတွေဟုတ်ကြောင်း ဒီခံစားချက်၊ဒီရင်ခုန်သံက စစ်မှန်စွာ အတည်ပြုပေး၏။
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfiction• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23