Unicode
Photoshoot လုပ်နေသံ တစ်ဖျက်ဖျက်ရဲ့နောက်မှာ မီးမောင်းတွေကို သင့်သလို လိုက်ချိန်ညှိနေတဲ့ အစ်ကိုတစ်ယောက်က အလုပ်ရှုပ်စွာ။
Pre-Wedding ပုံလှလှများကို အစွမ်းကုန် ဒိုင်ခံရိုက်ကူးပေးနေတဲ့ David ဆိုသော Photographer မှာ ပေးရတဲ့ဈေးကိုပင် အံ့သြဖို့မလိုလောက်အောင် Professional ဆန်ဆန် အလုပ်လုပ်လျှက်ရှိနေသည်။
ဓာတ်ပုံထဲမှာပါတာ နှစ်ယောက်ထဲပေမယ့် သူတို့နှစ်ယောက်ရဲ့ ဒီလို Pre-Wedding ပုံလှလှလေးတွေရလာဖို့ ပံ့ပိုးထားရတဲ့ Make-Up Artist တွေ၊ စိန်တိုက်တွေ၊ နာမည်ကြီး Brand တွေကတော့ အများကြီးပင်။
" Ivy ~ မင်းအမျိုးသားပေါ်ကို ခြေထောက်တစ်ဖက်တင်ပြီး ခေါင်းမော့လိုက်... "
David ဆီက ပုံစံ နောက်တစ်မျိုးကြားတာနဲ့ Baekhyun က သေသပ်လှပစွာ လှုပ်ရှားပြီးသား။
ထိုင်ခုံအိအိတစ်လုံးပေါ်မှာ သြဇာကြီးမားသော အနေအထားဖြင့် ထိုင်နေသော ကိုကို့ပေါင်တစ်ဖက်ပေါ်ကို ခြေထောက်တစ်ဖက် မ တင်လိုက်တော့ ဝတ်ထားသော အနက်ရောင် Dress ရဲ့ ပေါင်ကွဲက ပိုပေါ်လွင်ကာ ဖြူဖွေးဥနေသော ပေါင်တံလေးတစ်ခုလုံး Camera ထဲဝင်လာတော့သည်။
" လည်တိုင်လေးပေါ်ရင် ပိုလှမယ်ထင်တယ် "
ဟု ပြောရင်း ခေါင်းလေးကို သာသာလေး မော့လိုက်တော့ ကိုကိုက လက်တစ်ဖက်ကို သူ့ပေါင်ပေါ်မှာချထားရင်း ချန်တစ်ဖက်က Baekhyun ခါးလေးကို ထိန်းညှိပေးသလို ဆွဲဖက်လာသည်။ နက်ပြောင်နေသော လက်ထဲက သေနတ်လှလှလေးကို လွှဲရင်း Pose ထပ်ပေးလိုက်တော့ David စိတ်ကူးထားသည့်အတိုင်းထပ်တူကျသွား၍ အလျင်အမြန် ပုံတစ်ပုံထပ်မံရိုက်ကူးလိုက်တော့၏။ထို့နောက် တစ်ယောက်ထိုင် ထိုင်ခုံဆက်တီကို ဝန်ထမ်းနှစ်ယောက်က ဆိုဖာအရှည်တစ်ခုံဖြင့်လာလဲကြပြန်သည်။ လက်တင် မပါသော ဆက်တီခုံပေါ်မှာ အနက်ရောင် Suit ဖြင့် ခန့်ချောကြီးဖြစ်အောင် ပြင်ဆင်ထားသော ယောက်ျားလောင်းကြီးကို Baekhyun မျက်စိတစ်ဖက်လှမ်းမှိတ်ပြပြီး စလိုက်သေးသည်။ ထိုင်ပုံထိုင်နည်း နေရာချပေးပြီးတာနဲ့ Baekhyun အလှည့်ရောက်ပြီမို့ ဘေးကနေ အနေအထား အသင့်ပြင်လိုက်သည်။ Dress ကိုက ခန္ဓာကိုယ်လှလှပေါ်အောင် သေချာ Designer အပ်ချုပ်ထား၍ Baekhyun ဘယ်လိုပုံစံပင်နေပါစေ Luxury ဖြစ်ကာ လှလွန်းနေမှာမလွဲပင်။
YOU ARE READING
Paradis sur terre「 ChanBaek 」
Fanfiction• I once was a poison ivy but now i'm your daisy 🗽 ______________________ Season - 1 of Paradis sur terre by: slaysakura 16.7.23