Episode - 4

1.7K 236 35
                                    

Unicode

" သူနဲ့ကျွန်တော်ယူလိုက်ရင်ရော"

" အဲ့တာကဖြစ်ပေမယ့် သူခေါင်းညိတ်အောင်ဘယ်လိုလုပ်ကြမှာတုန်း "

" ယောက်ျားလေးပဲဗျာ သိမ်းပိုက်လိုက်ရင်ရပါတယ် အရေးကြီးတာလင်မယားအရာရောက်ဖို့ပဲမလား "

Jinseo စကားကြောင့် ဝိုင်းဖွဲ့ထိုင်ရင်း ခေါင်းမီးတောက်နေသော သားအမိနှစ်ယောက်စလုံး တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြသည်။ Jincheol ကတော့ ခေါင်းရမ်းလိုက်ကာ..

" အရင်ဆုံးအဲ့လိုမလုပ်သေးဘဲ နောက်ဆုံးတစ်ခေါက်လောက် ချဥ်းကပ်မယ့်လူလွှတ်ကြည့်ရအောင်၊ ဒါမှထပ်ကျရှုံးလည်း Jinseo မင်းကိုယ်တိုင်ဝင်လုံးလိုက်တော့ကွာ "

Jincheol ကို ညီဖြစ်သူက ခေါင်းတစ်ချက်ညိတ်ပြကာ အောင်နိုင်သူရယ်သံဖြင့် လုပ်ရယ်ပြသည်။

" အာရှီး...ဒီကောင်လေး ဘယ်သူနဲ့များကြိုက်နေလို့ ဒီလောက်ချောတဲ့ယောက်ျားတွေကို သောက်ဂရုမစိုက်တာလဲမသိဘူး၊ ငါသိတဲ့ Byun Baekhyun က သေချာပေါက် ရုပ်ချောတာကြိုက်တတ်တဲ့လူပါ "

ညီအစ်ကိုနှစ်ယောက်၏ မွေးသမိခင်၊ Baekhyun ၏အဒေါ်အရင်း Byun Yejin တစ်ယောက်သည် ငယ်ရွယ်နုပျိုနေသည့်အလျောက် ဂုတ်ဝဲဆံပင်လေးထဲ လက်တွေထိုးမွှေပစ်ကာ စိတ်ရှုပ်စွာ ညည်းညူလိုက်သည်။

အစ်ကိုဖြစ်သူ၏တစ်ဦးတည်းသောသား၊ သူမ၏တစ်ဦးတည်းသောတူလေးသည် ငယ်ငယ်လေးနဲ့ မိဘမဲ့ဖြစ်ခဲ့ရတာကိုတော့ နည်းနည်းစိတ်မကောင်းပေမယ့် ဒင်းကလေးရဲ့အမေက ကိုယ့်ရဲ့တစ်ဦးတည်းသောအစ်ကိုကို သတ်ပစ်ခဲ့တာလေ။
ဒါဘယ်လောက်တောင် ခွင့်လွှတ်ဖို့ခက်တဲ့ကိစ္စလဲ။
ကိုယ်မိန်းမတာဝန်မကျေလို့ အငယ်နှောင်းထားတာကို ထားလို့ဆိုပြီးသတ်ပစ်သတဲ့။ဘယ်လောက်မိုက်ရိုင်းတဲ့ Son မျိုးတွေလဲဆိုတာ တွေးတောင်မတွေးကြည့်ရဲပါ။

Baekhyun အမေ Son Heejung ဆိုတာ သူမနဲ့ဘယ်လိုမှတည့်ခဲ့သည့် ယောင်းမ မဟုတ်ပေ။ ယောင်းမတို့သဘာဝ စကားများ၊အမြင်စောင်းတာတွေလည်းရှိခဲ့ပြီး တစ်နေ့ မယ်ဇရှိလွန်းသူကြီး HeeJung က ကိုယ့်အစ်ကိုကိုပါသတ်ပစ်လိုက်တော့ Byun တစ်မျိုးလုံးအုံကြွလာပြီး ထောင်ထဲပါပို့ပစ်လိုက်ကြတော့တာပေါ့။ အဲ့နောက်မှာ ရှေ့နေတစ်ယောက်က အသက်ဆယ့်ငါးနှစ်လောက်သာရှိသေးတဲ့ တစ်ဦးတည်းသော သား Baekhyun ကို ပြူးတူးပြဲတဲနဲ့ လာရှာတော့တာပဲ။ Byun အမျိုးသားကြီးက သူမတို့ Byun တွေတောင်မသိတဲ့ ပိုက်ဆံ ဒေါ်လာငါးသန်းတိတိကို သူ့ရဲ့ ဒီသေးသေးညှက်ညှက်ကလေးစုတ်လေးကို အကုန်လွှဲခဲ့ပါသတဲ့လေ။ အံ့သြလွန်းလို့ မူးလဲတဲ့လူတွေပါရှိခဲ့တာ။

Paradis sur terre「 ChanBaek 」Where stories live. Discover now