Club အတွင်းရဲ့ DJ သံနှင့် လူအများရဲ့ကခုန်နေမှုတွေကြောင့် ပန်စိတ်ရှုပ်ထွေးမိသည်
ပုံမှန်လည်း အေးအေးဆေးဆေးနေတတ်သူမလို့ အခုလိုနေရာမျိုးတွေကို မလာဖြစ်ခဲ့
အခုကအိမ်နဲ့အဆင်မပြေလို့ ညစ်ပြီး သူငယ်ချင်းတွေခေါ်လို့ပါလာတာပင်
" ပျော်ပျော်နေစမ်းပါ ပန်ရာ "
နေရောင်ရဲ့စကားကို အင်းသုခကလည်းထောက်ခံ၏
" ဟုတ်တယ်ပန် ဘာမှညစ်မနေနဲ့ ကဲလိုက်"
" ball ပဲ အိမ်ကခလေးယူခိုင်းတာကို မညစ်ပဲနေမလားကွ "
ပန်ရဲ့စိတ်ပေါက်ပေါက်သံကြောင့် ထူးချစ်ကျော်ဝင်ပြောလိုက်သည်
" ဒါတော့ဟုတ်တယ်ကွ ငါတို့အရွယ်နဲ့ကလေးယူရင် လွတ်လပ်မှုတွေနဲ့ဝေးပြီ "
" ငါတစ်ခုမေးမယ်နော်ပန် မင်းက မင်းမိန်းမကိုတကယ်ချစ်ရဲ့လား "
နေရောင်ရဲ့အမေးကို ပန်တွေဝေစွာပင်ပြန်ဖြေလေ၏
" ငါအချစ်ကိုမသိဘူးနေရောင် မြတ်နိုးကိုငါလက်ထပ်တာက သူငယ်ချင်းဆိုတာကြောင့်ရယ် ပြီးတော့ငါ့မိဘတွေ သဘောတူပေးစားလို့ ယူဖြစ်တာ "
" ငါဆိုငါမေးခွန်းပြောင်းမေးမယ် မင်းသူနဲ့အတူနေရင် စိတ်ကျေနပ်လား "
" ခွပ်! သူတောင်းစားဘာတွေမေးနေတာလည်း "
ပန်မဖြေခင် မင်းသုခက ခေါင်းခေါက်ပြီးဝင်ပြောလ်ုက်သည်
" ငါကသိချင်လို့လေ ပန်ကမြတ်နိုးကိုတကယ်ချစ်မချစ်ပေါ့ "
" တစ်ခါတစ်လေစိတ်ပါတယ် တစ်ခါတစ်လေကျရင်လည်း စိတ်မပါဘူး "
ပန်ရဲ့အဖြေကို နေရောင်စဥ်းစားသလိုလေးလုပ်ရင်း ပြောလေသည်
" မင်းမြတ်နိုးကို မချစ်ဘူးပန် "
" သေချာလှချည်လားနေရောင် "
ထူးချစ်ကျော်က မယုံကြည်သလိုလေးမေးလေတော့ နေရောင်ကဖြေလေတယ်
" မင်းတို့ပဲစဥ်းစားကြည့်လေကွာ ပန်နဲ့မြတ်နိုးတို့လက်ထပ်တာ ၁နှစ်ကျော်ပြီလေ အခုထိကလေးလည်းမရသေးဘူး တကယ်ချစ်တယ်ဆိုရင် အလှကြည့်နေမှာတဲ့လား "
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်