U Z 9

1.6K 71 0
                                    

ပန် ကားကိုအလုပ်မှာပဲထားခဲ့လိုက်ပြီး စစ်ရဲ့ဆိုင်ကယ်ဖြင့်သာ လိုက်လာခဲ့လိုက်သည် ။
အရင်ကဆို ဆိုင်ကယ်စီးရမှာကြောက်တတ်တဲ့ပန်က လူဆိုးကောင်လေးရဲ့နောက်တော့ သံသယမရှိလိုက်ရဲခဲ့၏.

ဆိုင်ကယ်ကို ယဥ်ရပ်နားရာနေရာမှာရပ်လိုက်ပြီး ပန်နဲ့စစ် အထပ်၃ထပ်မှာရှိနေတဲ့ ကွန်တိုအခန်းဆီလျှောက်လာလိုက်လေတယ်

" အသက်ဒီမှာခဏထိုင်နော် ကျုပ်ဟင်းချက်လိုက်ဦးမယ် "

" ငါပါကူမယ်လေ "

စစ်က မလိုပါဘူးပြောနေသော်လည်း မရမကကူညီမယ်ပြောနေသူကြောင့် စိတ်ချမ်းသာသလိုလုပ်ခိုင်းရ၏ ။
စစ်ကအရင်ဆုံးကြက်ငရုတ်သီးစိမ်းကြော်ချက်လေးကိူ စချက်ပြီး ပန်ကတော့ ထမင်းစားပွဲမှာထိုင်ရင်း ဟိုဟာကူရမလို ဒီဟာလှီးရမလိုဖြစ်နေ၏ ။ အကြောင်းကား ဘာဟင်းမှမချက်တတ်တာကြောင့်ပင် ။

စစ်ဟင်းလေးမြည်းကြည့်နေရင်း ခေါင်းတကုတ်ကုတ်ဖြစ်နေသူကြောင့် ပြုံးလိုက်လေတယ်။ ဒီလူကြီးလေးကတော့လေ ဘာမှကိုမတက်တာပါလား...

" အဲ့တာကြောင့် ပြောပါတယ်အရှေ့မှာအေးဆေးထိုင်စောင့်နေပါလို့ အခုတော့ပျင်းနေပြီမလား "

စစ်က ကင်းမွန်တို့ကိုခပ်ပါးပါးလှီးရင်း ပြောလိုက်တော့ ပန်နှုတ်ခမ်းလေးဆူလိုက်၏

" ငါ့ကိုဘာမှမချက်တတ်ဘူးဆိုပြီး လှောင်တာလား "

" ဟောဗျာ! ကျုပ်ကဘာများလှောင်မိလို့လည်း "

" ဟွန့် "

စစ်လည်းခေါင်းလေးရမ်းကာပြုံးရင်း ချက်ပြတြ်လိုက်၏ ။

" ဝါး ဟင်းတွေကစုံနေတာပဲ စားချင်စရာလေး "

ထမင်းစားပွဲပေါ်အားလုံးချက်ပြုတ်ပြီးလို့ တင်ထားသော ဟင်းပွဲများကိုကြည့်ရင်း ပန်သရေကျနေ၏

" ကဲ စားလို့ရပြီ "

စစ်ကြက်သားဟင်းလေးကို ပန့် ပန်းကန်ဆီဦးစွာထည့်ပေးလိုက်လေတယ်။ ပန်လည်းဇွန်းဖြင့် အနည်းငယ်မြည်းကြည့်တော့ အရသာကထင်ထားတာထက်အများကြီး ပို၍ပင်ကောင်းနေ၏

PsyCho ( Complete )Where stories live. Discover now