စစ် clubမှာသီချင်းဆိုပြီးတော့ ည၉နာရီပင်ထိုးနေပြီ။ သူအသက်ကိုအိမ်ပြန်ပို့ပေးရမည်ဖြစ်တာကြောင့် မန်နေဂျာ နဲ့တောင်စကားပြောမနေတော့ဘဲ နားနေခန်းဆီအမြန်လာလိုက်တော့ အသက်ကဆိုဖာထက်မှာ အိပ်မောကြနေ၏။
စစ်သဘောကျစွာရယ်ရင်း အိပ်ပျော်နေသူအနားအသာလေးသွားထိုင်ကာ မျက်နှာနုနုကိုငေးမောကြည့်နေလိုက်တယ်။ တကယ်ပါ အသက်ကစကားပြောမတက်တာကြောင့် မာနကြီးတယ်လို့ထင်ရတာ တကယ်ဆိုရင်အသက်က အရမ်းနူးညံ့တဲ့ သဇင်ပန်းလေးပါ။
အခုလည်းကြည့် ပါးလေးတဖက်ကဆိုဖာနဲ့ဖိကပ်ထားခြင်းခံရတာကြောင့် ဆူထွက်နေပေ၏။ ဒါ့ကြောင့်စစ်မှာကြည့်ရင်း အသည်းတယားယား။ အချိန်ကလည်း မနည်းတော့တာကြောင့် အိပ်ပျော်နေသူကို စစ်နှိုးရပေမည်။
" အသက် အသက်ထတော့လေ အိမ်ပြန်ကြမယ်"
စစ်က အိပ်ပျော်နေသူရဲ့ပါးလေးကိုမနာကျင်အောင် ခပ်ဖွဖွဆွဲကာ နှိုးတော့ အလိုမကျစွာဖြင့် နှုတ်ခမ်းဆူကာနိုးလာ၏။ စစ်လည်း မနေနိုင်စွာဖြင့် ဆူထွက်နေတဲ့နှုတ်ခမ်းလုံးလေးကို အသံထွက်အောင်စုပ်ယူလိုက်တော့ မျက်လုံးလေးတွေပြူးကျယ်စွာဖြင့် ပြန်ကြည့်နေသေးသည်။
" sorry အသားယူတာမဟုတ်ဘူး အသက်ကိုသေချာနိူးအောင်လုပ်ပေးတာ "
အော်! တယ်လည်းကျေးဇူးကြီးမားပါပေတယ်။ နိုးနေတဲ့သူကိုနမ်းပြီး အသိစိတ်ဝင်အောင်နှိုးပေးသည်တဲ့။ ရာသက်ပန်ရေ မင်းတော့တော်တော်ကံကောင်းသူပါပဲ။
" ဟွန့် အသားယူချင်ရင်ယူချင်တယ်ပေါ့"
" အဟက်"
မကျေမနပ်ရုပ်လေးနဲ့ စစ်ရှေ့ကထွက်သွားသူကြောင့် စစ်မှာရီရင်းနောက်ကလိုက်ရပေ၏။
ဆိုင်ကယ်နဲ့ပဲ လာတာဖြစ်လို့ ဆိုင်ကယ်နဲ့ပဲပြန်ရမည်ပေ။စစ်ဆိုင်ကယ် ဦးထုပ်လေးကိုအသက်အားသေချာဆောင်းပေးပြီး ဆိုင်ကယ်ပေါ်တက်လိုက်ကြ၏။ ထိူ့နောက် စစ်ကပန့်ရဲ့လက်ကလေးကိုဆွဲယူကာ သူ့ခါးကိုဖက်စေလိုက်ပြီး ဆိုင်ကယ်စတင်မောင်းထွက်သွားပေသည်။
" အသက် အိမ်ကိုကားနဲ့ပဲပြန်မလား ဒါမှမဟုတ် ကျုပ်လိုက်ပို့ရမလားဆိုင်ကယ်နဲ့"
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်