မင်းသုခခင်ဗျာ အခုထိအိမ်မှာလာနေနေသူကြောင့် အင်မတန်မျက်စိနောက်လှပါပြီ ခါတိုင်းသူစိတ်ဆိုးပြေရင် ပြန်သွားပေမယ့် အခုတော့ မပြန်နိုင်ဖြစ်နေ၏
" မင်းကိုယ့်အိမ်ကိုယ်ပြန်ဖို့စိတ်ကူးမရှိဘူးလား နေရောင် "
နေရောင်တစ်ယောက် Apronလေးဝတ်ပြီး kitchen မှာချက်ပြုတ်နေရင်း သုခအားပြန်ဖြေလေ၏
" အင်း ငါမင်းအိမ်မှာတစ်သက်လုံးနေရင်ကောင်းမလားလို့ တွေးနေတာ "
" ဘောကိုနေ ငါကမင်းကိုလက်ခံမထားနိုင်ပါဘူး ငါ့စီးပွားရေးကိုတုတ်နဲ့လာမထိုးနဲ့ ဟွန့် "
သုခပြောရင်း မြည်လာတဲ့နေရောင့်ဖုန်းလေးကိုကြည့်လိုက်လေသည် နေရောင်က ဟင်းချက်နေသည်မလို ဖုန်းကိုထမင်းစားခုံမှာတင်ထားတာပင် သုခcontact nameကိုကြည့်လိုက်တော့ တိမ်စိုင်ယံ ဆိုတဲ့ကောင်လေးဖြစ်နေ၏
" မင်းဖုန်းလာနေတယ်နေရောင် "
" အင်း ငါသိတယ်ထားလိုက်ပြီးမှခေါ်လိုက်မယ် အရေးမကြီးဘူး "
နေရောင်ကအရေးမပါသလိုနဲ့ ဟင်းအိုးကိုမွှေရင်းဖြေတော့ သုခအလိုမကျစွာဖြင့် မျက်ခုံးတို့အားတွန့်ချိုးမိတော့တယ် ဘာလဲ ဒီကောင်က တွဲနေတဲ့ကောင်လေးကိုတောင်အေးစက်စက်နိုင်လှချည်လား
" ငါ့ကိုအားနာမနေနဲ့ကိုင်စရာရှိတာကိုင်လိုက် တော်ကြာဂျေဝင်နေမယ် ငါ့အိမ်ရောက်နေတာသိလောက်ပြီအခုဆို "
" အရေးမကြီးဘူး ရတယ် "
သုခမည်သို့ပြောနေပါစေ နေရောင်ကအခုထိ သူ့ကိုလှည့်ကြည့်မပါသလို ဟင်းကိုသာသည်းချည်းမည်းကြီးချက်ပြုတ်နေရဲ့
" နေရောင် ဖုန်းခေါ်နေတာ၃ခါရှိပြီကွ နောက်ပြီးမင်းလည်းသူ့ဆီပြန်သင့်ပြီ ငါ့အိမ်မှာနေနေတာသူကြိုက်မှာမဟုတ်ဘူး ဖုန်းပြောလိုက်အုန်း "
" ငါအရေးမကြီးဘူးလို့ပြောနေတယ်လေ မင်းသုခ!"
" နေရောင်ကောင်းကင်! မင်းငါ့ကိုအော်စရာမလိုဘူးနော် "
နေရောင်စိတ်တိုတိုနဲ့အော်မိတော့ သုခဘက်ကလည်းပြန်အော်လေ၏ နေရောင်မီးပလက်ကိုဖြုတ်ကာ သုခဆီသွားလိုက်သည် ပြီးမှအေပရွန်ကို ချွတ်ပြီးစားပွဲပေါ်တင်ကာ
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်