ညက တော်တော်များသွားတာကြောင့် စစ်ခေါင်းတွေထူမရအောင်ကိုက်ခဲနေ၏
ဒါပေမယ့် အကျင့်အတိုင်းကြာကြာအိပ်မရတာကြောင့် နိုးလာတာပင်
နိုးနိုးချင်းဘေးဘီကို ကြည့်လိုက်တော့ ထိုလူကအခုထိမနိုးသေးပုံရသည်
စစ်ထိုလူရဲ့ လည်ပင်းက အနီကွက်တွေကိုကြည့်ရင်း ညကအချိန်တွေကို ပြန်တွေးမိ၏
ညက စစ်ထိုလူအားရယူသိမ်းပိုက်မိသည်
စစ်ရယူဖို့ကြိုးစားနေတုန်းနိုးလာတာကြောင့် လန့်သွားပေမယ့် မူးနေသူက စစ်ကိုဖက်တွယ်နမ်းရှိုက်လာတာမလို့ ဆန္ဒတွေထိန်းမရခဲ့
ထိုလူကလည်း စစ်ပြုသမျှနုရှာပါသည် စစ်ဘက်ကလည်းရေကုန်ရေခမ်းကဲလိုက်လို့လားမသိဘူး စအိပ်တော့ မနက်ပင်လင်းတော့မည်
ထိုလူကတော့ စစ်မပြီးခင်ထဲက အိပ်ပျော်သွားပုံရသည်
ညကကိစ္စတွေကိုတွေးရင်း စစ်ဆံပင်ကိုသပ်တင်ကာ ပြုံးလိုက်မိသည်
ခါတိုင်းဆို နိုးတာနဲ့ပြန်သွားတတ်တဲ့စစ်က ဒီလူနဲ့မှ နိုးလာတာကို စောင့်နေသည်တဲ့လား
မန်နေဂျာ ရဲလင်းထက်ကြားရင် Amazing ဖြစ်သွားလောက်သည်
စစ်ရေမိုးချိုးပြီး ကုတင်ဘေးက ဆိုဖာမှာ ထိုင်ကာကုတင်ထက်က ထိုလူကို သေချာကြည့်နေမိသည်
သိပ်မကြာပါဘူး ပုတ်ခပ်ပုတ်ခပ်ဖြင့် ပွင့်လာတဲ့မျက်လုံးလေးတွေ လက်ဖြင့်ပွတ်သပ်ရင်း အမြင်အာရုံတွေကိုစုစည်းနေတဲ့ ထိုလူသားကို စစ်အသေးစိတ်ကြည့်နေမိသည်
" ဟင် အ!"
ပန် အခန်းအနှံ့ကိုကြည့်လိုက်ပြီး ညကသူငယ်ချင်းတွေနဲ့နေတဲ့နေရာမဟုတ်မှန်းသိသွားတာကြောင့် လန့်ပြီး ထဖို့အလုပ် ခါးထက်ကနေစပြီး နာကျင်မှုက လှိုက်တက်လာ၏
" ခင်ဗျားနာနေတယ်မလား "
ထိုစဥ်ကြားလိုက်ရတဲ့အသံတစ်ခုကြောင့် ပန့်တစ်ကိုယ်လုံး တုန်တက်သွား၏
စစ်က ဆိုဖာကနေထပြီး ပန့်အနားသွားထိုင်ကာ ပန့်နှာဖူးထက်ကို လက်ဖြင့်စမ်းသပ်လိုက်၏
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်