၃ရက်ရှိပြီ။ စစ်ကိုအသက်ပစ်ထားတာ ၃ရက်တိတိရှိပြီ။
ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ဖုန်းလည်းမကိုင် စာလည်းမပို့ စာအုပ်တိုက်သွားတော့လည်း မရှိဘူးမလာဘူးပဲပြောနေကြတယ်။ စစ်တကယ်ကို စိတ်ညစ်နေပါပြီ။ အသက်ဟာ စစ်အပေါ်အခုလိုမျိုးအဆက်သွယ်ဖြတ်ပြီးနေခဲ့တာမျိုး ၄လအတွင်းဒါပထမဆုံးပင်။
" စစ် ထမင်းအရင်စားစမ်းကွာ "
ဖုန်းတလုံးနဲ့တောင်ဆက်မြောက်ဆက်လုပ်နေတဲ့ သူငယ်ချင်းအား မင်းသန့်ရှင်းသတိပေးရပေသည် မဟုတ်ရင် စစ်ငြိမ်းချမ်းကိုတို့ ယနေ့လည်းထမင်းစားဖြစ်မှာမဟုတ်ပေဘူး။
" ငါဗိုက်မဆာဘူး မင်းသန့် မင်းဆာရင်စားနှင့် "
" ငါတစ်ခုပြောမယ်နော်စစ် မင်းအခုလိုတွေမစားမသောက်ဘဲနေနေရင် ရောဂါရမှာပဲအဖတ်တင်လိမ့်မယ် ကိုပန်ကမင်းဆီပြန်လာမှာမဟုတ်ဘူး ဒါ့ကြောင့် ကျန်းမာအောင်အရင်နေပါ "
မင်းသန့်စကားကြောင့် စစ်လက်ခံသလိုလေးကြည့်လာရင်း
" မင်းသန့် သူ သူတော့ငါ့ကိုမထားခဲ့ပါဘူးနော်.... မင်းသိလားငါလေ သူငါ့ကိုထားခဲ့မှာအရမ်းကြောက်တယ် မေမေ့လိုမျိုး သူသာထားခဲ့ရင်ငါ ငါ..."
မင်းသန့် တစ်ခါမှငိုယိုပြီးမနေတတ်တဲ့ စစ်ကိုအခုလို မြင်လိုက်ရတော့ စိတ်ထဲမကောင်းမိ။ စစ်က လူတယောက်ကိုလွယ်လွယ်နဲ့မတွယ်တာတတ်သလို တွယ်တာမိရင်လည်း အဆုံးသတ်မရှိတဲ့တွယ်တာမှုမျိုးပင်။
....
ပန်ဟာ ထူးချစ်ရဲ့သတိပေးသံတွေကိုကြားပြီးထဲက မိမိကိုယ်မိမိပြန်လည်သုံးသပ်ဖို့အတွက် အချိန်ခဏယူမိ၏။ ဒီကြားထဲ လူဆိုးကောင်လေးနဲ့လည်းအဆက်သွယ်မလုပ်မိသလို အလုပ်လည်းမသွားမိ။
အိမ်ထဲမှာပဲနေပြီး စာကြည့်ခန်းထဲမှာပဲတစ်နေ့တစ်နေ့အချိန်ကုန်ဆုံးနေမိတာပင်။
ပန့်ရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့် မြတ်နိုးကသတိထားမိစွာ မေးလာတော့ ပန်ပြန်ဖြေတာဟာ တောင်စဥ်ရေမရဖြစ်နေ၏။ပန်သိပါတယ် လူဆိုးကောင်လေးဆီက Miss Callတွေဟာ အကြိမ်၁၀၀၀ထက်မနည်းဝင်နေတယ်ဆိုတာ။ နောက်ပြီး ပို့ထားတဲ့SMSတေွကလည်း ပန်စာအုပ်ထုတ်ပြီးရောင်းစားလို့ရတဲ့အထိပါ
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်