" မင်းလုပ်ပုံတွေမဟုတ်သေးဘူးနော် နေရောင်ကောင်းကင်! "
macbook တစ်လုံးဖြင့်အလုပ်လုပ်နေတဲ့ နေရောင့်ကို အပြင်ကကမူးရှူးထိုးပြန်လာပြီး မင်းသုခပြောလိုက်တာပင် ။ ဒါကိုနေရောင်က မျက်လုံးပင်လှန်မကြည့်ဘဲ အလုပ်လုပ်မပြတ်ခဲ့။
" နေရောင် ငါပြောတာကြားလား "
သူ့ကိုအရေးမလှုပ်သူအား သုခထပ်မံမေးရင်း လက်ထဲကmacbookကိုဆွဲယူလိုက်၏။ ထိုအခါမှ ထိုင်ရာမှထရပ်ကာ သုခအားကြည့်လာသည်
" ငါလုပ်တာဘာများမှားနေလို့လည်း"
What! နေရောင်ဆိုတဲ့ကောင်ရူးနေတာလား?
ဆိုင်စဖွင့်ထဲက ပစ္စည်းတွေကို Moon ကပဲမှာနေတာလေ စျေးကလည်းသင့်တင့်လို့ မိတ်ရင်းတွေတောင်ဖြစ်နေပြီ။ ဒါကိုဒင်းက ဘယ်သူ့သဘောနဲ့ သွားပြီးဆက်မယူတော့ကြောင်းပြောခဲ့တာလည်း.." မင်းလုပ်ရက်က ဆိုင်အတွက်နစ်နာတယ်ကွ အခုဆိုအထည်သစ်တွေကို မှာဖို့ဘယ်လိုလုပ်ရမလည်း "
" အဟက်! မင်းသာဆိုင်ဖွင့်ချိန်ကြီး ဟိုကောင်နဲ့ဟီလာတိုက်နေတာမဟုဘူးလား အခုမှဆိုင်နစ်နာတယ်လုပ်နေတယ် ငါပြောမယ်သုခ အထည်အသစ်ယူဖို့ငါတခြားဆိုင်ကိုအားလုံးစီစဥ်ပြီးသား "
အမှန်တော့ ကိုမင်းမင်းဆိုတာ Moonအထည်ဒိုင်ရဲ့ Founder ပါ။ သူနဲ့ကသိတာလည်းကြာနေတော့ သုခကအထည်အကြောင်းပြောရင်း အချိန်ကြာသွားတာပင်။ နောက်ပြီးကိုမင်းမင်းကလည်း ပျော်ပျော်နေတတ်သူမလို့ လာရင်ရီစရာကပါလာရော ဒါကိုနေရောင်ကမျက်စိဆံပင်မွှေးဆူးနေတာပင်။
" ငါ့ဘာသာဘယ်သူနဲ့ဟီလာတိုက်တိုက် မင်းနဲ့မဆိုင်ဘူးနေရောင် ငါအခုပြောနေတာအလုပ်အကြောင်းပဲ..... "
" မဆိုင်ဘူးဟုတ်လားမင်းသုခ ဒါဆိုဘာလို့ဟိုညက ငါ့ကိုနမ်းခဲ့လည်း.... မူးနေလို့တော့လာမပြောနဲ့နော် "
နေရောင်က သူ့ဘေးက ထိုင်ခုံအပုလေးကိုခြေထောက်ဖြင့်ကန်ထုတ်ရင်း ပြောလိုက်တာကြောင့် တဖက်ဆိုင်က ထူးချစ်ကျော်မနေနိုင်တော့ပဲ ပြေးလာတော့၏
" မင်းတို့ဘာဖြစ်ကြတာလည်းကွာ နေရောင်မင်းလည်းစိတ်ကိုလျော့ သုခကလည်းဒေါသထိန်းမင်းလည်းနေရောင့်အကြောင်းသိနေတာပဲ "
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်