ဒီနေ့က ပန့်ရဲ့အားလပ်ရက်မလို့ ဂေဟာကိုသွားဖို့ပြင်ဆင်လိုက်၏။ လူဆိုးကောင်လေးနှင့်ပတ်သတ်မိထဲက ပန်ဂေဟာမသွားဖြစ်ပေ။ယနေ့တော့ မသွားမနေသွားရတော့မည်။
ပန် shirt ခဲရောင်လေးကို ပုံကျအောင်ဝတ်ဆင်နေရင်း ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ လူဆိုးကောင်လေးဖြစ်နေ၏။
" ဟယ်လိုစစ် "
ပန်နူးညံ့စွာပင် စတင်ခေါ်လိုက်တော့ တစ်ဖက်မှသဘောကျစွာရယ်လေတယ်
" ဟာအသက်က ချိုသာလှချည်လား ပြောပါအုံး ဘာတွေပျော်စရာရှိလို့လည်း "
ပန် အဝတ်လဲခြင်းကိုပြီးစီးစေလိုက်ပြီး ကုတင်ထက်မှာထိုင်ကာ ပြန်ဖြေလိုက်သည်
" ကိုယ်ဒီနေ့ ဂေဟာမှာစာသွားပြပေးမလို့လေ မသွားဖြစ်တာအတော်ကြာနေပြီ "
" ကျစ်! ကျုပ်ကအသက်နဲ့အတူdateမလို့ကို ဖျက်စီးပြန်ပြီ "
ထုံးစံအတိုင်းအလိုမကျသံလေးထွက်လာတော့ ပန်ကျိတ်ပြုံးမိပြန်တယ် ဒီကလေးဟာလေ......
" အလိုလေး ကိုယ်တော်ချောရယ် နေ့တိုင်းတစ်မျိုးပြီးတစ်မျိုးမရိုးရအောင် လာတွေ့နေကြကို ဘာတွေများထပ်ပြီးdateချင်ရတာတုန်း "
" တူမလားကွာ နေပါအုံး တစ်နေ့လုံးတော့ဂေဟာမှာနေမယ်မပြောလိုက်နဲ့နော် "
စစ်စကားတောင်မဆုံးသေး တစ်ဖက်က ပန့်ရဲ့အဖြေကြောင့် ဂါသွားရပါ၏
" အင်းကိုယ်ဒီနေ့ညနေထိဂေဟာမှာနေမှာ စစ်တွေ့ချင်ရင် ဂေဟာကိုလိုက်ခဲ့လေ "
" အင်း မတွေ့ရင်မနေနိုင်မှတော့ လိုက်ရပြီပေါ့ ဒါဆိုကျုပ်ခဏနေလာခေါ်မယ် "
" ဟုတ်ပြီ "
ပန်လည်း စစ်နဲ့ဖုန်းပြောလို့အပြီး သူ့ကိုတံခါးဝမှစိုက်ကြည့်နေတဲ့ ဇနီးသည်မြတ်နိုးနှင့်ဆုံမိသွားသည်။ သူမက ပန့်ရဲ့ပြုံးပြနေတဲ့အမူအရာကို ထူးဆန်းသည့်အလားကြည့်နေခြင်းပါ ။
" အရာ အခုဘယ်သွားမလို့လည်း ပြီးတော့စောစောက ဘယ်သူနဲ့ပြောနေတာလည်း "
သူမကသိလိုစိတ်ပြင်းပျစွာဖြင့်မေးလာတော့ ပန် စိတ်မသက်မသာဖြစ်ရသည်။ ပန်က အခုလိုစပ်စုတာကိုမကြိုက်တာပါ။
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်