U Z 15

1.5K 50 0
                                    

" ငါ့ကိုဒီဆိုင်မှာ ချိန်းတာဘာပြောမလို့လည်း မြတ်နိုး "

ဘာကြောင့်မှန်းမသိမနက်စောစော သူ့ကိုဖုန်းဆက်ပြီး တွေ့ဖို့ပြောတဲ့မြတ်နိုးကြောင့် ထူးချစ်ကျော် အံ့သြမိတာအမှန်ပါ။ သက်ထက်မြတ်နိုးနဲ့ သူကအရမ်းကြီးမရင်းနှီးပေမယ့် ပန့်ရဲ့ဇနီးဖြစ်တာကြောင့် အခေါ်ပြောတော့မပြတ်။

" ဟို ထူးချစ်ကိုထက်မေးစရာလေးရှိလို့ "

" အမေရိကာနိုလေးပေးပါ "

ထူးချစ် waiterလေးကိုသောက်စရာမှာပြီး မြတ်နိုးဆီစကားပြန်စလိုက်၏

" အင်းမေးလေ ဘာမေးမှာလည်း "

" အရာ့အကြောင်းပါ အရာကအခုတလောခြေမငြိမ်ဘူးလို့ ခံစားနေရလို့ အဲ့ဒါထူးချစ်တစ်ခုခုများသိထားသေးလား "

မြတ်နိုးကြည့်ရတာလည်း ပန့်အကြောင်းအနည်းငယ်သိထားပုံရသည် မဟုတ်ရင်သူ့အားအခုလို တိုက်ရိုက်လာမေးမည်မဟုတ်

" ပန့်ကို မေးကြည့်ပြီးပြီလား သူဘာပြောလည်း "

" အရာကလား သူကထက်ကိုဘယ်တုန်းကများအရေးတယူပြောဆိုဖူးလို့လည်း မေးရင်လည်းအီလည်လည်လုပ်နေတာများတယ် အခုထက်သိချင်တာက အရာ့ကိုမိန်းမတွေနဲ့ပွေရှုပ်လို့စိတ်ပူတာမဟုတ်ဘဲ.... ယောကျ်ားလေးတစ်ယောက်နဲ့ ပတ်သတ်နေတယ်လို့ ခံစားနေရလို့ပါ "

" ကျေးဇူး "

ထူးချစ် လာချပေးတဲ့ အမေရိကာနိုခွက်ကလေးကြောင့် ကျေးဇူးတင်စကားဆိုလိုက်သည် ။

" ငါ့အနေနဲ့ကတော့ မြတ်နိုးသိချင်တာရှိရင် ပန့်ကိုတိုက်ရိုက်မေးလိုက်တာကောင်းတယ် ပြီးတော့ငါသူများအိမ်ထောင်ရေးကြားထဲ ဝင်မပါချင်ဘူး ပြီးတော့ ပန်ကအခြေနေနဲ့အချိန်ခါကို နားလည်တဲ့သူပါ "

" အင်းထက်လည်း အရာထက်အပေါ်ချစ်လာဖို့မျှော်လင့်မိပါတယ် ဒါဆိုထက်ပြန်လိုက်အုံးမယ်ထူးချစ် အပြန်ကျရင်အိမ်ကိုဝင်စရာလေးရှိလို့ "

" အင်း"

သူမက ပန့်ရဲ့မိဘတွေနဲ့တော့အတော်လေးအဆင်ပြေတယ်ဆိုရမည်။ ပန့်ရဲ့မိဘတွေကလည်း သမီးမိန်းကလေးမရှိတာမလို့ မြတ်နိုးကိုသမီးရင်းပမာ ချစ်ပေးကြသည်လေ ထူးချစ်သိချင်မိပါရဲ့ အကယ်၍ပန့်ရဲ့ရွေးချယ်မှုကသာ မြတ်နိုးမဟုတ်ဘဲ ဟိုကောင်လေးသာဖြစ်မယ်ဆိုရင်ရော သူ့မိဘတွေကလက်ခံပါ့မလား....?

PsyCho ( Complete )Where stories live. Discover now