ပန် အိမ်ကိုပြန်ရောက်တော့ မြတ်နိုးကအလုပ်သွားပြီပင်
တော်ပါသေးရဲ့ မဟုတ်ရင်ပန်ရဲ့အခုပုံစံကို တွေ့ပြီးမေးမြန်းနေအုံးမယ်
ပန်မိမိအခန်းဆီသာ လျှောက်လှမ်းရင်း မသန့်စင်တော့တဲ့မိမိကိုယ်ကို ရေချိုးခန်းကမှန်မှာကြည့်လိုက်၏
ပန်ကအသားအရေကောင်းသူမလို့ တစ်ခုခုဆို အရမ်းသိသာတတ်သည်
အခုလည်း ဟိုသူတောင်းစားလုပ်ထားတာ တစ်ကိုယ်လုံးရစရာမရှိ
" ကျစ် ဒီကောင်လူရောဟုတ်သေးရဲ့လား ကိုက်ထားတာများ နေရာအစုံပဲ ခွေးများလား"
မကျေမနပ်ဖြင့်စိတ်ထဲက ကျိန်ဆဲရင်း ပန်ပြောလိုက်၏
ပန်ဟာ ယောကျ်ားချင်းစိတ်ဝင်စားသူမဟုတ်လို့ ဒါမျိူးကိုသူသိပ်နားမလည်နိုင်ပေ
ပန်မိတ်ဆွေတွေထဲမှာ lgbtတွေရှိပေမယ့် ပန်ကဒီလောက်ထိ အတွင်းကျကျမသိခဲ့
အခုကျမှ ကိုယ်တိုင်ကြုံမှ သိခဲ့ရခြင်းပါ
စိတ်ပျက်စွာပင် ရေပန်းအောက်မှာထိုင်ရင်း သန့်စင်လိုက်၏
ပန် ရေမိုးချိုးပြီးလို့ အဝတ်စားဝတ်နေတော့မှ နေရောင်ကဖုန်းဆက်လာ၏
" ဟယ်လို ပန် မင်းဘယ်လိုအိမ်ပြန်သွားတာလဲ ငါတို့မှာစိတ်ပူပြီးရှာလိုက်ရတာအမော"
နေရောင့်စကားကိုကြားပြီး ပန်ဟိုလူနဲ့အပေးအယူကိစ္စကိုတွေးမိပြီး လေပူတချက်မှုတ်လိုက်၏
" ငါနေလို့မကောင်းတာနဲ့ပြန်လာလိုက်တာ "
" အေး မင်းရဲ့ပိုက်ဆံအိတ်ကငါ့ဆီမှာ ငါ စာအုပ်တိုက်ကိုပဲလာပေးရမလား"
" ရတယ်နေရောင် ငါညနေမှလာယူမယ်ငါဒီနေ့အလုပ်မသွားဘူး"
" အေးပါ ဒါဆိုလည်း "
နေရောင်နဲ့ဖုန်းပြောပြီး ပန်စိတ်ပျက်စွာ ကုတင်ပေါ်ထိုင်ချလိုက်၏
" အား.."
ရုတ်တရက် သတိမထားတာကြောင့် ကုတင်ပေါ်ပစ်ထိုင်လိုက်တဲ့ပန်ဟာ တင်ပါးတစ်ခုလုံး နာကျင်သွားရပါ၏
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်