မနက်စာကို အဆင်သင့်ပြင်ဆင်ရင်း ခင်ပွန်းလာမှာကို ဒေါ်မြတ်ပန်းပုံတစ်ယောက် စောင့်စားနေလေ၏
ခင်ပွန်းက စားပွဲဝိုင်းဆီရောက်တော့မှ နန်းကြီးသုတ်ကိုအသင့်ပြင်ဆင်ပေးရင်း စကားစမြည်ပြောလိုက်လေတယ်
" ပန့်ကို ဘယ်လိုတိုက်တွန်းကြမလည်းကို ပန်းလည်းနားချနေတာခဏခဏပဲ "
သားဖြစ်သူ ရာသက်ပန်အား ခလေးယူခိုင်းနေတာကိုပြောလိုက်ခြင်းပါ
" အင်း ကိုယ်လည်းအားရင်သားကိုပြောကြည့်ပါအုံးမယ် အခုတလောမအားသေးလို့ "
ဦးဖြိုးမြတ်မင်းက သားဖြစ်သူအကြောင်းပြောရင်း ကော်ဖီတစ်ငုံသောက်လိုက်၏
" ပန်းကတော့လေ ဖြစ်နိုင်ရင်ကလေးမြန်မြန်ယူစေချင်ပြီအကိုရယ် ဒါမှမြေးချီရမှာ "
ဇနီးဖြစ်သူရဲ့စကားကြောင့် ဦးဖြိုးမြတ်မင်းသဘောကျစွာပြုံးမိလေရဲ့
ဟုတ်ပါတယ် သားလေးတစ်ယောက်ထဲရှိတဲ့သူတို့အဖို့ မြေးဦးလေးကိုလိုချင်တာမဆန်းပါ
ဒါပေမယ့် ခက်တာကသားကဘယ်လိုမှကလေးယူဖို့ပြောမရတာပင်
တက္ကသိုလ်ကျောင်းသားအရွယ်ထဲက ရီးစားလည်းမထားပုံရတာကြောင့် လူကြီးတွေတိုင်ပင်ပြီး သမီးသက်ထက်မြတ်နိုးနဲ့စေ့စပ်လက်ထပ်စေတော့လည်း သားကခေါင်းငြိမ့်ခဲ့တာပင်
သားတစ်ယောက်နဲ့လည်းခက်ပါ့ လူကလည်းမြုံစိစိနဲ့
" အော်ဒါနဲ့ အကို့အလုပ်ကရောအဆင်ပြေရဲ့လား "
" သိပ်မပြေဘူးပန်းရယ် အခုတလောငါးတွေအဝယ်ကျနေတယ် အကို့ဆီမှာပိုလို့ လှောင်ထားရတာတင်တော်တော်များနေပြီး နိုင်ငံခြားပို့ဖို့လည်း အဆင်မပြေသေးဘူး ဟူး"
ဦးဖြိုးမြတ်မင်းက အလုပ်ကြောင်းပြောရင်းသက်ပြင်းသာချမိတော့သည်
ပွဲရုံအလုပ်ကလည်း ငွေရလွယ်သလို ရှုံးဖို့လည်းလွယ်ပေ၏
" ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားမှာပါအကိုရယ် "
ဒေါ်မြတ်ပန်းပုံဟာ ခင်ပွန်းရဲ့လက်လေးကိုဆုပ်ကိုင်ရင်းနှစ်သိမ့်လိုက်ပါတော့၏
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်