U Z 17

1.4K 58 2
                                    

နေ့လည်က နေရောင်စိတ်တိုတိုနဲ့ သုခကိုမတရားသိမ်းပိုက်မိခဲ့တာပင် အခုနေရောင်နိုးလာတော့ အခန်းကမှောင်ရိပ်ပင်ကျနေလေ၏

စားပွဲခုံပေါ်ကနာရီကိုကြည့်လိုက်တော့ ညနေ၆နာရီတိတိ။ နေရောင်မသက်မသာနဲ့ဘေးဘီကိုကြည့်လိုက်တော့ သုခကသူ့ဘက်ခေါင်းလေးစောင်းကာ အိပ်မောကျနေပေတယ်

ငါသိပါတယ် သုခအပေါ်သူ့လုပ်ရက်က အရမ်းကိုရိုင်းလွန်းတယ်ဆိုတာ ဒါပေမယ့် ဘယ်လိုလုပ်ရမလည်း သူမှအခုလိုမလုပ်ရင် မင်းသုခတို့ကသူ့ကို တသက်လုံးလက်ခံတော့မှမဟုတ်ဘူးမလား

နေရောင် အိပ်ယာအရင်ထလိုက်ပြီး မင်းသုခကိုနှိုးရတော့မည် ညနေထိအခုလိုအိပ်နေမှတော့ နေမကောင်းဖြစ်တော့မှာအသေချာ

" သုခ မင်းသုခ ထတော့နော် ညနေစောင်းနေပြီ "

နေရောင်နှိုးလိုက်ကာမှ အင်းအဲလုပ်ကာ ပြန်အိပ်သွားတဲ့သုခကြောင့် နေရောင်ခပ်ပြုံးပြုံးဖြစ်သွား၏

" သုခ အခုမထရင်မင်းနေမကောင်းဖြစ်လိမ့်မယ် ထပါကွာလိမ်မာတယ် "

နေရောင် သုခလက်မောင်းလေးကိူဆွဲထူကာ ထခိုင်းတော့မှ မင်းသုခကထထိုင်လေ၏ ရုပ်ကလည်းမအီမသာဖြစ်နေသလို ဆံပင်ကလည်းထိုးထိုးထောင်ထောင်

နေရောင် သုခရဲ့ဆံပင်လေးကိုသပ်တင်ပေးရင်း

" သုခ ငါ့အမှားတွေအတွက်မင်းကျေနပ်တဲ့အထိ တောင်းပန်မှာပါ တကယ်လို့မင်းငါ့ကိုမကျေနပ်ရင် ထုမလား ထိုးမလားကြိုက်တာလုပ် "

နေရောင်က သုခလက်ကိုဆွဲကာသူ့ပါးပေါ်တင်ပေးတော့ သုခကချက်ချင်းပြန်ဆုတ်သွား၏

" ကျစ်! ငါအခုအရမ်းနာကျင်နေတယ်ကွာ ရေချိုးချင်ပြီငါ့ကိုချီခေါ်သွား "

" ဟင်!"

နေရောင်တွေးထားသည်က မင်းသုခနိုးတာနဲ့သူ့ကိုစိတ်ဆိုးပြီး ထိုးမည်ပေါ့ ဒါပေမယ့်အခုသုခက သူ့ကိုစိတ်မဆိုးတဲ့အပြင် ကလေးလေးလိုပါ ချွဲနေသေးတာလား

" သုခ မင်းငါ့ကိုစိတ်မဆိုးဘူးပေါ့ ဟုတ်လားဟင်"

" နေရောင် ငါမင်းကိုစိတ်ဆိုးလို့ရော ငါကလုပျိုပြန်ဖြစ်မှာလား အလကားအချိန်ကုန်မှာငါမကြိုက်ဘူး စကားမများနဲ့ချီခေါ်ပေး ရေချိုးမို့ "

PsyCho ( Complete )Where stories live. Discover now