ဦးဖြိုးမြတ်မင်း ရှေ့နေဦးညီဇင်နှင့်အကျေအလည်ဆွေးနွေးဖြစ်၏
" ကျနော့်ဘက်ကလည်း ငွေတွေကိုမဆပ်ဘူးမဟုတ်ပါဘူး ဒါပေမယ့် တစ်နှစ်ပြည့်မှဆပ်လို့ရမှာပါ အခုတလော နိုင်ငံခြားပို့လို့မရသေးလို့ပါဗျာ "
pravite roomတစ်ခုမှာပြောနေကြခြင်းမလို့ တခြားသောသူတို့မရှိပေ။
" ဒါပေမယ့် ကျနော့်သူဌေးဘက်ကလည်းခင်ဗျားတို့ကို အတိုးသက်သက်သာသာနဲ့ချေးပေးထားတာကိုသတိရပေးပါ ဦးဖြိုးမြတ်မင်းအခုသူဌေးကလည်း သူ့ငွေကိုလုပ်ငန်းတစ်ခုမှာရှယ်ယာထည့်ချင်လို့ ပြန်ဆပ်ခိုင်းတာပါ နောက်ပြီးစာချုပ်မှတ်ချက်မှာလည်း ၆လအတွင်း အတိုးရောအရင်းပါမဆပ်ရင် ပိုင်ဆိုင်မှူကိုပါသိမ်းမယ်လို့ရေးသားထားပြီးသားပါ "
" ကျနော့်ပွဲရုံလုပ်ငန်းက သေးသေးလေးဗျ သိမ်းမယ်ဆိုရင်တောင်ငွေမလောက်ဘူး နောက်ပြီးအတိုးရောအရင်းပါဆို ကျနော့်အိမ်တွေကားတွေအကုန်ထိုးပေးရင်ကျနော့်မိသားစုဘဝသွားပြီ "
ဦးဖြိုးမြတ်မင်း၏အကျပ်ရိုက်နေတဲ့အမူအယာကြောင့် ရှေ့နေဦးညီဇင်က ဆက်ပြောလေတယ်
" ခင်ဗျားငွေတွေကိုကျေသွားစေမယ့်နည်းတော့ရှိတယ် "
" ဘာများလည်းရှေ့နေကြီး "
" ရာသက်ပန်ဆိုတဲ့ကလေးကို ကျနော့်သူဌေးဆီပေးလိုက်ပါ "
ရှေ့နေကြီးရဲ့စကားကအနည်းငယ်နားလည်ရခက်နေတာကြောင့် ဦးဖြိုးမြတ်မင်းသဘောမပေါက်
" ဘာကိုဆိုလိုချင်တာလည်းဗျ ကျနော့်သားကိုပေးဆိုတာကဘာလည်း "
" ကျနော့်သူဌေးက ဦးဖြိုးမြတ်မင်းရဲ့သားမောင်ရာသက်ပန်ကိုသဘောကျနေပါတယ် ဒါ့ကြောင့်သူနဲ့ပေးစားရင် ငွေတွေကိုလျှော်ပေးပါ့မယ်တဲ့ "
" ဗျာ! ခင်ဗျားဘာတွေပြောနေတာလည်းရှေ့နေကြီး ကျနော့်သားကအိမ်ထောင်နဲ့ဗျ နောက်ပြီးခင်ဗျားသူဌေးက ဘယ်သူဘယ်ဝါမှန်းတောင်မသိရဘဲကျနော့်သားကိုမပေးစားနိုင်ဘူး "
ဦးဖြိုးမြတ်မင်းဟာဒေါသတကြီးပြောလိုက်ပေမယ့် ရှေ့နေကြီးကတော့ပြုံးလျက်ပင်
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်