ပန် အိမ်ပြန်ရောက်တော့ ညနေပင်စောင်းနေပြီ နေ့လည်ကစစ်နဲ့တွေ့ပြီး အပြန်နေရောင့်ဆီဝင်ကာ ပိုက်ဆံအိတ်ယူရင်း အချိန်ကုန်ပစ်ခဲ့တာပင်
ပန် ကားသော့လေးဝှေ့ရင်းအိမ်ထဲဝင်လာတော့ မြတ်နိုးကသူ့အနားပြေးလာ၏
" မနေ့ထဲက ဘယ်တွေသွားနေတာလည် အရာရယ် ထက်ဖြင့်စိတ်ပူလိုက်ရတာ "
ပန်ရဲ့ဇနီးဖြစ်သူ သက်ထက်မြတ်နိုးဆိုသူက အရာရာကိုနားလည်ပေးသူပါ
ဒါ့ကြောင့်လည်းပန်ဟာ သူမကိုလက်ထပ်ခဲ့ခြင်းဖြစ်ပြီးအခုထိ လက်တွဲနိုင်ကြတာပင်
" ဟို sorryပါမြတ်နိုး ကိုယ်မနေ့ကနေရောင်တို့နဲ့သောက်နေလို့ အိမ်မပြန်လာတာ "
" ဒါဖြင့် ဖုန်းဆက်ပြီးတော့ အကြောင်းကြားသင့်တာပေါ့အရာရယ် ထက်ဖုန်းဆက်တော့လည်း အရာကမကိုင်ဘူး "
သူမက ပန့်ရဲ့လက်မောင်းလေးကိုမှီတွယ်ရင်း ပြောလိုက်တာဖြစ်သည်
သက်ထက်မြတ်နိုးဆိုတဲ့ သူမက ပန့်ကိုတခြားသူတွေခေါ်သလို ပန်လို့မခေါ်ဘဲ ဟိုးအရင်ထဲက အရာလို့သာခေါ်ခဲ့ပါသည်
ဘာလို့လဲဆိုတော့ ရာသက်ပန်ဆိုတဲ့ နာမည်ရဲ့အစ စာလုံး ရာကိုယူပြီး အရာလို့ခေါ်တာပင်
" ကိုယ် မူးနေလို့ ဖုန်းကလည်း silent ဖြစ်နေတာမသိလိုက်လို့ပါ "
စကားပြောရင်း အပေါ်ထပ်ကအခန်းဆီနှစ်ဦးသားသွားနေကြပါသည်
အခန်းထဲရောက်တော့ သူမက ကုတင်ထက်မှာထိုင်ရင်း အဝတ်စားလဲနေတဲ့ပန့်ကိုကြည့်ကာ
" အရာ မေမေတို့ကခလေးယူဖို့တိုက်တွန်းနေတာကြာပြီ အရာ့သဘောကရောဟင် "
သူမရဲ့အမေးကြောင့် ပန်အဝတ်စားလဲနေတာကို ရပ်တန့်လိုက်ပြီး ပြန်ဖြေလိုက်သည်
" ကိုယ် မလောချင်ဘူးမြတ်နိုး ပြီးတော့ကိုယ်အခုချိန်မှာ မြတ်နိုးနဲ့အတူလွတ်လွတ်လပ်လပ်နေချင်သေးတယ် "
ထိုသို့ပြောပြီး ပန်ကြယ်သီးကိုဖြုတ်ကာ အဝတ်ချွတ်လိုက်တော့ မြတ်နိုးက သူ့အနားရောက်လာပြီး ပန်နဲ့မျက်နှာချင်းဆိုင်ဆုံလိုက်၏
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်