စစ်အဖို့ဒီရက်ပိုင်း club ကအလုပ်တွေကိုနားထားတာကြောင့် အိပ်လိုက်စားလိုက်သာ အချိန်ကုန်နေပေ၏
အသက်ကိုတော့လွှတ်ထားတာ မဟုတ်ပေမယ့် အသက်တိူ့အိမ်အကြောင်းတော့အမြဲစုံစမ်းထားပေသည်
အသက်ရဲ့ အဖေကအခုရက်တွေပွဲရုံကိစ္စအရှုံးပေါ်နေလို့ တော်တော်လေးအခက်အခဲဖြစ်နေရတာ သိရတော့ စစ်ပါးလေးတစ်ဖက်ကွေးအောင်ပြုံးလိူက်မိတယ်
" ကျုပ်က အသက်ကိုအပိုင်ချည်နှောင်ဖို့ တိကျသေချာတဲ့နည်းလေးတွေဖန်တီးခဲ့ရင် အသပ်ကစိတ်ဆိုးမှာလား "
တစ်ယောက်ထဲစကားတွေပြောကာ သဘောကျစွာရယ်လိူက်၏
....
" လေးလေး! ဆိုင်ကိုဘာလို့ ကိုကိုကမလာတာလည်း လေးလေးအလုပ်ထုတ်လိုက်လို့တော့မဟုဘူးမလား "
ဆန်းသစ်နေလ တစ်ယောက် ဒီရက်ပိုင်း club မှာ စစ်ငြိမ်းချမ်းကိုအားမတွေ့၍ မကျေနပ်စွာမေးလိုက်၏
ဦးဘုန်းဗညားတစ်ယောက် အသစ်ဖွင့်မယ် ဟိုတယ်project ကိုအသေးစိတ်စစ်ဆေးနေရင်း တူဖြစ်သူမေးတာကိုဖြေလေ၏
" လေးလေးအလုပ်မထုတ်ရပါဘူး နေလရယ် သူဒီတစ်ပတ်ခွင့်တင်ထားတာ.... နောက်ရက်လာလိမ့်မယ် "
ဦးလေးဖြစ်သူရဲ့စကားကြောင့် ဆန်းသစ်နေလ နှုတ်ခမ်းဆူမိပါသည်
သူက ကိုကို့ကိုတွေ့ချင်နေတာလေ...
" လေးလေး သားပြောမယ်နော် သားသူ့ကိုသဘောကျတယ် "
ဆန်းသစ်နေလမရှက်တမ်းပြောလေတော့ ဦးဘုန်းဗညားက လုပ်လက်စကိုခဏရပ်ကာ သူ့ကိုကြည့်လာ၏
ထို့နောက်" နေလ လေးလေးပြောမယ်နော် စစ်ငြိမ်းချမ်းကိုက သားထင်သလိုလူကောင်းမဟုတ်ဘူး နောက်ပြီး သူဘာလုပ်တယ်ဆိုတာ သားသိပါတယ်နော် လေးလေးအနေနဲ့ကတော့.."
" သားအဲ့တာတွေမသိချင်ဘူး လေးလေး သားသူ့ကိုသဘောကျတာပဲသိတယ် နောက်ပြီး သူ့အလုပ်ကိုလည်းစိတ်မဝင်စားဘူး သူ့ဘာသာဘယ်သူနဲ့အိပ်ခဲ့အိပ်ခဲ့ အဓိက သားသူနဲ့အတူရှိလို့ ကျေနပ်ရင်ရပြီ ပြီးတော့ သားတို့ခေတ်မှာ အဲ့လိုဘာလုပ်တယ်ဆိုတာက အရေးမကြီးဘူး "
YOU ARE READING
PsyCho ( Complete )
Romanceကျုပ်ကမောင်းမထုတ်သ၍ ကျုပ်လိုချင်ရင်ခင်ဗျားလာအိပ်ပေးရမယ် ရာသက်ပန် စစ်ငြိမ်းချမ်းကို ငါ့ရဲ့အမှားတစ်ခုကြောင့် ငါ့အိမ်ထောင်ရေးကိုပြိုကွဲခံမှာမဟုတ် ငါမင်းကိုရွံတယ် ရာသက်ပန်