Beginning For The End -2
" ဆရာ၀န် ..ဆရာ၀န် ရှိလားး "
" ရက်ချိန်းယူထားတဲ့ ဒေါက်တာ ရှိလားမသိဘူးရှင့်..."
" ဘယ်ဌာနက ဖြစ်ဖြစ် ရှိတဲ့ ဆရာ၀န် ခေါ်ခဲ့ "
" အဲ့လို လုပ်လို့မရလို့ပါ"
"မင်းး"
"သူနာပြုဟွား ဘာဖြစ်လို့လဲ "
" အာ ဒေါက်တာရှောင်း ဒီမှာ ..."
"မင်းက ဒေါက်တာမလားး အဲ့တာဆို ငါတို့ ဘော့စ်ကို ကုပေး "
" ကျွန်တော်က အရိုးဌာနက မဟုတ်တော့ အဆင်မပြေလောက်ဘူး ဗျ တစ်ကယ်လို့ လူနာက အခြေနေစစ်ဆေးခွင့်ပြုရင်တော့ "
" ဒိုင်းးး ဒိုင်းးး အားးးး သေ..သေနတ် တွေ ပစ်နေကျပြီး... အားး"
"ဒီလောက်ဆို ကုသပေးလို့ရပြီး မလား ငါတို့ ဒီ တစ်လွှာလုံးကို သိမ်းထားမယ် ရူတ်ရူတ်ရူက်ရူက် လုပ်ဖို့ မတွေးကျနဲ့ ဘယ်သူမှာမှ အသက်အပို မပါကျဘူးမလား .. ဟိုဆရာ၀န် ငါတို့ လူတွေကို ဆေးကုပေး "ရှောင်းကျန့် မင်းဟာလေ ပြသနာကိုမီးခွက် ထွန်းမရှာရင်တောင် ပြသနာက မင်းကို လာရှာနေတယ်။
"အားလုံးဘဲ စိတ်အေးအေးထားနော် သူနာပြုဟွား အကူသူနာပြုဘယ်နှစ်ယောက်ရှိလဲ "
" လေး လေးယောက်ပါ ဒေါက်တာ "
" နှစ်ယောက်ကို လူနာတွေ အခြေအနေစစ်ဆေးခိုင်းလိုက်ပါ လူနာတွေကို မထိတ်လန့်စေဖို့ ပြောပြီး လျောက်မလုပ်ကျဖို့လည်း ပြောလိုက်ပါ .. သူနာပြုဟွားနဲ့ နောက်တစ်ယောက်က ကျွန်တော်ကို ကူညီပေး .. သူတို့ဘက်က ထိခိုက်ဒဏ်ရာတွေကို သေချာလေး စစ်ဆေးပေးလိုက်ပါ .. ပုံမှန် လူနာလိုသဘောထားပြီး အမှားယွင်းမရှိစေနဲ့ .. အခြေနေဆိုးတယ်ထင်ရင် ကျွန်တော်ကို အကြောင်းကြား"
"ဟုတ်...ဟုတ်ကဲ့ပါ ဒေါက်တာရှောင်း""ဟိုဆရာ၀န် ... ငါတို့ ဘော့စ်ကို အရင် ကုပေး"
"ဘယ်တစ်ယောက်လဲ ..."
" ရတယ် ..အ့ ..ဒေါက်တာလေး အခုလိုလုပ်လိုက်ရတာ စိတ်မကောင်းပါဘူး.. ကျွန်တော်တို့လည်း မလွဲသာတဲ့အခြေအနေမို့ပါ ..ကျွန်တော် ဒဏ်ရာက ရှပ်ထိထားတာမို့ ကျန်တဲ့ သူတွေကို အရင် စစ်ဆေးပေးပါအုံး.. အကူညီတောင်းပါတယ် "
" ဟုတ်ပါပြီး"//////////////////////////////////
"တောက်စ် .... ဒီလောက် လိုက်နေတဲ့ ကြားက ဘယ်လိုဖြစ်ပြီး မျက်ခြေပျက်သွားရတာလဲ "
" လူနေများတဲ့ဈေးလမ်းဘက်ကနေ တက်သွားတာပါ ကပ္ပတိန် ...ပြည်သူတွေကြောင့် ကျွန်တော်တို့ဘက်က အတင်းမ၀င်လိုက်တာပါ "
" ပျောက်သွားတဲ့ တစ်ဝိုက် မြေပုံ လိုချင်တယ် .. ဘယ်တွင်းမှာ အောင်းနိုင်လည်း အခြေအနေကြည့်ထား နယ်မြေခံ စခန်းကိုလည်း အကူညီတောင်းလိုက် မသင်္ကာ ဖွယ်ကောင်းတာနဲ့ ချက်ချင်း သတင်းပို့ခိုင်း ... "
" ဟုတ်ကဲ့ပါ ... ကပ္ပတိန် "
အဖွဲ နှစ်က ဖမ်းမိခဲ့တဲ့ လောင်ချောင် ရဲ့ ထွက်ဆိုချက်နဲ့ မူးရစ်ဂိုဏ်း တစ်ချို့ တည်နေရာ သိရလို့ ... တစ်ဖွဲချင်း ဖမ်းဆီးရင် သတင်းထွက်တာနဲ့ ကျန်အဖွဲတွေ ခြေယာဖျောက်သွားမှာ ဆိုးတာကြောင့် ရိပေါ် တို့အဖွဲ့ပါ တပ်ကူဖို့ဖြစ်လာတယ်။ ရိပေါ်တို့ လိုက်တဲ့ အဖွဲ့က သတင်းရသွားတဲ့ ပုံဘဲ.. ခြေယာဖျောက်ပြီး ထွက်ပြေးဖို့ အချိန် ရိပေါ်တို့နဲ့ တိုးပြီး ပစ်ခက်မူ ဖြစ်ပြီး ဘယ်ကိုအောင်းသွားလည်း မသိဘူး ။ ပြည်သူတွေ အုံးအုံးကြွကြွ ဖြစ်သွားမှာ ဆိုးတာကြောင့် အရမ်းလည်း မလှုပ်ရှားရဲဘူး။
" ကပ္ပတိန် ၀မ်.. မြေပုံရလာပါပြီး"
"မြေပုံအရဆို ခြေယာဖျောက်သွားတဲ့ ပတ်၀န်းကျင်မှာ ဆေးရုံးနဲ့ shopping mall တွေ ရှိတယ် ၊ လူများတဲ့ shopping mall ထဲတော့ ၀င်သွားမှာ မဟုတ်ဘူး ... ပစ်ခက်မူကြောင့် ဒဏ်ရာလဲ ရသွားတော့....."
" သတင်းပို့ပါတယ် ကပ္ပတိန် ... ရှင်းဟွား ဆေးရုံးမှာ ပစ်ခတ်မူဖြစ်တယ်လို့ တိုင်ချက်ရပါတယ် ဓားစာခံတွေ ဖမ်းဆီးထားတယ်လို့လည်း သတင်းရပါတယ် "
" ယွီပင်းး နီးစပ်ရာ ကင်းလည့်တပ်ဖွဲနဲ့ နယ်ခံစခန်းကို အရင်သွားခိုင်းထားလိုက် .. ဆေးရုံး ၀င်ပေါက် ထွက် အကုန် ပိတ်ခိုင်းထားလိုက်... အဆောက်ဦးပေါ်မှာ စနိုက်ပါ သမားပါ ရှိပါစေ အခြေအနေအားလုံး တည်ညိမ်အောင် ထိန်းခိုင်းထားနှင့် ဓားစာခံတွေ ရှိတယ် လက်လွတ်စပယ် မလုပ်ခိုင်းနဲ့ "
YOU ARE READING
Beginning For The End (Complete)
Fanfiction၀မ်ရိပေါ်...မင်းကဟိုအစကတည်းက ငါမပိုင်ဆိုင်နိုင်တဲ့ ကြယ်ကလေး ။ 'ရှောင်းကျန့် မင်းရူးနေပြီး မင်းတစ်ကယ်ရူးသွားပြီး ' "ရှောင်းကျန့်" ကျန့်ကော...ခများကဟိုအစကတည်းက ကျွန်တော်သဘောကျခဲ့ရတဲ့ လမင်းလေး ။ '၀မ်ရိပေါ် မင်းရူးန...