Part 10

578 22 0
                                    

Beginning For The End -10

"ကပ္ပတိန် ၀မ် ဧည့်သည်ရောက်နေတယ် "
" ဧည့်သည် ..ဘယ်သူလည်း "
" ကျွန်တော် သေချာမသိပါဘူး ..ကျွန်တော်မေးတာဘာမှမဖြေလို့ ကပ္ပတိန်နဲ့ဘဲ တွေ့ခွင့်တောင်းနေတာ .."
" အင်းး လာခဲ့မယ် "
" အမှတ် (၃) ဧည့်တွေ့ခန်းမှာ စောင့်ခိုင်းထားပါတယ် "
ရိပေါ်လို မိဘမဲ့တစ်ယောက်ရှိ ဧည့်သည်မရောက်လာတာ ဘယ်လောက်တောင်ကြာနေပြီးလည်း။

"စစ်စတာကြီး..."
" ၀မ်လေးးး "
" ဘယ်ကနေဘယ်လိုရောက်လာတာလည်းး ကျွန်တော်ကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး ကျွန်တော် လာခဲ့မှာပေါ့ "
"အလုပ်များနေတဲ့ ကပ္ပတိန်လေးကို အ‌လုပ်ရူပ်စေမှာဆိုးလို့ပါကွယ်.. ငယ်ငယ်က ပါးဖောင်းဖောင်းနဲ့ကောင်လေးတောင် ဒီအရွယ်ရောက်လာပြီးဘဲ... Uniform နဲ့ကြည့်လို့ကောင်းလိုက်တာကွယ် မတွေ့ရတာ ဘယ်လောက်တောင် ကြာသွားပြီးလည်း "
" ကျွန်တော် ဂေဟာကိုလာမလည်ဖြစ်တာ တောင်းပန်ပါတယ်"
"ဘယ်ကသာ အလုပ်များနေတဲ့ ကပ္ပတိန်လေးကို ဒီ စစ်စတာကြီးကနားလည်တာပေါ့ "
"စစ်စတာကြီးကလည်း "
" ၀မ်လေး ပိန်သွားလိုက်တာကွယ် ထမင်းအချိန်မှန်မစားဘူးလား"
"အမြဲတမ်းတော့မဟုတ်ပါဘူး တစ်ခါတစ်လေမစားဖြစ်ဘူး "
" ထမင်းကိုပုံမှန်စားရမယ်လေ အချိန်မှန်မဟုတ်ရင်တောင် ပုံမှန်တော့စားပေးရမယ်လေ .."
"နောက်ဆိုစားဖြစ်အောင် စားပါ့မယ် "
" ခန္ဓာကိုယ်သာ ပိန်သွားတာ ပါးဖောင်းဖောင်းကြီးကတော့ အခုထိ ကျန်နေတုန်း "
" ငယ်ငယ်တုန်းကလောက်မဟုတ်တော့ပါဘူး ..ဒါနဲ့စစ်စတာ လမ်းကြုံ၀င်လာတာလား "
" အသက်ကြီးလာတော့ သတိတွေမကောင်းချင်တော့ဘူး ၀မ်လေးရယ် လာရင်ကစ္စမေ့တော့မလို့ "
"ဘာများလည်း စစ်စတာ "
"ဖွင့်ကြည့်လိုက်ရင် သိရမှာပေါ့.. ၀မ်လေးငယ်ငယ်ကအမြဲမေးနေကျ ပါးပါးနဲ့မားမား ဆိုတာလေ "
" ဗျာ..."
" ၀မ်လေး..စစ်စတာကြီးပြောတာသေချာနားထောင်နော်
၀မ်လေး ပါးပါးနဲ့မားမားက ၀မ်လေးကို မလိုချင်လို့ဂေဟာမှာ ပစ်သွားတာမဟုတ်ဘူး ဟူးးး အဲ့ဒီညက စစ်စတာကြီး ညစောင့် တာ၀န်ကျတဲ့ရက်ပေါ့ အဲ့နေ့ကို စစ်စတာကြီး အခုထိမမေ့နိုင်သေးဘူး ဂေဟာတံခါးခေါက်သံကြောင့် အပြင်ထွက်ကြည့်တော့ မိန်းမတစ်ယောက်နဲ့ယောင်္ကျားတစ်ယောက်ကိုတွေ့ရတယ် မိန်းမဖြစ်သူလက်ထဲ တစ်ခြားသူလုယူမှာဆိုးတဲ့အလား ပွေ့ဖက်ထားတဲ့ ကလေးလေးတစ်ယောက်ရှိတယ်။ ကလေးလေးမျက်နှာကိုသေချာမမြင်ရဘဲပါးဖောင်းဖောင်းလေးကိုအရင်ဆုံးမြင်ရတယ်လေ ကလေးအမေက စစ်စတာကြီးလက်ထဲကို ကလေးလေးထည့်ပေးပြီး ပြုစုစောင့်ရှောက်ပေးဖို့အထက်ထက်မှာကြာနေခဲ့တာ ကလေးအဖေကတော့ စစ်စတာလက်ထဲ ဆွဲကြိုးနဲ့စာလေးတစ်စောင်ထည့်ပေးခဲ့တယ် အချိန်တန်လာရင် ဒီပစ္စည်းလေးတွေကို သူ့သားလေးကိုပေးပေးပါတဲ့။ အချိန်တန်ရင်ဆိုတဲ့ စကားကိုနားမလည်ပင်မဲ့ ကလေး အဖေနဲ့အမေရဲ့ မျက်၀န်းတွေကြောင့် စစ်စတာကြီး ဘာတစ်ခုမှ ထက်မမေးဖြစ်ခဲ့ဘူး။  ‌"
"စစ်စတာ..."
"၀မ်လေး အခုအချိန်တန်ပြီးထင်လို့ မင်းကိုပေးရမဲ့ ပစ္စည်းကို စစ်တာကြီးလာပေးတာ စောစောမပြောပြခဲ့တဲ့အတွက် စိတ်မဆိုးပါနဲ့ လူနှစ်ယောက်ရဲ့ မျက်၀န်းတွေကို အခုထိမမေ့နိုင်သေးလို့ တောင်းတဲ့ ကတိကိုတည်ပေးခဲ့တာပါ "
" သူ သူတို့က ဘယ်လိုပုံစံမျိုးလည်းဟင် "
"အရာအားလုံး အဲ့သေတ္တာလေးထဲမှာအဖြေရှိမယ်လို့ စစ်တာကြီးထင်တယ် .. "
" သူတို့ကျွန်တော်ကို ဘာလိုစွန့်ပြစ်သွားရတာလည်းဟင် "
" စွန့်ပြစ်တာမဟုတ်ပါဘူးကွယ် ..၀မ်လေးကို ကာကွယ်ပေးသွားခဲ့တာ အဲ့နေ့က ညအမှောင်နဲ့အပြိုင် ဂေဟာရဲ့ညမီးအလင်းရောင်နဲ့အတူ သူတို့နှစ်ယောက်က တစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးရွဲနေခဲ့တာ "
"ဗျာ..."
စစ်စတာကြီး ပြန်သွားတဲ့အထိ ရိပေါ် ထိုင်နေမိတယ်.. မိဘမဲ့ဂေဟာမှာ ကြီးပြင်လာတဲ့ ငယ်ဘ၀နဲ့အတူ မိဘတွေက မလိုချင်လို့စွန့်ပြစ်တယ် ထင်ခဲ့တာ။ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းရင် စွန့်ပစ်ခဲ့တဲ့မိဘတွေကို မေ့ဖျောက်ထားခဲ့တာ။ အခုတော့ သူ့မိဘတွေက စွန့်ပြစ်ခဲ့တာမဟုတ်ဘဲ ကာကွယ်ပေးခဲ့တာတဲ့လား သူတို့အသက်နဲ့လှဲပြီးတောင် ကာကွယ်ပေးခဲ့တာတဲ့။ စစ်စတာကြီးပေးခဲ့တဲ့ သေတ္တာလေးအထဲ လက်ဝါးကပ်တိုင်းစတီရောင် သံချေးအနည်းငယ်တက်နေတဲ့ ဆွဲကြိုးလေးတစ်ကုံးရယ် သွေးစွန်းနေတဲ့ ဝါကျင့်ကျင့်ရောင် စာတစ်ဆောင်ရှိတယ်။ လူဆိုးတွေကိုသေနတ်နဲ့ပစ်တဲ့အခါ လက်တုန်လေ့မရှိတဲ့ ကပ္ပတိန်၀မ်ရိပေါ်က ထိုစာကိုဖွင့်ဖတ်ဖို့ရာ တုန်ရည်နေခဲ့တယ် ။
    *ရိပေါ်..  ဒီစာကိုဖတ်နေတဲ့အချိန် လောကကြီးမှာ ပါးပါးနဲ့မားမားမရှိတော့တဲ့အတွက် သားကိုတောင်းပန်ပါတယ်။ အခုချိန်ဆိုသားက အရွယ်တစ်ခုရောက်ပြီး ဘ၀တစ်ခုကိုပိုင်ဆိုင်နေလောက်ပြီး သားရဲ့အရွယ်ရောက်လာမဲ့ ပုံရိပ်တွေကို ကြည့်ခွင့်မရတော့တဲ့အတွက် ပါးပါးနဲ့မားမား ဘ၀မှာနောင်တအရဆုံး အရာလို့ပြောလို့ရတယ်။ သား အခုပြောပြမဲ့ အကြောင်းအရာတွေက မားတို့အပေါ် သားအထင်လွဲကောင်းလွဲနိုင်သလို မုန်းရင်လဲမုန်းသွားနိုင်တယ်။ သား မင်းပါးပါးက လက်နက်ဆေးရောင်းချတဲ့ဂိုဏ်းကလူယုံတစ်ယောက် ...ဂိုဏ်းခေါင်းဆောင်က ၀မ်ချောင်လို့ လူသိများတယ် ။ ဒါပေမဲ့ သူကလူလုံးထွက်ပြလေ့မရှိညဧဘဲ သားပါးပါးကသာ သူ့အလုပ်တွေကို လုပ်ပေးရတဲ့သူ။ မင်းပါးပါးက လူသတ်ဖူးတယ် လူငယ်‌တွေဘ၀ကို ပျက်စီးစေတဲ့ မူးရစ်ဆေးရောင်းချဘူးတယ် ဒါပေမဲ့ မားနဲ့ တွေ့ပြီးနောက်ပိုင်း မင်းပါးကပြောင်းလဲလာပါတယ်။ သားလေးကိုရတဲ့အချိန်မှာ သူပြောင်းလဲမူတွေကပိုများလာတာပေါ့ ။ မင်းပါးက ဂိုဏ်းကလှို့ဝှက်ချက်တွေကို ရဲဘက်ကိုသတင်းပေးဖို့ကြိုးစားတယ်လေ။ ရဲဘက်ကသတင်းပေးနဲ့ အဆက်သွယ်လုပ်တာ ဂိုဏ်းကသတိမထားမိအောင်လည်း လုပ်ရတာပေါ့။ ဒါပေမဲ့ ကံကြမ္မာက မားတို့မိသားစုကိုမျက်နှာမပေးဘူး ထင်ပါရဲ့ သားလေး ၅ နှစ်ပြည့်မွေးနေ့မှာမှ သားပါးပါးအကြောင်း သိသွားကျတယ်။ ဂိုဏ်းကိုသစ္စာဖောက်တဲ့အပြင် ရဲဘက်ပါသတင်းပေးလုပ်နေတဲ့ မားတို့အတွက် လမ်းကတစ်လမ်းဘဲရှိတယ်လေ။ ဒါကြောင့် မားတို့သားလေးကို ဂေဟာမှာထားခဲ့ရတာပါ။ အဲ့နေ့က မားတို့အပြင် ရဲဘက်သတင်းပေးပါ ဂိုဏ်းဘက်ကသိသွားတယ်သား ။ သူလည်းအန္တာရယ်မကင်းလောက်ဘူး။ သားပါးပါးက ဒါတွေကိုကြိုသိနေလို့ ဂိုဏ်းနဲ့ ပတ်သက်နဲ့ လှို့ဝှက်ချက်မှန်သမျှ ပါ၀င်ပတ်သက်သူ အားလုံးနဲ့ပတ်သက်တာတွေ အကုန်လုံး သက်သေယူထားတယ်သား။ ရိပေါ်.. သားကပိုကောင်းတဲ့ ဘ၀တစ်ခုပိုင်ဆိုင်ရင်လည်း ပိုင်ဆိုင်နိုင်တယ် ... မားနဲ့ပါးကို မုန်းရင်လည်း မုန်းသွားနိုင်တယ် ။ ဒါပေမဲ့ သားကိုတစ်ခုလောက်ဘဲ တောင်းဆိုပါရစေ မင်းပါးပါး သူ့အသက်နဲ့လှဲပြီး ရခဲ့သက်သေတွေကို ရဲလက်အပ်ပေးပါ သား။
သူတို့ကြောင့် ပျက်စီးသွားတဲ့ မိသားစုတွေ ဒီထက်မများလာခင်။
ရိပေါ် .. သားကိုမားတို့က သိပ်ချစ်တယ်နော်။*

Beginning For The End (Complete)Where stories live. Discover now