Part 13

514 22 2
                                    

Beginning For The End -13

"ရိပေါ် .. စခန်းမှာတစ်ခုခုဖြစ်လို့လား အဆင်မပြေရင်ဒီမှာမနေလည်းရတာဘဲ  စခန်းပြန်ပြီးလုပ်စရာရှိတာလုပ်လေ "
"ကျန့်ကောက ကျွန်တော်ကို ဒီမှာမမြင်ချင်ဘူးလား "
"ငါပြောချင်တာ အဲ့လိုမဟုတ်တာ မင်းသိပါတယ် "
"ကျန့်ကော .."
"အင်း "
"ဟို..နံရံပေါ်က ဝိုင်ပုလင်းတွေက သောက်ဖို့အတွက်ထားထားတာလား "
"မဟုတ်ဘူး ...အလှထားထားတာ "
"အော် ... ကျွန်တော်နားတော့မယ် "
"ရိပေါ်"
"ဗျာ"
"ဝိုင်သောက်ချင်လား "

မေဘယ်မြို့ရဲ့ ညနေခင်းအလှက ပေကျင်းမြို့လိုမလှပပင်မဲ့ ဖြောင့်ဖူးနေတဲ့ လမ်းကျယ်အထက် ဝါကျင့်ကျင့်မီးရောင်က လာတစ်ချက်မလာတစ်ချက်နဲ့ တစ်မျိုးတစ်ဖုံတော့ကြည့်လိုကောင်းနေတယ်။ ညကောင်းကင်ထက် ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ကြယ်ကလေးတွေကအဖော်ပြုပေးနေတယ်။ ‌တိုက်ခတ်လာတဲ့ လေပြေညင်းလေးတွေနဲ့ ဝရန်တာထက် ဝိုင်ခွက်ကိုယ်စီနဲ့ကောင်လေးနှစ်ယောက်က လမင်းကိုကြယ်ကလေးတွေကအဖော်ပြုပေးနေသလို ဘာစကားမှမဆိုမိကျပင်မဲ့ တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ် အဖော်ပြုလို့နေတယ်။

"ကျန့်ကော "
"အင်း.."
"ဝိုင်တိုက်လို့ ကျေးဇူးနော် ..ကျွန်တော်အခုလိုမသောက်ဖြစ်တာ တော်တော်ကြာပြီး "
"ငါလည်း သောက်ချင်စိတ်ဖြစ်လာလို့ပါ "
"ကျန့်ကော စဉ်းစားဖူးလား "
" ဘာကိုလည်း ရိပေါ်"
"ဒီကလဲ့စားဆိုတဲ့ အရာကြီးပြီးသွားရင် ကျန့်ကောဘာဖြစ်ချင်လည်း ဒါမှမဟုတ် ဘာဆက်လုပ်မလည်းပေါ့ "
"ရိပေါ် ငါဘ၀မှာ ပထမဆုံးအကြိမ် ဒေါက်တာဆိုတဲ့အရာကို ရွေးချယ်မူလုပ်ခဲ့တယ် ဒီရွေးချယ်မူက မားကြောင့်ဖြစ်လာတာ ဒါပေမဲ့ ငါတစ်ခြားသူတွေထက်ပိုကြိုးစားခဲ့တယ်၊ ဒုတိယအကြိမ် Sean ဆိုတဲ့ဖြစ်တည်လာမူက ပါးကြောင့် ဒါပေမဲ့ ငါတစ်ခြားသူတွေထက် ပိုကြိုးစားခဲ့ပြန်တယ် ငါကြိုးစားမူကြောင့် ဒီမေဘယ်မြို့ဆိုတာ ဖြစ်လာပြန်တယ်။ အကြိမ်ပေါင်းများစွာ ရွေးချယ်မူတွေလုပ်ခဲ့တယ် လုပ်ခဲ့တဲ့ ရွေးချယ်မူတိုင်းကိုလည်း ငါတစ်ခြားသူတွေထက်ပိုကြိုးစားခဲ့တယ်။ ဒါပေမဲ့ မင်းသိလား ရွေးချယ်မူတစ်ခုချင်းစီက ငါစိတ်နဲ့ငါကိုယ်တစ်ခုမှမပါခဲ့ဘူး တစ်ခြားသူတွေအတွက်ပြုလုပ်ခဲ့တာကြီးဘဲ။ ငါကိုငါဘာဖြစ်ချင်လဲမစဉ်းစားဘူးသလို ငါကိုဘာဖြစ်ချင်လည်း‌မေးတဲ့သူလဲမရှိခဲ့ဘူး "

Beginning For The End (Complete)Donde viven las historias. Descúbrelo ahora