Beginning For The End -15
"ယွီပင်းး ကွင်းဆင်းသွားတဲ့ တပ်အခြေအနေ "
" အားလုံးအဆင်ပြေတယ် ရိပေါ် သူတို့ဘက်က အခုလိုတစ်ချိန်ထဲ ၀င်စီးမယ် မထင်ထားပုံရတယ် ဆေးလက်နက် အကုန် လက်၀ယ်မိတယ် "
" ထိခိုက်တဲ့ သူရှိသေးလား "
" အနည်းအကျဉ်းတော့ရှိတာပေါ့ "
" ကျေးဇူးဘဲ ယွီပင်း အခုလို ကူညီပေးတာ "
"ရိပေါ် .. မင်းနဲ့ ငါက အခုလိုပြောရမဲ့ လူလား "
" သတင်းသမားတွေ အဆင်သင့်ဖြစ်ပြီးလား"
" အကုန်ရောက်နေပြီး.. ရိပေါ် မင်းတစ်ကယ်ဘဲ ဒီလိုလုပ်မှာရမှာလား "
" ယွီပင်း..""တစ်ခြားနည်းလမ်းတွေရှိပါတယ် ကွာ ..မင်းကိုယ်မင်း အခုလို."
"ယွီပင်း.. မင်းစိတ်ကို ငါနားလည်ပင်မဲ့ ငါလုပ်ကိုလုပ်ရမယ် အရာကို လုပ်နေရုံ .. ခေါင်းစဉ်အမျိုးမျိုးအောက်မှာ သူကျင်လည်နေတာ ကြာပြီ ဒီထက်ပိုပြီး ထိခိုက်မှာငါမလိုချင်ဘူး .. သူကိုဒီအရာကနေ ရူန်းထွက်နိုင်ဖို့ ငါ့ကိုငါဖျက်စီးပြစ်မှ ရမယ်ဆိုလည်း ငါနောက်ဆုတ်မိမှာမဟုတ်ဘူး.. ဒါ ငါဘ၀မှာ ပထမဆုံးအကြိမ် ဖြစ်ချင်တဲ့ ဆန္ဒမို့ မင်းငါကိုနားလည်းပေးဖို့ မျော်လင့်တယ်"
" အပြင်မှာ သတင်းသမားတွေ အကုန်စုံနေပြီး .. တစ်ကယ်လိုများ မင်းအကူညီလိုတယ်ဆိုရင် ငါကမင်းဘက်မှာ အမြဲရှိနေမှာ ငါကို မေ့မသွားနဲ့.. ထိခိုက်မူအနည်းဆုံးဖြစ်အောင်နေ ကြားလား"
" ဟက် ငါမှာ မင်းလိုသူငယ်ချင်းရှိတာနဲ့တင် ငါကျေနပ်တယ် "ဟူးးးး ရိပေါ် ခန်းမထဲ မ၀င်ခင် နောက်ဆုံးအနေနဲ့ လေပူတစ်ချို့ ထုတ်လိုက်တယ်။ ဒါတွေပြီးရင် အားလုံးပြီးသွားပြီး သူ့ချစ်ရတဲ့သူ ဘ၀က လွတ်လပ်သွားပြီး..ခေါင်းစဉ်တွေအောက် နေစရာမလိုတော့သလို အေးချမ်းတဲ့ ဘ၀လေးမှာ လွတ်လပ်စွာ ပျံသန်းလို့ရပြီး။ ချစ်ရသူ သိရင်ရိပေါ် လုပ်ရက်တွေကို စိတ်ဆိုးနိုင်တယ် ဒါပေမဲ့ ချစ်ရသူ အမြင့်ကိုလွတ်လပ်စွာ ပျံသန်းနိုင်ဖို့ ရိပေါ်က ကို့ကိုကိုယ် ဖျက်စီးပြစ်လိုက်ရလည်း ကျေကျေနပ်နပ်ကြီး အပျက်စီးခံလိုက်မှာ။
ချလပ် ...ချလပ်.... ချလပ်....
ခန်းမထဲ ၀င်လိုက်တာနဲ့ မီးရောင်တစ်ဖျတ်ဖျတ်နဲ့ ရိပေါ် လှုပ်ရှားမူတိုင်းကို မှတ်တမ်းတင်နေတဲ့ ကင်မရာ သမားတွေ။ laptop ကိုယ်စီနဲ့ စာရိုက်ဖို့ အသင့်ရှိနေတဲ့ ပေကျင်းမြို့တင်မက နိုင်ငံတစ်ကာထိပါ ဖောက်ရောက်နိုင်တဲ့ သတင်းတိုက်က သတင်းထောက်တွေ။ ပေကျင်းမြို့ မူးရစ်ဂိုဏ်း တွေ ဖြိုဖျက်နေတဲ့ ကပ္ပတိန် ၀မ်ကသတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုလို့ သူထက်ငါအရင် အရောက်ပြေးလာခဲ့ကျတာ ။ ကပ္ပတိန်၀မ်က နာမည်ကြီးသလောက်သတင်းမီဒီယာနဲ့အထိအတွေ့ မလုပ်တာ ဟိုအစကတည်းကလေ .. အခုလိုပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကြောင့် အကုန်ရောက်လာကျတာ မစမ်းပါဘူး။
ရိပေါ် စင်ပေါ် ရောက်တာနဲ့ 90° ဦးညွန့်ပြီး အားလုံးကိုဝေ့ကြည့်လိုက်မိတယ်။ ရိပေါ်ပြောသမျှ လိုက်ရေးဖို့ အဆင့်သင့်စောင့်နေတဲ့ သတင်းထောက်တွေနဲ့ လှုပ်ရှားမူတစ်ခုချင်စီ မှတ်တမ်းတင်နေတဲ့ သူတွေ။ ရိပေါ်ရဲ့ မှာကြားချက်ကြောင့် အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်ထုတ်လွင့်ဖို့ စောင့်နေတဲ့ လူတွေလည်းရှိတယ်။ ရပါပြီးး.. ဒီလောက်ဆို ရိပေါ် ပျက်ဆီးသွားနိုင်ပင်မဲ့ ချစ်ရသူ အတွက်တော့ လွတ်လပ်စွာ ပျံသန်းလို့ရပြီးလေ ။
YOU ARE READING
Beginning For The End (Complete)
Fanfiction၀မ်ရိပေါ်...မင်းကဟိုအစကတည်းက ငါမပိုင်ဆိုင်နိုင်တဲ့ ကြယ်ကလေး ။ 'ရှောင်းကျန့် မင်းရူးနေပြီး မင်းတစ်ကယ်ရူးသွားပြီး ' "ရှောင်းကျန့်" ကျန့်ကော...ခများကဟိုအစကတည်းက ကျွန်တော်သဘောကျခဲ့ရတဲ့ လမင်းလေး ။ '၀မ်ရိပေါ် မင်းရူးန...