Part 6

769 28 1
                                    

Beginning For The End -6

" တောက်စ် .. ဒါနဲ့ဆို ဘယ်နှစ်လောင်းဖြစ်နေပြီးလည်း ကပ္ပတိန် ၀မ် .. မင်းထိခိုက်မူကြောင့် ငါအထက်အရာရှိတွေကိုတောင် လွန်ဆန်ပြီး ၀မ်ချောင်တို့ ဂိုဏ်းအကြောင်းထုတ်ပြခဲ့တာ ..."
" ကျွန်တော် ..."
" ၀မ်ရိပေါ်  ငါမင်းကိုယုံကြည်လို့ ဒီစစ်ဆင်ရေးကို မင်းကိုဦးဆောင်ခိုင်းတာ အခုတော့ သံသယတရားခံငါးယောက်လုံး သေဆုံးသွားရပြီး  .. လူသေလို့ သက်သေကျန်တယ် ဆိုရင်ဖြေသာသေးတယ် အခုက သေဆုံးရတဲ့ အကြောင်းရင်းတောင်မသိရဘဲ ..တောက်စ်  ၀မ်ရိပေါ်  မင်းအခုဘာဆက်လုပ်မှာလည်း လမ်းစကပျောက်ကုန်ပြီးမလား  ၀မ်ချောင်ကို မင်းဘက်ကလျော့မတွက်သင့်ဘူး သူကဖမ်းရခက်တယ် ‌မင်းအခုလို သူလုပ်ငန်းတွေကို ထိခိုက်အောင်လုပ်ပြီး သူကိုမဖမ်းနိုင်ရင် နောက်ဘယ်တော့မှ ထက်ဖမ်းနိုင်မှာ မဟုတ်ဘူး ၀မ်ချောင်က အပုန်းကောင်းတယ် "
" ကျွန်တော် တောင်းပန်ပါတယ်.. ကျွန်တော် သေချာမစဉ်းစားဘဲ လုပ်လိုက်မိတာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်ရပြီး.. ကျွန်တော် .. သေချာစုံးစမ်းမှာပါ သက်သေရတာနဲ့ ကျွန်တော် အမှန်တရားဘက်မှာဘဲ ရှိနေမှာပါ "

" ၀မ်ရိပေါ် မင်းသင်တန်းသားဘ၀ထဲက ငါလက်အောက်မှာကြီးပြင်းလာတာမို့ ငါမင်းကို ယုံကြည်တယ် .. ဒီတစ်ခါနောက်ဆုံးအကြိမ် အခွင့်ရေးပေးမယ် ဒီတစ်ခါမှ မင်းဘက်က လက်စုတ်လက်ကိုင်မပြနိုင်ရင် ဒီအမူကိုမင်း ပြန်လွဲပေးရမယ် "
" ကျွန်တော် နားလည်ပါတယ် "
" ၀မ်ရိပေါ် မင်း ဒုံမန်ကျွန်းဆွယ်ပေါ်ကို စစ်ဆင်ရေးသွားရမယ် .. သူပုန်းတွေထကြွနေတာကြောင့် ကျွန်းပေါ်က ပြည်သူတစ်ချို့ ထိခိုက်ကုန်တယ် တစ်ဖက်နိုင်ငံနဲ့ လက်နက်ဆေး ကုန်သွယ်မူဖောက်ကားနေတယ်လို့ သတင်းအတိကျရထားတယ်..အထက်ကငါကိုရှင်းလင်းရေးအဖွဲ့တစ်ဖွဲ့ လွတ်ခိုင်းနေတာကြာပြီး.. မင်းအဲ့ကိုသွားရမယ်  အထက်လူကြီးတွေက မင်းကို ၀မ်ချောင်အမူလက်လျော့ခိုင်းချင်နေကျတာ .. မင်းကျွန်းပေါ် သွားတဲ့အခါ လက်လျော့သွားပြီးလို့ သူတို့ထင်ကျလိမ့်မယ် ... ငါသတင်းပေး ရှိက တိကျတဲ့သတင်း ရထားတယ် ဒီတစ်ခေါက် ဒုံမန်ကျွန်းပေါ်မှာ လက်နက်ဆေးကုန်သွယ်တာ ၀မ်ချောင်တို့ဂိုဏ်းက .. ဒီတစ်ခေါက် လက်နက်ဆေး တော်တော် များတယ်ပြောတယ် မင်းဘက်က ဒီကုန်သွယ်မူကို တားလိုက်နိုင်ရင် ၀မ်ချောင် တော်တော် အထိနာသွားမှာ အဲ့အခါ သူကိုတိုင်ထွက်လာလိမ့်မယ် ..  ဒုံမန်ကျွန်းဆွယ်ပေါ် သူပုန်းတွေ ရှင်းလင်းဖို့ မင်းကိုစေလွတ်တယ် ဆိုပင်မဲ့ မင်းရဲ့ အဓိကမစ်ရှင်က မင်းနားလည်မှာပါ "
" ဟုတ်ကဲ့ ခေါင်းဆောင် ကျွန်တော် နားလည်ပါတယ် "
" ၀မ်ရိပေါ် ဒီတစ်ခေါက် အခွင့်ရေးက မင်းအတွက်ငါဖန်တီးပေးနိုင်တာ နောက်ဆုံးနော် မလွဲချော်စေနဲ့ "
" ကျွန်တော်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင် "
" မင်းနဲ့ငါ ဒီနေ့ပြောသွားတဲ့စကားလုံးတွေထဲ ၀မ်ချောင်နဲ့ ပတ်သက်တာ ဘာတစ်ခုမှမပါဘူး မင်းကိုငါပေးတဲ့ မစ်ရှင်က ဒုံမန်ကျွန်းဆွယ်ပေါ် ရှင်းလင်းရေးလုပ်ဖို့ ဘဲ နားလည်လား ကပ္ပတိန်၀မ် "
" ဟုတ်ကဲ့ ခေါင်းဆောင် "
" ကျွန်းပေါ် အမြန်ဆုံးသွားဖို့ ပြင်ဆင်ပါ ကပ္ပတိန် ရှင်းလင်းရေးအတွက် အဖွဲ့တစ်ဖွဲ့ထည့်ပေးလိုက်မယ် "
" နားလည်ပါပြီး ခေါင်းဆောင် "

Beginning For The End (Complete)Where stories live. Discover now