Beginning For The End -3
"တောက်စ် ဒါနဲ့ဆို ဘယ်နှစ်ကြိမ်ရှိနေပြီးလည်း "
" သုံးး သုံးကြိမ်ပါ ဘော့စ် "
" သုံးကြိမ်တောင် ဖျက်လုသွားတာ မင်းတို့ စောက်သုံးမကျလို့ပေါ့ မင်းတို့ ဘိုးအေက နောက်ဆို မင်းတို့ အမတွေနှမတွေပါ လုသွားလိုက်မယ် တောကစ် "
" ဒီတစ်ခေါက် နောက်ဆုံးဖြစ်စေရပါမယ် .. အခွင့်အရေး တစ်ကြိမ်လောက်ဘဲ ထက်ပေးပါ "
" နောက်တစ်ကြိမ်ဆိုတာ ရှိလာခဲ့ရင် မင်းပထွေးက ငါပစ္စည်း တွေဘဲယူသွားတာ.. ငါကမင်းတို့ အသက်ကိုယူမှာ ကြားလား..."
" ဟုတ် ဟုတ်ကဲ့ပါ ""ဟောက်ရွမ်း ... ငါပိုင်နက်ထဲထိ၀င်ပြီး ငါပစ္စည်းတွေ ဖြတ်ခုတ်သွားတာ ဘယ်သူလို့ ထင်လည်း"
" မင်းက ရန်ညိုးခပ်များများဆိုတော့ ပြောရခက်တယ်... "
" ဟက် ဟောက်ရွမ်း ... ဟောက်ရွမ်း နည်းနည်းပါးပါး အကောင်းပြောပေးလို့မရဘူးလား "
" ၀မ်ချောင် ငါစကားထဲ အမှားပါသွားလို့လား "
" ဟင့် ထားပါ ငါမေးတာသာဖြေ"
" လက်ရှိ ဂိုဏ်းအားလုံးထက်မှာ မင်းကရှိနေတာလေ .. လက်လွတ်စပယ်တော့ မင်းကိုထိရဲကျမှာမဟုတ်ဘူး... ဒါပေမဲ့ အစိုးရဘက်ကတော့ မင်းကို ဒီတိုင်းကြည့်နေမှာမဟုတ်ဘူးလေ"
" အစိုးရကို ငါဘယ်လောက်ထိုးကြွေးထားလဲ မင်းအသိဆုံးပါ "
" အဲ့တာကြောင့်လည်း မင်းလုပ်ငန်းတွေအခုထိ ၀င်မမွှေတာလေ"
" ဟောက်ရွမ်း စကားကိုသွယ်ဝိုက်ပြီး ပြောမနေနဲ့ "
" ၀မ်ချောင် မင်းပျော်ပါးဖို့ဘဲ တွေးနေပြီး သတင်းကျမကြည့်ဘူး.. လက်တစ်လော ပေကျင်းမြို့က မူးရစ်ဂိုဏ်းတွေ ခြေငြိမ်နေတာ ဘာကြောင့်လို့ထင်လဲ .... ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံရတနာလေး ကပ္ပတိန် ၀မ်ကြောင့်လေ "
" ကပ္ပတိန် ၀မ် "
" နာမည် အရင်းက ၀မ်ရိပေါ်တဲ့ အသက်က ၂၂ ၊ မိဘမဲ့ အထောက်အပံ့မပါဘဲ ကပ္ပတိန် ရာထူးထိ ရောက်လာတာ"
" မင်းဆိုလိုတာက..."
" ငါအတွင်းဘက်က သတင်းရတာတော့ ကပ္ပတိန် ၀မ် ကိုမူးရစ်ဂိုဏ်းတွေ ရှင်းလင်းဖို့ တာ၀န်ပေးထားတယ် ၊ အပြင်ပိုင်း အရောင်ပြ ဖမ်းဆီးမူတစ်ချို့လုပ်ပြီး တစ်ခြားဖက်မှာတော့ ရှင်းလင်းရေးလုပ်နေတယ်တဲ့ "
" ငါပစ္စည်းတွေ ဖြတ်လုနေတာ ကပ္ပတိန် ၀မ်ကြောင့်ပေါ့ "
" အတိကျတော့ မသိသေးဘူး.. .. စောင့်ကြည့်ဖို့ ငါ့လူတစ်ချို့လွတ်ထားတယ် မကြာခင်သိရမှာပါ "
" ၀မ်ရိပေါ်... ၀မ်ရိပေါ် ... ငါပစ္စည်းတွေ မင်းလက်ချက်ဆိုလိုကတော့ .. ဟက် .. မီးဆိုတာ မကစားသင့်တဲ့ အရာဆိုတာ မင်းသိအောင် သင်ပေးရမှာပေါ့ "
YOU ARE READING
Beginning For The End (Complete)
Fanfiction၀မ်ရိပေါ်...မင်းကဟိုအစကတည်းက ငါမပိုင်ဆိုင်နိုင်တဲ့ ကြယ်ကလေး ။ 'ရှောင်းကျန့် မင်းရူးနေပြီး မင်းတစ်ကယ်ရူးသွားပြီး ' "ရှောင်းကျန့်" ကျန့်ကော...ခများကဟိုအစကတည်းက ကျွန်တော်သဘောကျခဲ့ရတဲ့ လမင်းလေး ။ '၀မ်ရိပေါ် မင်းရူးန...