Part 4

873 42 0
                                    

Beginning For The End -4

"‌အရေးပေါ် ... အရေးပေါ် လူနာတဲ့ ဒေါက်တာရှောင်း "
" ဘာ case လည်း "
" သွေးထွက်လွန်နေတယ်လို့ သိရတယ် ၊ လူနာက သတိလုံး၀မရဘူးပြောတယ် ."
" သွေးထွက်တာ ကြာပြီးလား "
" ‌အရေးပေါ် ကားရောက်တဲ့ အချိန်နဲ့ လမ်းမှာသတိလစ်နေတဲ့ အချိန်  ငါးမီနစ်လောက်ကြာတယ် "
" အင်းး လူနာအခြေအနေ check up လုပ်ထားလိုက်ပါ .. ကျွန်တော် ဒီလူနာ ချုပ်လက်စကြီးမို့ အခုချက်ချင်း လိုက်ခဲ့မယ် သွေးတိတ်အောင် အရင်လုပ်ပေးထားပါ "
"ဟုတ်ကဲ့ပါ ဒေါက်တာရှောင်း "
"လက်တွေ့ကို ဒီနေ့တော့ ဒီလောက်ဘဲပြပေးတော့မယ် နောက်ရက်မှ ဆက်လေ့လာပေါ့ ... Nurse ချုပ်ရိုးကို ဆေးဆက်ထည့်ပြီး
ပတ်တီးသေချာစီးပေးလိုက်ပါ "
" ဟုတ်ကဲ့ ဒေါက်တာရှောင်း "

" လူနာအခြေအနေဘာထူးလည်း   သွေးကောတိတ်ပြီးလား "
" ဟို..  ဟိုလေ..ဒေါက်တာ"
" ဘာလိုလည်း "
"ဟိုလူနာက ဗိုက်မှာ ဓါးဒဏ်ရာနဲ့ သွေးတိတ်အောင်ကြိုးစားပင်မဲ့ ခဏလောက်ဘဲ အဆင်ပြေတယ် "
" လူနာအချက်အလက်...ဟင် ကပ္ပတိန် ၀မ်"
" ဓါးထိုးဒဏ်ရာနဲ့ဆိုတော့ ရဲဘက်ဆိုင်ရာကို အကြောင်းကြားလိုက်ရမလား ဒေါက်တာရှောင်း "
" မလိုဘူး .. ခွဲခန်းအသင့်ပြင်ထားလိုက်  ဒဏ်ရာအတွက် ဓာတ်မှန်ပါ ပြင်ဆင်ထားလိုက်ပါ "

‌ခွဲစိတ်ခန်းထဲ မ၀င်ခင်သက်ဆိုင်ရာအပြင်ဆင်တွေ ၀တ်ပြီးသန့်ရှင်းရေးလုပ်‌တုန်း ပထမဆုံး မျက်လုံးထဲပေါ်လာတာ သွေးရောင်မလွှမ်းတဲ့ နှုတ်ခမ်းတစ်စုံ .. နဂိုဖြုနေတဲ့အသားရည်က ခဏလေးတွေ့လိုက်ရတဲ့ အချိန်မှာတောင် ဖြူစွတ်‌နေပြီး သွေးတွေ ဘယ်လောက်တောင် ဆုံးရှုံးထားလည်း မသိဘူး။
ကျစ် .. ဘာလိုအဲ့ကို စိတ်‌ကရောက်နေမှန်းမသိဘူး ။  
"ဒေါက်တာရှောင်း ခွဲခန်းအသင့်ဖြစ်ပါပြီး "

" မေ့ဆေးအ‌ခြေအနေ"
" အဆင်သင့်ပါဘဲ "
" BP"
" 100/60 ပါ "
" ဓာတ်မှန် ကောရပြီးလား "
" ဟုတ်ကဲ့ "
" အင်း ဓါးကအတွင်းကလီစာတော့ မထိခိုက်သွားဘူး တော်သေးတယ်ပြောရမယ် .. ဒဏ်ရာအနက်ကတော့ တော်တော်များတယ် ၊ သွေးအိတ်အဆင်သင့်ပြင်ထားပေးပါ .. ဒါဆိုစလိုက်ရအောင်"
ခွဲစိတ်မူလုပ်နေတဲ့ တစ်လျောက်လုံး ရှောင်းကျန့် ဇောချွေတွေပြန်နေတာ  ဓါးကိုင်ထားတဲ့ လက်ကလည်းအနည်းငယ်တုန်နေမိတယ်   
ခွဲစိတ်မူတွေ ပြုလုပ်လာတဲ့ တစ်လျောက် တစ်ခါမှ အခုလိုမဖြစ်ဘူးဘူး။ ခွဲစိတ်မူလုပ်နေတဲ့ အချိန်တစ်ခုခုမှားယွင်းသွားမှာကိုလည်း ကြောက်နေမိတယ် ။
အင်းး သူကိုကယ်တင်ပေးဘူးလို့နေမှာပါ ရှောင်းကျန့်ခွဲစိတ်မူလုပ်ပေးခဲ့တဲ့ သူတွေက ရှောင်းကျန့်နဲ့ပထမဆုံးတွေ့ဆုံဖူးကျတဲ့လူတွေလေ.. ကပ္ပတိန်၀မ်ကျတော့ အရင်တစ်ခေါက်ထဲကတွေ့ဖူးပြီး ရှောင်းကျန့်ကို ကယ်ခဲ့ဖူးတယ်မလား အင်းး ဒါကြောင့် စိုးရိမ်စိတ်များနေတာ တစ်ခြားမဟုတ်ဘူး။
"မေ့ဆေး "
"ပုံမှန်ပါဘဲ "
"BP "
"120/80 တက်လာပါတယ် "
"အင်း သွေးအိတ်ဖြုတ်လိုက်တော့ နောက်ဆုံး ချုပ်ရိုး အပြီးသတ်ပြီး ... ခွဲစိတ်မူအောင်မြင်ပါတယ် လူနာကို သန့်ရှင်ရေးလုပ်ပြီး အခန်းပြောင်းပေးလိုက်ပါ "

Beginning For The End (Complete)Where stories live. Discover now