Part 17(End)

1K 29 0
                                    

Beginning For The End -17 (End)

2 years later

မိီလန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်။
‌ဆင်ခြေဖုံး ရပ်ကွက်ဆိုတဲ့အတိုင်းး တိတ်ဆိတ်နေတဲ့ လမ်းကြားလေးထဲ လူစည်းကားတဲ့နေရာလေးတစ်ခု။ နှစ်ထပ်တိုက် ကောင်းကင်ပြာရောင် ခပ်ဖျော့ဖျော့လေး သုတ်ထားပြီး ဆိုင်အတွင်း အပြင်ဆင်က အစိမ်းရောင် အပင်စစ်တွေသုံးထားပြီး သဘာ၀ရဲ့ ရနံကို ပေးစွမ်းတယ်။ တိတ်ဆိတ်တဲ့ ဆိုင်လေးထဲသီချင်း တိုးရှရှ လေးဖွင့်ထားတာက တစ်မျိုး ရင်ခုန်ဖို့ကောင်းပြန်တယ်။ ‌ကောင်တာ အတွင်းဘက်ကို လူအများ စိတ်၀င်စားစွာ ငေးကြည့်နေကျပင်မဲ့ ကောင်တာအတွင်းဘက် အရိပ်လေးကတော့ သူနဲ့ မဆိုင်တဲ့ အလား လစ်လှူရှူလို့ထားတယ်။ အဖြူရောင်လက်ရှည် ကိုခေါက်တင်ထားပြီး အကြောစိမ်းစိမ်း လှပ်ပြေးနေတဲ့ လက်တစ်စုံက ကော်ဖီစက်နား ပြေးလွှာနေပြီး ကော်ဖီဖျော်ဖို့ တစ်ဆင့်ချင်း လုပ်ဆောင်နေပုံက အနုပညာ ဆန်လွန်းတယ်။

ကော်ဖီ အရသာမြည်းစမ်းတဲ့ နှုတ်ခမ်းပါးက ဆွဲညွန့်စေပြီး ကော်ဖီစက်လေးတွေကို မနာလိုစေအောင် ဆွဲဆောင်မူရှ်ိတယ်။ ကော်ဖီပေါ် အာရုံစိုက်ထားတဲ့ မျက်၀န်းတစ်စုံက စူးရှနေမူနဲ့အတူ နူးညံ‌မူရှိနေပြန်တယ်... ဘေးတိုက်မြင်နေရတဲ့ နှာတံစင်းစင်းလေးနဲ့ မေးရိုးခပ်ထင်းထင်းဟာ အပြစ်ပြောစရာမလိုအောင် ပြည့်စုံလွန်းတယ် ။ နတ်ဘုရားဆိုတာ ဘယ်ပုံနေမှန်းမသိပင်မဲ့ ထိုလူဟာ နတ်ဘုရားရူံးအောင် ပြည့်စုံလွန်းတယ်။ ကော်ဖီခွက်ပေါ် ပုံဖော်ပြီး ကျေနပ်သွားတဲ့အခါ လှစ်ကနဲပေါ်လာတက်တဲ့ မှဲ့နက်လေးကတော့ မြင်သူတိုင်း ခိုနားချင်တဲ့ ‌ရပ်၀န်းလေး။

"‌ Americanno ရပြီး "
ထိုလူနှုတ်ဖျားကထွက်ကျလာတဲ့ စကားလုံးတိုင်းက နှင်းစက်လေးတွေထက် အေးမြစေတယ်။ ဆင်ခြေဖုံးရပ်ကွက် လေးရဲ့ကော်ဖီဆိုင်လေးအတွင်း ထိုလူသားကြောင့် လူအမြဲစည်းကားနေတက်တယ်။ ထူးထူးခြားခြား ထိုလူသားရဲ့ ဆိုင်နာမည်လေးက
Name Less တဲ့။

"ရှောင်းကျန့့် ဒီနေ့ ငါဆိုင်သိမ်းလိုက်မယ် မင်းစောစောနားလိုက်လေ"
"အင်း"

အပေါ်တက်သွားတဲ့ ကျောပြင်ကို ကြည့်ပြီး ဟောက်ရွှမ်း သက်ပြင်းချမိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် မီးလောင်မူဖြစ်ပြီး ရှောင်းကျန့် ဆေးရုံးပေါ် နိုးလာတော့ ရိပေါ် လုပ်သွားတဲ့ ကစ္စတွေအားလုံး ဟောက်ရွှမ်းက တစ်ခုမကျန်ပြောပြခဲ့တယ်။ ‌ dragon ဂိုဏ်းခေါင်းဆောင်နေရာ ဆက်ခံသွားပြီး အများအမြင်မှာ တစ်ယောက်ထဲ အပြစ်တွေ အားလုံး သိမ်းကြုံခေါင်းခံသွားတာ ၊ ၀မ်ချောင် သေဆုံးမူ ၊ အရာ အားလုံးရှောင်းကျန့် သိပြီး ဆေးရုံးပေါ်မှာ တစ်ပတ်လောက် တိတ်ဆိတ်နေခဲ့တယ် ။ စကားတစ်ခွန်းမှ မပြောဘဲ ကောင်းကင်ကိုဘဲ ငေးနေတက်တယ်။ ဆေးရုံးဆင်းပြီး မီးလောင်မူနဲ့ ပတ်သက်ပြီး တစ်ခုမကျန်အကုန်စုံးစမ်းခဲ့ပြန်တယ်။ သေဆုံးမူကို လက်မခံနိုင်ဘူးဆိုတာ ဟောက်ရွှမ်းသိတာပေါ့ ဒါပေမဲ့ ရှောင်းကျန့်က ဘယ်သူအကူညီမှ မယူဘဲတစ်ယောက်ထဲ အကုန်လျောက်လုပ်နေတာ။ ရိပေါ် ပေးထားတဲ့ တာ၀န် ရှိတာကြောင့် ရှောင်းကျန့် စိတ်ညိမ်သွားလောက်မဲ့ အချိန်မှာ ဟောက်ရွှမ်းက သော့တစ်ချောင်း ရှောင်းကျန့်ကို ပေးပြီး မီလန်မြို့က အိမ်လေးအကြောင်းပြောပြခဲ့တယ်။ ရိပေါ်က ရှောင်းကျန့်အတွက် အိမ်လေး၀ယ်ခဲ့ပြီး စိတ်ကူးထဲက အတိုင်း နေဖို့ပြောခဲ့တဲ့ အကြောင်းရောပေါ့။ ရှောင်းကျန့် တရုတ်မှာ ခြောက်လလောက် ‌စုံးစမ်းပြီး နောက်ဆုံး ဟောက်ရွှမ်းနဲ့အတူ မီလန်မြို့ကိုလိုက်ခဲ့တယ်။ ရိပေါ်၀ယ်ပေးတဲ့အိမ်လေးမှာ ရှောင်းကျန့်က အခြေချပြီး ကော်ဖီဆိုင်လေးဖွင့်ခဲ့တယ် ။ ပေါက်ကွဲမူဖြစ်ပြီး ဆေးရုံးမှာ သတိရလာတဲ့အချိန်ကတည်းက ရှောင်းကျန့်က ဟောက်ရွှမ်းကို စကားမပြောဘူး .. မီလန်မြို့ရောက်မှသာ မေးထူး ခေါ်ပြော လောက်သာ ရှိတာ ။ ရှောင်းကျန့် အတွက်အချိန်လိုအပ်မှန်းသိတာကြောင့် ဟောက်ရွှမ်းက တိတ်တစ်ဆိတ်နေဖို့ဘဲရွေးချယ်ခဲ့ပါတယ်။ မနက်ဖြန်လို့ နေ့မျိုးဆို ရှောင်းကျန့်က ကော်ဖီဆိုင်ပိတ်ပြီး တစ်ယောက်ထဲထိုင်နေတက်တယ် ။ ဆိုင်၀င်ပေါက်ကို တစ်ချိန်လုံး ငေးနေတက်တာ ‌.. အခုချိန်ထိ ရှောင်းကျန့် လက်မလွတ်နိုင်သေးတာ .. ။

Beginning For The End (Complete)Where stories live. Discover now