Beginning For The End - Extra (final)
"ဒါဆို မင်း နှစ်နှစ်လုံး ဆေးရုံးပေါ်မှာပေါ့ "
" အဲ့လိုဘဲ ပြောရမှာပေါ့ "
" ရှောင်းကျန့်ကို မဟုတ်ရင်တောင် ငါကိုဆက်သွယ်သင့်တယ် ၀မ်ရိပေါ် "
"......"
"အဲ့နေ့ကတည်းက ရှောင်းကျန့် အပြုံးတွေ မတွေ့ရတော့တာ ..
အရင်ကဆို အခုလို အပြုံးတွေ ဖောဖောသီသီပေးဖို့အနေသာသာ ပတ်၀န်းကျင်ကို ရှိတယ်လို့တောင်မထင်တာ "ကောင်တာအတွင်း တစ်ရွေ့ရွေ့ ရွေ့လျားနေတဲ့ ပုံရိပ်ဖြူလေးက ခါတိုင်းနဲ့မတူ အပြုံးချိုချိုလေးတွေ ဝေမျှနေတယ် ငေးရသူအဖို့ ရင်ဖို့လိုက်မောအောင် ညို့ဓာတ်ပြင်းစွာ ဆွဲဆောင်နေပြန်တယ်။
ကော်ဖီဆိုင်လေး စဖွင့်ကတည်းက အခုချိန်ထိ အပြုံးရယ်လို့မဆိုသာ ပြုံးလေ့မရှိတဲ့ ကော်ဖီဆိုင်ပိုင်ရှင်လေးက ဒီနေ့မှာတော့ ထူးထူးခြားခြား တစ်စုံတစ်ယောက်ကြောင့် ပြုံးရွှင်လို့နေတယ်။အတိတ်က ဖြစ်ရပ်တစ်ချို့
ချစ်ရသူ အနားတည့်မတ်စွာ ချိန်ထားတဲ့ သေနတ်ကြောင့် ရိပေါ် စိတ်တစ်စုံဟာ တုန်လှုပ်လို့နေတယ်။ ဟောက်ရွှမ်းကို ဂိုထောင်အနောက်ဘက်ကနေ ၀င်ခိုင်းပြီး ရှောင်းကျန့်ကို ကယ်ထုတ်ဖို့ ပြောထားပင်မဲ့ အခွင့်မသာလို့ ရိပေါ်မှာ မလှုပ်ရှားနိုင်သေးဘူး။
ချစ်ရသူ မျက်နှာ ငေးကြည့်နေရင်း ၀မ်ချောင်ကို အာရုံပြောင်းဖို့ကြိုးစားမိတယ်။ ကံတရား ကရိပေါ်ကိုမျက်နှာသာပေးပြီး ရှောင်းကျန့်ကို ကယ်ထုတ်လိုက်နိုင်ပင်မဲ့ ၀မ်ချောင် ဗုံးခလုတ်နိုပ်တာကိုတော့ မတားဆီးနိုင်ခဲ့ဘူး။ ၀မ်ချောင်ကို ဝိဇ္ဇိန်ချုပ်ပြီး စက္ကန့်ပိုင်းလောက်သာ ကျန်တဲ့ ဗုံးအရိုန်ကို ရိပေါ်မရှောင်နိုင်ခဲ့ဘူး။ ပေါက်ကွဲမူပျင်းအားကြောင့် အပြင်ဘက် လွင့်ထွက်ပြီး နောက်ဆုံးမြင်လိုက်ရတာ ပေါက်ကွဲမူကြားထဲ ပြေး၀င်ဖို့လုပ်နေတဲ့ ချစ်ရသူကြောင့် တားဆီဖို့ရာ မကြိုးစားနိုင်ခင် ရိပေါ်ကမ္ဘာကအမှောင်ကျလို့သွားတယ်။
ရိပေါ် သတိရလာတော့ ဆေးရုံးကုတင်ပေါ်မှာဖြစ်ပြီး ရိပေါ်ကို ကယ်တင်ခဲ့သူက ယွီပင်း... သူငယ်ချင်းအပေါ် သစ္စာရှိတဲ့ ယွီပင်းက ပေါက်ကွဲမူဖြစ်တဲ့ညက ရိပေါ် သေဆုံးသွားကြောင်းကြော်ညာပြီး ရိပေါ်ကို ဆေးရုံမှာ ဖွက်ထားပေးခဲ့တယ် ။ ရိပေါ်သတိလစ်နေတာ တစ်နှစ်ကျော်ပြီး ဖြစ်ကြောင်း ရှောင်းကျန့်က မီလန်ကိုထွက်သွားကြောင်း ကော်ဖီဆိုင်လေး ဖွင့်ထားတယ်ဆိုတဲ့ အကြောင်း အရာအားလုံး ရိပေါ်နဲ့အဆက်သွယ်မပျက်အောင် စုံစမ်းပေးခဲ့တယ်။ ကိုမာအနေနဲ့ ကုတင်ပေါ်လှဲနေတာ ကြာပြီးဖြစ်တာကြောင့် ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းပြန်လုပ်ရင် ချစ်ရသူရှေ့ ရောက်လာတာ နှစ်နှစ်တောင်ကြာလို့သွားခဲ့တယ်။
ESTÁS LEYENDO
Beginning For The End (Complete)
Fanfic၀မ်ရိပေါ်...မင်းကဟိုအစကတည်းက ငါမပိုင်ဆိုင်နိုင်တဲ့ ကြယ်ကလေး ။ 'ရှောင်းကျန့် မင်းရူးနေပြီး မင်းတစ်ကယ်ရူးသွားပြီး ' "ရှောင်းကျန့်" ကျန့်ကော...ခများကဟိုအစကတည်းက ကျွန်တော်သဘောကျခဲ့ရတဲ့ လမင်းလေး ။ '၀မ်ရိပေါ် မင်းရူးန...