Part 16

643 24 0
                                    

Beginning For The End -16

"ဘော့စ် ဘော့စ် "
"ဘာဖြစ်လာတာလည်း အသည်းသန် စောက်စကားပြောနေတာ မင်းစောက်လုံးက မမြင်ဘူးလား "
" ဟို.. ဟို .."
" ပြောစရာရှိတာ မြန်မြန်ပြော "
"ဟို ကပ္ပတိန် ... ကျွန်တော်တို့ လူ... လူမှားလာပြီး ထင်တယ် "
"ဘာကိုလည်း "
" ဟို ကပ္ပတိန် သတင်း လာနေတယ် သတင်းစာရှင်းလင်းပွဲလုပ်တာ သူ .. သူ..သူက dragon ဂိုဏ်းခေါင်းဆောင်လို့ပြောနေတယ်"
"ဘာ !! ဘယ်လိုဖြစ်နိုင်မှာလည်း ‌ဟိုကောင် tv မြန်မြန် ဖွင့်လေ ဘာလုပ်နေတာလည်းး "

" ကျွန်တော် နာမည်က ၀မ်ရိပေါ် .. ပေကျင်းမူးရစ်တိုက်ဖျက်အဖွဲ့ ၁ ရဲ့ ကပ္ပတိန် တစ်ယောက်။ အခုလို အကြောင်းမကြားဘဲ ချက်ချင်းခေါ်လိုက်ရတာကို ရောက်လာပေးကျလို့ ‌ကျွန်တော် တစ်ကယ်ကျေးဇူးတင်ပါတယ် .. ပထမဆုံး ကျွန်တော် ပြောချင်တာက အခုပြောသွားမဲ့ အကြောင်းအရာတွေက ကျွန်တော်စိတ်ကျွန်တော်ကိုယ်နဲ့ လုပ်ခဲ့တဲ့ ကစ္စတွေ ဘယ်သူပရောဂမှ မပါသလို  ဘယ်သူခိုင်းစေမူမှလည်း မပါခဲ့ဘူး အရာအားလုံးကို ကျွန်တော် တစ်ယောက်ထဲ ဦးဆောင်ပြီး လုပ်ခဲ့တာ ။ ဒါကြောင့် အခု ကျွန်တော်ပြောသွားမဲ့ စကားလုံးတစ်ခုချင်းစီ အကြောင်းရာတစ်ခုချင်းစိကို ကျွန်တော် တစ်ယောက်ထဲ အပြည့်အ၀တာ၀န်ယူတယ်။ ဒုတိယ အနေနဲ့ကတော့ .... ‌မေဘယ်မြို့ကိုထိန်းချုပ်ထားတဲ့ Dragon ဂိုဏ်းခေါင်းဆောင်က ကျွန်တော်ပါ "

' ဟယ် မဖြစ်နိုင်တာ ' 'ကပ္ပတိန် ၀မ် မဖြစ်နိုင်တဲ့ စကားလုံးတွေမပြောပါနဲ့ ' 'မေဘယ်မြို့က မူးရစ်ဆေးထုတ်တဲ့နေရာလေ '
'ကပ္ပတိန်က မူးရစ်တိုက်ဖျက်အဖွဲ့ကမဟုတ်ဘူးလား ' 'အခုလိုပြောတာ ' ' ကပ္ပတိန်တာ၀န်ယူနိုင်လား ' 'ကပ္ပတိန် ၀မ်ဖြေပေးပါ ' 'ဖြေပေးပါ '
ခန်းမထဲ ဆူညံသွားအောင် တစ်ယောက်တစ်ခွန်းအလုရက်မေးနေကျတဲ့ သတင်းထောက်တွေကြောင့် ရိပေါ် သက်ပြင်းပါးပါးလေးချမိတယ်။ ပြောတာကိုအစဆုံးနားမထောင်ဘဲ အခုလိုဟိုတစ်ခွန်း ဒီတစ်ခွန်း ထက်တူညီတဲ့ မေးခွန်းတွေ မေးတက်လို့ မီဒီယာတွေနဲ့ ရိပေါ်မထိတွေ့တာ ။ ဟူးးးးး

"အားလုံး တိတ်ပေးပါ မဟုတ်ရင် ကျွန်တော်ဘက်က ဘာတစ်ခွန်းမှ ထက်ပြောစရာမရှိဘူး "
မီးကိုရေနဲ့ ငြိမ်းလိုက်သလို့ တိတ်ဆိတ်သွားတဲ့ ခန်းမကြောင့့့်
" ကစ္စအားလုံးကျွန်တော်ပြောပြသွားမှာပါ သတင်းထောက်တွေဘက်က တစ်ခွန်းတောင်မေးစရာမလိုတောင်ပြောသွားမှာမို့ စိတ်ရှည်ရှည်နဲ့ မေးခွန်းတွေမမေးဘဲ နားထောင်ပေးပါ။
ကပ္ပတိန် ရာထူးယူထားတဲ့ ကျွန်တော်က မူးရစ်ဆေး ဖြန့်ဖြူးနေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်နေကျမှာပါ။ ဒါပေမဲ့ ဒီကစ္စတွေက တစ်ကယ်ဖြစ်ခဲ့တာတွေ.. ကပ္ပတိန် ၀မ် မူးရစ်တိုက်ဖျက်အဖွဲ့ခေါင်းဆောင်ဆိုတာ ကျွန်တော်မျက်နှာဖုံးတွေထဲက တစ်ခုပါ  ကျွန်တော် အစစ်မှန်က Dragon ဂိုဏ်းဆောင်အနေနဲ့ တည်ရှိနေတာ။ ဘာလို့ ဒီလို ကစ္စကိုလုပ်‌ခဲ့လည်း ဆိုတာ မပြောခင် အခုလောက်ဆို ဒီမှာရှိနေတဲ့ သတင်းထောက်တွေရဲ့ ဖုန်းထဲ mail ရောက်လောက်ပါပြီး အဲ့လိုဘဲ ဌာဏအသီးသီးကိုလည်း mail ရောက်နေပြီး "
'ဟယ် !' 'မဖြစ်နိုင်တာ !' 'ဟုတ်ပါ့မလား '

Beginning For The End (Complete)Tempat cerita menjadi hidup. Temukan sekarang