Beginning For The End -12
"ဟောက်ရွှမ်း.. မင်းကဒီမှာဘာလုပ်နေတာလည်း "
"ခေါက်ဆွဲပြုတ်စားနေတာ မမြင်ဘူးလား "
" ဒီနေ့ လွမ်းသွယ်က စက်ရုံကိုမင်း၀င်ဖြိုရမှာလေ အခုထိမသွားဘဲဘာလိုမျိုနေတာလည်း "
"အခုလောက်ဆို ရောက်လောက်ပါပြီးကွာ ..ဗိုက်ဆာလို့အေးဆေး စားပါ့ရစေ "
" မင်းအဖွဲ့ဘဲလွတ်လိုက်တာလား .. မင်းကိုလိုက်သွားဖို့ပြောတယ်လေ ငါဘက်ကလူမှန်းသိသွားအောင် "
" ငါအဖွဲ့နဲ့ ၀မ်ရိပေါ်လိုက်သွားတယ် "
"ဘာ ! "
"ဖြေးဖြေးအော်ပါ ရှောင်းကျန့်ရယ် "
"ရိပေါ်ကို မင်းတို့ပြီးမှ ၀င်ဖို့ပြောထားတာလေ ဘယ်လိုလုပ်လိုက်သွားတာလည်း မဖြစ်ပါဘူး ငါကိုယ်တိုင်လိုက်သွားမှ ..."
" ရှောင်းကျန့် ထိုင် ..လျော့ခေါက်ဆွဲပြုတ် စား.. ငါပြောပြမယ် ဒီလိုကွာ အခုငါသာ မင်းဘက်ကလူဆိုတာ ၀မ်ချောင်သိသွားရင် အခုလက်ရှိသူတည်နေရာကနေ ရွေ့သွားလိုက်မယ် သူကငါကိုတောင် တစ်ခါတစ်လေမှလာတွေ့တာ .. အဲ့တော့သူတည်နေရာကိုငါတို့သိထားဖို့လိုတယ်။ မင်းက dragon ခေါင်းဆောင်အနေနဲ့ ထွက်ရမှာဆိုတော့ လိုက်သွားဖို့ကတစ်ယောက်လိုတယ်လေ အဲ့ကြောင့် ရိပေါ်လိုက်သွားတာ သူပြောတာလည်းမမှားဘူးကွ .. သူဘက်ကို ၀မ်ချောင်အာရုံရောက်ပြီး ထွက်လာရင်အေးဆေး ဖမ်းလိုက်ရုံဘဲ "
"၀မ်ချောင်က မင်းလိုငတုံးမဟုတ်ဘူး ..အဖိုးကြီးတွေ သူဘက်မှာရှိတာ ရိပေါ် ငါတို့နဲ့ပတ်သက်တာ ရိပ်မ်မှာဘဲ "
" ရိပေါ်လည်း အဲ့လိုပြောတယ် "
"ဘာ !"
" သူကရဲဘက်က ဆိုတော့၀မ်ချောင် ဝုန်းဒိုင်းကြဲရဲမှာမဟုတ်ဘူး မင်းတို့ငါတို့ဆို ချက်ချင်းတုန့်ပြန်နိုင်တယ် ဝမ်ရိပေါ်လို့ ကပ္ပတိန်တစ်ယောက်ကိုကျ ချက်ချင်းမထိရဲလောက်ဘူးလေ .. "
"ဒါပေမဲ့ ရိပေါ် အန္တာရယ်များတယ်လေ ..."
"ရှောင်းကျန့် ၀မ်ရိပေါ်က ကပ္ပတိန်နော် မေ့မနေနဲ့ ငါးနှစ်သားလေးမဟုတ်ဘူး ဟိုက ကပ္ပတိန်တစ်ယောက် "
"ဒါပေမဲ့့့"
" ဘာမှမဖြစ်ဘူး ခဏနေရိပေါ် ပြန်လာလိမ့်မယ် အဲ့ကျမှပြော အခုငါခေါက်ဆွဲလေး အေးဆေးစားပါရစေ "
"ဟောက်ရွှမ်း မင်းကဘယ်တုန်းက ရိပေါ်နဲ့အဆင်ပြေသွားတာလည်း အရင်ကမင်းဘဲကြည့်မရတာလေ "
" အချိန်အခါလိုက်ပြောင်းလဲတက်ရတယ်လေ ဒါနဲ့နေပါအုံး မင်းကငါကိုကျ ၀မ်ချောင်ဘေးမှာတောင် နေခိုင်းတာ ၀မ်ရိပေါ်ကျ ဒါလေးလုပ်တာကို ဘာလိုစိတ်ပူနေတာလည်း ငါကျမပူဘူး "
" မတူဘူးလေ မင်းကိုငါယုံတယ်လေ "
" ၀မ်ရိပေါ်ကိုမယုံဘူ အဲ့လိုလား "
" အဲ့လည်းမဟုတ်ဘူး ..."
" ရှောင်းကျန့် မင်းစကားကရူပ်နေတာဘဲ "
" အဲ့မေးခွန်းကို ငါကိုယ်တိုင်လည်း အဖြေရှာနေတုန်းဘဲ "
YOU ARE READING
Beginning For The End (Complete)
Fanfiction၀မ်ရိပေါ်...မင်းကဟိုအစကတည်းက ငါမပိုင်ဆိုင်နိုင်တဲ့ ကြယ်ကလေး ။ 'ရှောင်းကျန့် မင်းရူးနေပြီး မင်းတစ်ကယ်ရူးသွားပြီး ' "ရှောင်းကျန့်" ကျန့်ကော...ခများကဟိုအစကတည်းက ကျွန်တော်သဘောကျခဲ့ရတဲ့ လမင်းလေး ။ '၀မ်ရိပေါ် မင်းရူးန...