Unicode version,
အသံပေါင်းစုံဖြင့် ဆူညံလှသောကလပ်တစ်ခု၌ လူပေါင်းစုံဟာလည်း အသိစိတ်ကင်းမဲ့ကာ ကခုန်နေကြသည်မှာ မမောနိုင်သည့်ပုံပင်။ ထိုလူအုပ်များကြားမှ တမူထူးခြားစွာကွဲထွက်နေသောလူသားသည် ကလပ်သို့ရောက်နေပါသော်လည်း ကခုန်ပျော်ပါးချင်သည့်ပုံမပေါ်ပင်။
ထောင့်စွန်းအရိပ်ကျသော နေရာလေးတစ်ခု၌တစ်ကိုယ်ထဲထိုင်ကာ ဝီစကီခွက်လေးအား လက်ချောင်းသေးသေးလေးများဖြင့် အသာအယာလှုတ်ယမ်းလျက် တစ်နေရာထဲကိုသာစူးစိုက်ကြည့်နေလေရဲ့။ ထိုလူသား၏ focusသည် လူများကြားတွင် သိပ်ကိုဟော့လွန်းလှသော ဂျင်းအနက်ရောင်ဘောင်းဘီဝတ်ဆင်ထားသည့် လူသားထံတွင်သာ။
အနည်းငယ်ကပိုကရိုဖြစ်နေသော ဆံပင်လှိုင်းတွန့်ကောက်ကောက်လေးများအား ခနခနလက်ဖြင့်သပ်တင်ကာ အနားသို့ရောက်လာသော စကီလေးများနှင့် အသားချင်းပွတ်တိုက်ကာ သီချင်းသံနှင့်အတူ စီးမြောနေသော အမျိုးသားဟာ သူ့အား တစ်စုံတစ်ယောက်ကြည့်နေသည်ကိုသိသော်လည်း တစ်ချက်လေးမှတောင် ဂရုမစိုက်ခဲ့။ မဟုတ်ဘူး တမင်လျစ်လျူရှုထားတာဆို ပိုမှန်ပေမည်။
ဒါကိုလည်း ဝီစကီခွက်အား ဝှေ့ယမ်းနေသည့်လူသားသိပေသည်။ သိရက်နှင့်ပင် မထုံတတ်တေးမျက်နှာပေးဖြင့် ခပ်တည်တည်ပင်ထိုင်ကာ လှိုင်းတွန့်ဆံပင်များနှင့်လူသားအား ငေးမြဲငေးဆဲ။ ထိုချိန် သူ့အားခပ်ရွဲ့ရွဲ့မျက်နှာပေးဖြင့်ကြည့်ကာ ဆံပင်များအားတစ်ချက်သပ်တင်၍ ကလပ်ထဲမှထွက်သွားသောအမျိုးသားကြောင့် သောက်လက်စဝီစကီခွက်လေးအား ချထားခဲ့ကာ သူလည်းပဲ ကလပ်ထဲမှထွက်လာမိသည်။
ကလပ်အပြင်သို့ရောက်သည်နှင့် လှိုင်းတွန့်ဆံပင်ပိုင်ရှင်လေးဟာ အသင့်စောင့်နေသောကားအနက်ရောင်အကောင်းစားကြီးပေါ်သို့ ရောက်နှင့်နေလေပြီ။ ထို့ကြောင့်သူလည်းပဲ ထိုကားထဲသို့ဝင်လိုက်တော့ ချက်ချင်းပင် ထိုလူသားဟာ တဖက်သို့မျက်နှာလွှဲသွားလေသည်။
*ရေမွှေးက တအားပြင်းလွန်းတယ်ဂျေ*
*တမင်ပြင်းတာရွေးထားတာ ခင်ဗျားမကြိုက်မှန်းသိလို့*