Bond(9)

796 87 22
                                    

Unicode version,

*ဟျောင့် ဘယ်လိုဖြစ်ပြီး အစောကြီးရောက်နေတာလဲ*

အတန်းထဲတွင် တစ်​ယောက်ထဲအစောကြီးရောက်ကာ စားပွဲခုံတွင်မှောက်အိပ်နေသော ဂျေ၏ဂုတ်ပိုးလေးအား လက်ဖြင့် ခပ်ဆက်ဆက်လေးရိုက်လျက် မေးလိုက်တော့မှ ခေါင်းထောင်လာကာ.....

*ဟိုလူနဲ့မတွေ့ချင်လို့*

*ဟ....မင်းတို့ဟာကလည်း အခုထိမပြေလည်ကြသေးဘူးလား မချစ်ရင်လည်းကွာရှင်းလိုက်ကြပါလားကွာ*

*သူမှကွာရှင်းမပေးတာ*

*သူကွာရှင်းပေးရင်မင်းကပြတ်တယ်ပေါ့*

ဟိုဆော့သည် ဂျေ၏မျက်နှာချင်းဆိုင်ရှိခုံလေးတွင်ဝင်ထိုင်လိုက်ကာ မေးငေါ့၍မေးလေတော့ ဂျေသည်ပြန်မဖြေနိုင်ပေ။

*မင်းဘက်ကဖြင့်မပြတ်နိုင်ပဲ အာချောင်နေပြန်ပြီ*

*မပြတ်နိုင်ဘူးလို့ဘယ်သူပြောလဲ*

*ဟျောင့် ငါတို့ကငယ်ငယ်ထဲကပေါင်းလာတာ မင်းမျက်လုံးကြည့်တာနဲ့တင်ငါသိတယ်*

*အဟမ်း*

*မင်းဘက်ကလျော့ပြီး ပြေလည်ကြည့်ပါလား.....လက်ထပ်တဲ့အချိန်ထဲကအခုထိမင်းပဲရွဲ့လာတာလေ အကိုဂျီမင်းကမင်းလျော့တာနဲ့ သူလည်းလျော့မှာပါ....*

*မသိဘူးကွာ.....ငါသွားတော့မယ်*

*ဘာလဲ အတန်းမတက်ဘူးလား*

*အေး*

ဂျေသည် ကျောပိုးအိတ်လေးအား ဘေးတစ်ဖက်ထဲလွယ်ကာ စိတ်ရှုတ်ရှုတ်ဖြင့် ခေါင်းအားဆွဲဖွလျက် အတန်းထဲမှထွက်လာချိန် ကျောင်းကော်ရစ်တာ၌ သူ့အားပြုံးပြနေသော Engဆရာမနှင့်တွေ့သောကြောင့် ခေါင်းအားမငုံ့ချင်ငုံ့ဖြင့် ပြီးစလွယ်ငုံ့ကာ ဖြတ်လျှောက်လာမိ၏။

ထိုချိန်...

*ဟို.....ကျောင်းသား*

ဆိုသည့် ကျောဖက်မှကြားလိုက်ရသောအသံကြောင့်လှည့်ကြည့်မိတော့ သူ့အနားသို့လျှောက်လာကာ ဖဲပြားပန်းရောင်လေးချည်ထားသော ကွပ်ကီးဘူးလေးအား လက်ကမ်းပေးလေသည်။

ဂျေသည် "ဘာကြီးလဲ"ဆိုသည့်အထာဖြင့် မျက်ခုံးပင့်ပြတော့ ဆရာမဟာ ပါးပြင်လေးနှစ်ဖက်ပန်းရောင်လေးသန်းလျက် ချောင်းတစ်ချက်ဟန့်ကာ "ဒီနေ့ဆရာမမွေးနေ့မို့လို့ မင်းကိုကွပ်ကီးပေးတာပါ" ဟုအနည်းငယ်တုန်နေသောအသံလေးဖြင့် ပြန်ဖြေလေသည်။

A bond of loveWhere stories live. Discover now