Bond(13)

956 103 28
                                    

Unicode version,

မိုးသက်လေအငွေ့အသက်များရောယှက်နေသော မနက်ခင်လေပြေအေးတစ်ခုနှင့်အတူ နိုးထရသည်မှာ မှိုင်းပြပြဖြင့် နေလို့သိပ်မကောင်းပေ။

လေးပင်နေသောခြေလှမ်းများဖြင့် ကျောပိုးအိတ်လေးအား တဖက်ထဲလွယ်ကာ ဘောင်းဘီအိတ်ထဲလက်ထည့်၍အောက်ထပ်ဆင်းလာတော့ တိတ်ဆိတ်နေသောကြောင့် ထမင်းစားဝိုင်းသို့သွားကာ အသင့်ပြင်ထားသော ခရိုဆွန်ပေါင်မုန့်လေးအားကိုက်လျက် ပြန်ထွက်လာချိန် အိမ်တော်ထိန်းကြီးသည်သူ့ကိုမြင်သည်နှင့်ခေါင်းငုံ့ကာ.....

*ကျောင်းသွားတော့မလို့လားအကိုလေး*

*အင်း....ဒါနဲ့ဟိုလူရော*

*သခင်လေးက မနက်၇နာရီထဲကထွက်သွားပါပြီ*

ဂျေသည်လည်း အိမ်တော်ထိန်းကြီး၏စကားလေးအားခေါင်းတချက်ညိမ့်ပြကာ အပြင်သို့ထွက်လာ၍အသင့်စောင့်နေသောကားပေါ်သို့တက်ကာ ကျောင်းသို့ထွက်လာခဲ့လိုက်သည်။

ခြောက်ကပ်နေတဲ့မနက်ခင်းက သူ့အတွက်မထူးဆန်းတော့ပေ။ အိမ်အကျယ်ကြီးမှာ လူနှစ်ယောက်ပဲရှိသော်လည်း တစ်ပတ်မှာတစ်ခါတောင်မျက်နှာချင်းမဆိုင်ဖြစ်ကြပေ။

မိုးရွာချင်နေသောအနေအထားဖြင့် ရာသီဥတုဟာ အုံ့မှိုင်းနေသောကြောင့် ဂျေသည်ခန္ဓာကိုယ်အား ခပ်လျှောလျှောမှီ၍ မျက်လုံးမှိတ်ကာ ခနမှေးနေမိသည်။

အိပ်မောကျချင်ခါနီးအချိန်၌ ချက်ချင်းပင်ဘရိတ်အုပ်လိုက်သော ကားဒရိုက်ဘာကြောင့် မှိတ်ထားသောမျက်ဝန်းတွေအားဖွင့်ကြည့်မိတော့ ဒရိုင်ဘာဟာကားပေါ်မှပြာပြသလဲပြေးဆင်းကာ တစ်ယောက်ယောက်အားသွားထူနေဟန်ရှိသောကြောင့် ဂျေလည်း ကားပေါ်မှဆင်းကာ လိုက်သွားလိုက်၏။

ကားအရှေ့တွင် စာရွက်များပြန့်ကြဲကာ ဂျေ့ကိုမြင်သည်နှင့် အနည်းငယ်ပြုံးပြကာ မျက်ဝန်းများလက်လာသောသူမကြောင့် မျက်မှောင်ကြုံမိ၏။

*ဂျေ*

*ခင်ဗျား အဆင်ပြေရဲ့လား*

*ပြေပါတယ်....တို့အမှားပါ ကားလာတာကိုမမြင်ပဲပြေးလာမိတာ ခြေထောက်ခေါက်သွားရုံပါ*

A bond of loveWhere stories live. Discover now