Bond(12)

609 82 21
                                    

Unicode Version,

တိတ်ဆိတ်ကာ အမွှေးရနံ့ခပ်သင်းသင်းရနေသော အခန်းကျဉ်းလေးထက်ဝယ် ‌ကြိမ်ဖန်များစွာသောသက်ပြင်းချသံနှင့်အတူ ဖုန်းလေးအားဖွင့်လိုက်ပိတ်လိုက်ဖြင့် ‌ဂျေဘာဆက်လုပ်ရမှန်းမသိတော့။

အရွယ်ရောက်ပြီးသား ‌လူငယ်နှစ်ယောက်က အသေးစားမိုတယ်လေးဆီသို့ရောက်လာတယ်ဆိုသည့် ခေါင်းစဉ်နဲ့တင် လူတွေနှုတ်ဖျားမှာ အမျိုးမျိုးထင်ကြေးပေးကြတော့မည်။ သို့သော်လည်း သူဟာ ထိုစိတ်ဖြင့် ဒီကိုရောက်လာတာမဟုတ်သောကြောင့် ဘာကိုမှခေါင်းထဲသိပ်မရှိပေမဲ့ ခနခနတွေးနေမိသည်က ပတ်ခ်ဂျီမင်းကိုပင်....

ထိုချိန် အအေးဘူးလေးနှစ်ဘူးကိုင်ကာ အခန်းထဲပြန်ဝင်လာသော အမျိုးသမီးကြောင့် ဂျေထိုင်နေရာမှထလိုက်ကာ...

*ကျွန်တော်ပြန်တော့မယ်...ခင်ဗျားလည်း ဒီမှာခနတည်းဖို့အဆင်ပြေအောင်လုပ်ပေးခဲ့တာမို့လို့ နားလိုက်ဉီး*

ဟုပြော၍ ဆိုင်ကယ်သော့ယူကာထွက်လာတော့ သူ့လက်ကောက်ဝတ်လေးအား ဆုပ်ကိုင်လိုက်သောသူမကြောင့် အနည်းငယ်စိတ်ရှုတ်သွားရလေသည်။

*မသွားလို့မရဘူးလား*

*ကျစ်...ခင်ဗျားဘာဖြစ်နေတာလဲ....ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျုပ်စိတ်ပျက်လာမိတော့မယ်*

*ကြောက်လို့ပါ*

*ဘာ*

*မင်းအမျိုးသားထပ်ရောက်လာမှာကြောက်လို့ပါ*

*ခင်ဗျားဘာပြောတာလဲ*

*မနက်က မင်းအမျိုးသားရောက်လာပြီး တို့ကိုမင်းနဲ့မပတ်သတ်ဖို့ခြိမ်း‌‌ခြောက်သွားတယ်*

*သူက ခင်ဗျားကိုဘယ်လိုသိတာလဲ*

*တို့နဲ့မင်းကိုနောက်ယောင်ခံလိုက်နေတာထင်တယ်....ပြီးတော့ တို့အိမ်မီးလောင်ရတာလဲ သူ့ကြောင့်မို့လို့ပါ*

*မဟုတ်တာတွေလာမပြောနဲ့ ခင်ဗျားအိမ်က ရှို့မီးမဟုတ်ဘူးလို့ပြောထားတယ်လေ*

*ရေနွေးအိုးခလုတ်နှိပ်သွားတာ မင်းအမျိုးသားပါ ..... မင်းကိုယ်တိုင်မေးကြည့်လိုက်ပါ*

A bond of loveWhere stories live. Discover now