Unicode version,
*တီ...တီ...တီ*
စားပွဲခုံလေးပေါ်တွင် တင်ထားသောဖုန်းလေးမှာအဆက်မပြတ်မည်နေချိန် ဂျီမင်းသည်လည်း စစ်ဆေးလက်စဖြစ်နေသော လကုန်အစီရင်ခံစာလေးအား လက်မှတ်တချက်ထိုးလိုက်ကာ မားကတ်တင်းဌာနမှုးအားပြန်ပေးလိုက်၍ ဖုန်းလေးအားကိုင်လိုက်၏။
*CEO.....စကားပြောလို့အဆင်ပြေလားဗျ*
*အင်း....ဘာကိစ္စလဲ*
*အခုဆယ်ယောရွာမှာ ရွာသားတစ်ယောက်က မြေနေရာစီမံကိန်းလုပ်နေတာကို သဘောမတူဘူးဆိုပြီးရုန်းရင်းဆန်ခတ်လုပ်နေတာ အဲ့က အပန်းဖြေစခန်းဆောက်လုပ်ရေးကိုတာဝန်ယူထားတဲ့ အင်ဂျင်နီယာနဲ့စကားများပြီး accidentဖြစ်သွားတယ်*
*ဘယ်သူဖြစ်တာလဲ..ငါတို့အင်ဂျင်နီယာလား*
*မဟုတ်ဘူးဗျ...အဲ့က ရွာသား*
*shit*
ဖုန်းထဲမှတဆင့်ကြားလိုက်ရသောစကားကြောင့် ဂျီမင်းမှာ စိတ်ရှုတ်သွားဟန်ဖြင့် တီးတိုးဆဲဆိုမိကာ ထိုပြဿနာအားဖြေရှင်းရန် စဉ်းစားရဉီးမည်။ သူတို့ဘက်က လူဖြစ်ရင်တောင် တိတ်တိတ်လေးဖြေရှင်းလို့ရသေးတယ်...အခုက ထိုရွာသားဆိုတော့ အခန့်မသင့်ရင် သူတို့စီမံကိန်းနှောင့်နှေးသွားနိုင်၏။
ထို့နောက် အခြေအနေအားတက်နိုင်သလောက်တိုးတိုးတိတ်တိတ်ဖြင့်ငြိမ်အောင်ထိန်းထားရန် သူ့PAအား လှမ်းပြောရန်လုပ်နေခိုက် Mailမှတဆင့် sent photoဆိုသည့်notiကြောင့် လက်ချောင်းလေးများသည် ထိုနေရာသို့နှိပ်မိလိုက်သည်။
ဖုန်းစခရင်ထက်တွင်မြင်လိုက်ရသောပုံတစ်ချို့ဟာ ဂျီမင်းအားအမှောင်ကျသွားစေခဲ့သည်။ လက်ဖျားများတုန်ယင်လာကာ အသက်ရှုရန်ပင် အကူအညီလိုလာခဲ့၏။
မေပယ်လ်ပင်အောက်တွင် ထိုင်နေသောလူနှစ်ယောက်အနက် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသောလူသားသည် သူ၏အမျိုးသားဖြစ်နေလေသည်။ တဖက်အမျိုးသမီးမှာ ကျောခိုင်းထားသော်လည်း ဂျီမင်း၏ရင်ထဲတွင်ခေါင်းတွင်ချည်ထားသောဖဲကြိုးပန်းရောင်ဟာ သံမှိုစွဲသွားလေပြီ။
