Unicode version,
*ဟျောင်း ကျွန်တော်လာတယ်*
အခန်းတံခါးဝလေးမှတဆင့်ခေါင်းလေးစောင်းကာ လက်နှစ်ဖက်တွင်လည်းအထုတ်တွေအပြည့်ဖြင့် ဆော့ဂျင်အားရယ်ပြလျက် ဝင်ခွင့်တောင်းနေသော ဂျီမင်းကြောင့် ဆော့ဂျင်မှာ ဖန်ပြွန်ပုလင်းလေးနှစ်ခုအားစားပွဲပေါ်တွင်ချထားကာ ဂျီမင်းလက်ထဲမှအထုတ်လေးအားသွားယူ၍ ဝင်လာခိုင်းရ၏။
*ဘာတွေဝယ်လာတာလဲ ကလေးအဖေ*
*အများကြီးမဟုတ်ပါဘူး ဟျောင်းအတွက်လက်ဆောင်လေးရယ် ကလေးလေးအတွက် ပစ္စည်းအချို့ရယ်ပါ*
*ဘာလုပ်ဖို့ဝယ်လာတာလဲ ကလေးအတွက်ပဲဝယ်စမ်းပါ*
*ဟျောင်းကိုလက်ဆောင်ပေးချင်လို့ပါ ဒါလေးက ဟျောင်းနဲ့လည်းလိုက်မယ်ထင်လို့*
CHANELအိတ်အဖြူလေးထဲမှထုတ်လိုက်သော စိမ်းပြာရောင်ပုဝါလေးတစ်ထည်အားဟျောင်းထံသို့ပေးကာ ကလေးတစ်ယောက်သဖွယ်ပြုံးပြနေသောကလေးအဖေဟာဒီနေ့တော်တော်လေးစိတ်ကြည်လင်နေသယောင်။
*ကြိုက်လားဟျောင်း*
*ကြိုက်ပါတယ်ဗျာ....ကောင်းကောင်းဝတ်ပါ့မယ်..ဒါနဲ့ ကလေးအတွက်ကဘာတွေဝယ်လာတာလဲ*
*အော်.....ဖိနပ်လေးပါ အသည်းယားလွန်းလို့ဝယ်လာတာ*
ထို့နောက် အိတ်လေးထဲမှထွက်လာသောအဖြူရောင်ဖိနပ်သေးသေးလေးကြောင့်ဆော့ဂျင်သည်လည်း အူယားကာရယ်မိတော့သည်။ ဖိနပ်ထိပ်လေးတွင် ယုန်နားရွက်လေးဖြင့် ပန်းရောင်နှင့်အဖြူရောင် ရောစပ်ထားသော လက်တစ်ဖဝါးစာသာရှိသည့်အရွယ်အစားလေးဟာ ဂျီမင်းဗိုက်ထဲတွင် အပြည့်အဝအနားယူနေသော ကလေးလေးရဲ့အပိုင်တဲ့လေ။ ကလေးအဖေလေးဟာလည်းရွေးတတ်ပါပေသည်။
*ဂျေရောသိပြီးပြီလား ကလေးအကြောင်း*
*မပြောရသေးဘူးဟျောင်း*
*ပြောပြထားလိုက်တော့လေ အဲ့ဒါမှသူလည်း အနေအထိုင်ဆင်ခြင်လာမှာ....*
*သူ့အသက်အရွယ်နဲ့ဆိုရင် တအားငယ်လွန်းနေတော့ ကလေးအဖေဆိုတာမျိုးကိုလက်မခံနိုင်မှာကြောက်လို့*