Bond (5)

1.5K 138 32
                                    

Unicode version,

လေးပင်သောခြေလှမ်းများဖြင့် ဂျေသည် စံရိပ်အိမ်သို့ပြန်လာချိန် တစ်အိမ်လုံးသည်
တိတ်ဆိတ်ငြိမ်သက်နေကာ အလုပ်သမားများသည်လည်း ကိုယ်စီအသီးသီးလုပ်စရာရှိသည်
များကို လုပ်နေကြသောကြောင့် အထွေအထူးပြောမနေတော့ပါပဲ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။

အိမ်ကြီးသည် သခင်မရှိသောကြောင့် အသက်မဲ့နေသလို ပျင်းရိဖို့ကောင်းကာ
အထီးကျန်မှုသည်လည်းအနောက်မှကပ်ပါလာသောကြောင့် ဂျေဒီနေ့ထမင်းစားဖို့တောင်
စိတ်မပါသည်မှာအမှန်ပင်။

ထို့နောက် ကုတင်အပေါ်သို့ ကျောပိုးအိတ်လေးအား ပစ်တင်လိုက်ကာ တီရှပ်အင်္ကျီကြယ်သီးအား
ရင်ညွှန့်အထိဖြုတ်ချလိုက်၍ ကုတင်ဘေးရှိအံဆွဲလေးထဲတွင်ထည့်ထားသော လက်ဆောင်ဘူး
အပြာလေးအားထုတ်ကာ ကြည့်၍ ဂျေပေါ့ပျက်ပျက်ရယ်ချမိလိုက်သည်။

ဒါဟာမွေးနေ့လက်ဆောင်တဲ့လား.
သူလိုချင်နေတာ မွေးနေ့လက်ဆောင်မဟုတ်ဘူးဆိုတာ
ထိုလူသားဟာ ဘယ်တော့မှသိလာမှာမဟုတ်ပေ။
နှုတ်ကနေ မွေးနေ့မှာပျော်ရွှင်ပါစေလို့ တစ်ခွန်းပြောရုံနဲ့တင်
ဂျေအတွက် လုံလောက်နေခဲ့ပါပြီ။

သို့သော်လည်း မွေးနေ့ရောက်တိုင်း သူ့အား
မွေးနေ့လက်ဆောင်နှင့်အတူ ရေညှိဟင်းချိုတစ်ခွက်နှင့်အတူ
ထားခဲ့ကာ အေးတိအေးစက်လုပ်ချပစ်ခဲ့သည်မှာ
ဒီနှစ်နဲ့ဆို နှစ်ကြိမ်မြောက်ပင်။

သိတတ်စအရွယ်ထဲက မိဘဆိုသည့်အရိပ်နှင့်
ကင်းကွာခဲ့ရ၍ အဒေါ်နှင့်အတူနေခဲ့ပါသော်လည်း
လိုချင်သောမေတ္တာကိုအလုံအလောက်မရခဲ့သောကြောင့်
သူ့ဘဝအား သူကိုယ်တိုင်လွတ်လပ်စွာ ဆေးခြယ်ပစ်ခဲ့ပါသော်လည်း
သူ့စုတ်တံများအား ရိုက်ချိုးပစ်ကာ အနားတွင်ပိတ်လှောင်ထားသော
ထိုလူသားထံမှ နူးညံ့မှုသေးသေးလေးကိုတော့
တိတ်တဆိတ်မျှော်နေမိတတ်သည်မှာ
ကလေးငယ်တစ်ယောက် လမင်းကြီးဆီမှာ ထမင်းဆီစမ်း
လှမ်းတောင်းနေသလိုပင်။

ထို့နောက် လက်ဆောင်ဘူးလေးအား ဖွင့်တောင်မကြည့်တော့ပါပဲ
ဗီဒိုအောက်ဆုံးတွင်ရှိသော အံဆွဲအသေးလေး၌ ထည့်ထားကာ
ဂျေသည် စိတ်ပျက်စွာသက်ပြင်းချ၍ ရေချိုးခန်းထဲသို့ဝင်လာခဲ့လိုက်သည်။

A bond of loveWhere stories live. Discover now