Unicode version,
*ယနေ့ နေ့လည် တစ်နာရီခန့်တွင် ဒယ်ယောင်း ကုမ္ပဏီ၏ တစ်ဦးတည်းသော သားဖြစ်သည့်
ဆိုယောင်းဟာ သည်အပြည်ပြည်ဆိုင်ရာ အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ပါသည်။**အခု ကျွန်မတို့ သတင်းchannelမှ ဆိုယောင်းဟာ အားအနည်းငယ် အင်တာဗျူးမှာဖြစ်ပါတယ်*
*ဟုတ်ကဲ့ ဆိုယောင်းဟာရှင့် ဒီနေ့အတွက် ခံစားချက်ကို အရင်ဆုံး ပရိတ်သတ်ကို ပြောပြပေးပါဦးရှင့်*
*အာ..ဟုတ်ကဲ့ ကျွန်တော် ငါးနှစ်တိတိ ထောင်ထဲမှာနေခဲ့တဲ့တစ်လျှောက်လုံး ကိုယ့်ကိုကိုယ်အမြဲပြန်သုံးသပ်နေခဲ့ပါတယ်။
*ဟုတ်ကဲ့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဆိုယောင်းဟာက လုပ်ငန်းအကျင့်ပျက်ခြစားမှုနဲ့
အစိုးရအခွန်ရှောင်မှုစတဲ့အပြစ်တွေနဲ့ အကျဉ်းကျခဲ့တာဆိုတော့ အခုကစပြီး ဒါတွေကိုပြန်ပြုပြင်သွားမယ်လို့
ပြောတာလားရှင့်**အဟမ်း!!!ဒါပေါ့ဗျာ*
တောင်ကိုရီးယားနိုင်ငံ၏ သတင်းထောက်များသည် သတင်းမေးရာတွင် အကွက်ကျကျဖြင့် ဖြေရန်ခက်လှသော မေးခွန်း
များကိုသာ မေးသောကြောင့် ယခုတွင်လည်း သတင်းထောက်မလေး၏ မေးခွန်းကြောင့် ကာယကံရှင်မှာ အနည်း၍ငယ်မျက်နှာပျက်သွားကာ အင်တင်တင်ပြန်ဖြေနေပုံကိုကြည့်၍ ဂျီမင်းတီဗွီဖန်သားပြင်အားကြည့်၍
ခနဲ့သောအပြုံးမျိုးဖန်တီးကာ နှုတ်မှလည်း *အလိမ်အညာတွေက စလာပြီ* ဟုပြောကာ တီဗွီအားပိတ်လိုက်ချိန်
ရုံးခန်းတံခါးအား ခေါက်ကာ အထဲဝင်ရန်ခွင့်တောင်းနေသော အတွင်းရေးမှုးမလေးကြောင့် အာရုံတွေဟာ ပိုပြီးနောက်ကျိသွားရ၏။*CEOရှင့် အပြင်ဘက်မှာ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်*
*ကြိုချိန်းထားတဲ့သူလား*
*မဟုတ်ပါဘူးရှင့်*
*ပြန်လွှတ်လိုက် ငါဘယ်တုန်းက ကြိုမချိန်းထားတဲ့သူတွေကို ဝင်ခွင့်ပေးလို့လည်း*
*အဲ့လိုမဟုတ်ပါဘူး ဟို.*
ခေါင်းလေးငုံ့ကာ တစ်ခုခုပြောရန်ခက်နေသော အတွင်းရေးမှုးမလေးကြောင့် ဂျီမင်းမျက်ခုံးနှစ်ဖက်ဟာ
အနည်းငယ်တွန့်ချိုးသွားချိန် ရုံးခန်းထဲသို့ ဖိနပ်သံကျယ်ကျယ်ဖြင့် တမင်အသံထွက်အောင်လျှောက်ကာ ဝင်လာသောလူသား၏ မျက်နှာအားမြင်လိုက်ရချိန် ဂျီမင်း၏ မျက်နှာထားဟာ ပို၍ပင်တင်းမာသွားရ၏။
