Unicode Version,
*ကိုယ်ဒီနေ့ ဆယ်ယောရွာကိုသွားကြည့်မယ် ကားကိုပြင်ပေးထားနော် ရုံးကိုခနဝင်ပြီးတာနဲ့ တန်းသွားမှာမို့လို့*
မနက်ခုနစ်နာရီဝန်းကျင်လောက်သာရှိသေးသောအချိန်၌ ဂျီမင်းမှာဒီနေ့လုပ်ရမဲ့အချိန်ဇယားတွေအား PAနှင့်အတူဖုန်းဖြင့် ညှိနေခိုက် တံခါးခေါက်ခြင်းမရှိပါပဲ အခန်းထဲဝင်လာသော ပေစုတ်စုတ်ကောင်လေးကြောင့် ဖုန်းပြောနေရင်းနှင့်ပင် မသိမသာပြုံးမိလိုက်၏။
အခုမှအိပ်ယာထလာသည့်ဟန်ဖြင့် တစ်ခေါင်းလုံးလည်း ငှက်သိုက်ဖြစ်နေကာ အဖြူရောင်လက်တိုတီရှပ်အား အစင်းသုံးကြောင်းအားကစားဘောင်းဘီအရှည်နှင့်တွဲဝတ်လျက် သူ့အနားသို့ရောက်လာလေသည်။
*သွားတော့မှာလား*
ဂျီမင်းမှာ တဖက်ဖုန်းကိုလည်း စကားပြောမပြတ်သေးသောကြောင့် ခေါင်းညိမ့်ပြလိုက်ချိန် ထိုအမျိုးသားလေးဟာ သူ့ဗီဒိုအရှေ့သို့သွားကာ တစ်ခုခုကိုသွားရှာနေလေသည်။ ဂျီမင်းသည်လည်းသတိလက်လွတ်ဖြင့် ဖုန်းပြောနေခိုက် ဗီဒိုထဲမှ ဖိနပ်ဘူးလေးအား ထုတ်လာသောလူသားကြောင့် ဖုန်းကိုအမြန်ချကာ ဂျေ့အနားသို့လျှောက်သွားမိလိုက်၏။
*ဂျေ*
*ဒါကလေးဖိနပ်မလား*
*အင်း*
*ခင်ဗျားကဘာလို့သိမ်းထားတာလဲ*
*ဟို...ငါ...ငါ ချစ်လို့ ဖိနပ်သေးသေးလေးကို*
ဂျီမင်၏စကားကြောင့် ဂျေဟာ အသံအနည်းငယ်ထွက်သည်အထိ ရယ်မိတော့သည်။
*ဘာရယ်တာလဲ*
*သူစီးလို့ရတာလဲမဟုတ်ပဲနဲ့ကို*
*ဘာဖြစ်လဲ*
*ဘာမှမဖြစ်ဘူး....အသဲယားအောင်လာမလုပ်နဲ့ ကိုက်စားလို့သာရရင် ခင်ဗျားမလွယ်ဘူး*
မျက်ဝန်းလေးတစ်စုံဟာ ဝိုင်းစက်သွားကာ ဂျေ့အားငေးကြည့်နေသောလူသား၏ လည်တိုင်လေး၌ ဗီဒိုလေးထဲမှဆွဲထုတ်လာသော ကုတ်အင်္ကျီလေးအား အပေါ်မှ ထပ်ကာဝတ်ပေးတော့ ဖရိုဖရဲလေးဟာ "ဘာလုပ်တာလဲ"ဟု အထွန့်လေးတက်လာလေသည်။