Bond(11)

736 99 36
                                    

Unicode version,

ဆူညံပွက်လောရိုက်နေသော စာသင်ခန်းထက်ဝယ် အရှေ့ကဆရာမစာသင်နေပါသော်လည်း ကျောင်းသားများဟာ စိတ်ဝင်စားမှုတစ်စက်လေးမှရှိမနေခဲ့။

ထိုကျောင်းသားများထဲတွင်ဂျေသည်ထိပ်ဆုံးကပင်။ အရှေ့တွင်ရှိသောဆရာမသည် အတွေ့အကြုံနုသေးသည့်အပြင် ကျောင်းသားများအပေါ် သိပ်ပြီးပြောရဲဆိုရဲရှိမနေသောကြောင့် ဂျေဟာ ထိုဆရာမအားကြည့်၍ စိတ်ပျက်သလိုသက်ပြင်းတစ်ချက်ချမိလိုက်၏။

ထိုချိန်.....

*ဆရာမ ယူဂျီနာ ခနလောက်ထွက်ခဲ့ပါဦး ကျောင်းအုပ်ကြီးကတွေ့ချင်နေလို့တဲ့*

ဟု အခန်းအပြင်မှလာခေါ်သော ကျောင်းအုပ်ကြီး၏ အတွင်းရေးမှုးကြောင့် ထိုအမျိုးသမီးလေးမှာမျက်လုံးလေးဝိုင်းသွားကာ ချိတုံချတုံဖြင့် အနောက်မှလိုက်သွားလေသည်။

ဆရာမမရှိတော့သည်နှင့်အတန်းတစ်ခုလုံးဟာ ပို၍ပင်ဝုန်းဒိုင်းကြဲလာသောကြောင့် ဂျေသည်ဆက်နေချင်စိတ်မရှိတော့၍ လွယ်အိတ်လေးအား ကောက်လွယ်ကာ ထွက်လာခဲ့လိုက်သည်။

ဂျေထွက်လာတော့ဟိုဆော့သည်လည်း ဖုန်း​ဖြင့်ဂိမ်းဆော့လျက် အနောက်မှလိုက်လာလေသည်။

*ဒီနေ့လည်းအတန်းပြေးမလို့လားဘရားသား*

*အေး....Engဆရာမက ဘယ်လိုမှန်းကိုမသိဘူး အူတူတူအတတနဲ့*

*သူ့ကြည့်ရတာ ကျောင်းသားတွေကိုပြန်ကြောက်နေသလိုပါပဲ*

*ဟက်*

ဟိုဆော့စကားကြောင့်ဂျေသည် နှုတ်ခမ်းလေးကွေးတက်သွားသည်အထိ ခပ်ရွဲ့ရွဲ့ပြုံးလိုက်ကာ စီးကရက်တစ်လိပ်အားအိတ်ထဲမှထုတ်၍ မီးညှိလိုက်၏။

*အကိုဂျီမင်းနဲ့ရောအခြေအနေဘယ်လိုလဲ*

*ဘယ်လိုရှိရမှာလဲ သူနဲ့ငါက တိုးတက်စရာအခြေအနေရောရှိလို့လား*

*မင်းတို့ကလည်းကွာ.....*

*ငါသူ့ကိုနားမလည်နိုင်ဘူး....မနေ့ကလည်းငါ့အင်္ကျီမှာရေမွှေးအနံ့ရလို့ဆိုပြီး ကတ်ကြေးနဲ့ဆွဲညှပ်သွားတယ်*

*အဲ့ဒါနဲ့ပဲ ရန်ထဖြစ်ရောလား*

*နည်းနည်းပါ*

A bond of loveWhere stories live. Discover now