Bond(3)

1.1K 164 44
                                    

Unicode version,

*သူနဲ့ရောအဆင်ပြေရဲ့လား ဂျီမင်း*

*အလုပ်အကြောင်းပဲပြောကြရအောင် ဟျောင်းရာ*

ဂျီမင်းသည်သိပ်ကိုပြတ်သားလွန်းသည်။ အခုလည်းကြည့် ခံစားချက်များပုံဖော်ရန်ခက်သော မျက်နှာထားဖြင့် စာရွက်စာတမ်းများအားကြည့်ကာ ယွန်းဂီအားပြန်ပြောလာသောစကားကြောင့် ဆက်မေး၍ပင်မရတော့။

မနက်ရုံးကိုရောက်ထဲက အနည်းငယ်စိတ်မကြည်ဖြစ်နေသော မာနမင်းသားကြောင့် မနေနိုင်သူမှာမေးကြည့်ပြန်တော့လည်း အမေးမခံသလို အသိလည်းမခံခဲ့။ ဂျီမင်းသည် ရယ်တာပြုံးတာလည်းရှားသလို စကားပြောလျှင်လည်း တစ်ပါးသူနားဝင်ချိုအောင်ပင်မပြောတတ်သောကြောင့် တစ်ခါတစ်လေ အနီးကပ်ရှိနေသည့် သူတို့ကိုယ်တိုင်ကတောင် နားလည်ဖို့ခက်လှသည်။

ဒါဟာလည်း ထိုကောင်လေးငယ်ငယ်ထဲက အကျင့်တစ်ခုလိုဖြစ်နေလေတော့ အပြစ်သွားပြောလို့မရ။
ဂျီမင်းသည် ပျော်နေလည်း မျက်နှာထားဟာ တင်းနေဆဲ တင်းနေမြဲ ဘယ်တော့မှ ခံစားချက်တို့ကိုထုတ်မပြ။
သို့သော်လည်း ထိုမျက်နှာထားဟာ သိပ်ကိုလှသည်။ သိပ်ကိုအချိုးကျသည်။ သိပ်ကိုကြည့်လို့ကောင်းသည်။
ဂျီမင်းသည် သာမန်လိုနေရင်တောင် အရှိန်အဝါအပြည့်ရှိနေတတ်သည်မှာ အားသာချက်တစ်ခုပင်။

*ဒီစီမံကိန်းကို ဘယ်လောက်အချိန်သတ်မှတ်ထားလဲ ဟျောင်း*

*တစ်နှစ်....*

*အင်း အဲ့ရွာနားက လယ်ကွက်တွေကို စလစ်တွေပေးပြီး ရအောင်ဝယ်ရမယ်*

*ဟျောင်း စီမံဌာနကိုပြောထားတယ်*

*သေချာလေးလုပ်ခိုင်းနော်...ကျွန်တော်အဲ့မှာ resortဆောက်ရမှဖြစ်မှာ*

*အေးပါဟ*

*ဒါဆို ဟျောင်းနေ့လည်စာသွားစားရင်စားတော့လေ ကျွန်တော် ဒါတွေဆက်လုပ်လိုက်မယ်*

*ရတယ်အတူလုပ်ပေးမယ်*

*ဟျောင်းရဲ့ဆိုင်က ဒီအတိုင်းထားခဲ့လို့ရလို့လား*

*ဆိုင်ကိုတောင်မေ့နေတာ ပတ်ခ်ဂျီမင်းအနားနေပြီး ကိုယ့်ကိုကိုယ် Barဆိုင်ပိုင်ရှင်ဆိုတာမေ့နေပြီ ဟားဟားဟား*

A bond of loveWhere stories live. Discover now